အတွင်းတိမ်ခွဲပြီးပြန်မှုန်ရခြင်း အကြောင်း
Blog Post

အတွင်းတိမ်ခွဲပြီးပြန်မှုန်ရခြင်း အကြောင်း

Published on 22nd August, 2022

👱‍♀️မှန်ဘီလူးအိတ်ခွံထူခြင်း (Posterior capsule opacification) ဆိုတာဘာလဲ?
👩‍⚕️အတွင်းတိမ်ခွဲပြီးနောက် မှန်ဘီလူးအိတ်ခွံထူခြင်းသည် အဖြစ်အများဆုံး နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်ပါတယ်။
ဒုတိယ အတွင်းတိမ်ဟုတောင် တချို့ကခေါ်ဆိုကြပါတယ်။
တစ်ဦးနှင့်တစ်ဦးမတူကြသော်လည်း အတွင်းတိမ်ခွဲစိတ်ထားသူ ၂% မှ ၂၀% ကတော့ ၂ နှစ် မှ ၅ နှစ်အတွင်း မှန်ဘီလူးအိတ်ခွံထူခြင်းလက္ခဏာ အဖြစ်များလေ့ရှိပါတယ်။

👱‍♀️ဘာကြောင့်ဖြစ်လဲ?
👩‍⚕️အတွင်းတိမ်ခွဲစိတ်သည့်အခါ မှန်ဘီလူးကို တိမ်အိတ်ထဲသို့နေရာချထားခဲ့ရပါတယ်။
ခွဲပြီးစတွင် အမြင်ကြည်လင်နေခဲ့သော်လည်း မှန်ဘီလူးနောက်ရှိ
ထိုအိတ်ခွံသည် ၂ နှစ်ခန့်ကြာသောအခါ အနာရွတ်အသားတက်လာပြီး တိမ်ကဲ့သို့ပင် အမြင်ကို ပြန်လည်မှုန်ဝါးလာစေပါတယ်။
ထိုအခါ တိမ်ပြန်ဖြစ်သည်ဟု ထင်ယောင်တတ်ကြပါတယ်။
အတွင်းတိမ်သည် ခွဲစိတ်ပြီးပါက နောက်တစ်ကြိမ်ပြန်မဖြစ်တတ်ပါ။

👱‍♀️ဘယ်လိုကုသရမလဲ ?
👩‍⚕️အနာဖေးထူလာသောအိတ်ခွံကို လေဆာဖြင့် အလွယ်တကူပင် ပစ်၍ အပေါက်ငယ်ဖောက်လိုက်ပါက
ကွယ်နေသော အမြင်အား ချက်ချင်းပင်ပြန်လည်ကြည်လင်လာပါသည်။
လေဆာဖောက်ခြင်းသည် ပြင်ပလူနာဌာန၌ပင် မနာမကျင်ပဲ ၅ မိနစ်ခန့်သာကြာသော ကုသမှုတစ်ခုဖြစ်သည်။

👱‍♀️အန္တရာယ်ရှိပါသလား၊ကုသသင့်ပါသလား ?
👩‍⚕️ကျွမ်းကျင်သော သမားတော်များ၊ခေတ်မှီစက်များနှင့် ကုသပါက အန္တရာယ်ထက်
အကျိုးပိုများသော ကုသမှုဖြစ်ပါသဖြင့် အမြန်ဆုံးကုသသင့်ပါတယ်

👱‍♀️ကုသပြီးရင် ပြန်ဖြစ်နိုင်ပါသေးလား ?
👩‍⚕️မှန်ဘီလူးအိတ်ခွံထူခြင်းသည် လေဆာပစ်ပြီးပါက နောက်တစ်ကြိမ်လုံးဝပြန်မဖြစ်နိုင်တော့ပါ။

👱‍♀️ဘယ်လိုကာကွယ်ရမလဲ ?
👩‍⚕️စက်ဖြင့်ခွဲစိတ်ပြီး PCO ဖြစ်နှုန်းနည်းသော မှန်ဘီလူးကိုရွေးချယ် ခွဲစိတ်ခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည်ဟု ဆိုသည့်အတိုင်း
လူကြီးမင်းတို့ရဲ့ အဖိုးထိုက်တန်လှသော အမြင်အာရုံနှင့် ပတ်သက်သော ဝေဒနာအမျိုးမျိုးအတွက်
ISEC မျက်စိအထူးကုဆေးရုံကြီးမှာ လာရောက်ဆွေးနွေးကုသလိုက်ပါ။

🗨️ မျက်စိနဲ့ပတ်သတ်ပီး လူကြီးမင်းများ သိရှိလိုသည့် အသေးစိတ်အချက်အလက်များကို ISEC Eye Centre Myanmarရဲ့ Messenger m.me/ISECEyeCentreMyanmar မှ (24/7)ဆက်သွယ်စုံစမ်းခြင်းဖြင့်လည်းကောင်း ၊ ဖုန်း +95 9 448282821~2 သို့လည်းကောင်း ဆက်သွယ်စုံစမ်းလိုရပါတယ်နော်။

👩🏻‍⚕️ Our eye specialists are ready for you!!!

🏥 ISEC Eye Centre MyanmarA5, MinYeKyawSwar Street, MinYeKyawSwar Business Building,
Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.

☎️ Tel:+95 1 386 800, 📞+95 9 448282821
📧 [email protected]
🌐 www.isecmyanmar.com.mm

Share On

Warning: Array to string conversion in /www/wwwroot/isecmyanmar.com.mm/wp-content/themes/isecmyanmar/functions.php on line 415
Array

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821