မျက်စိစွန်ရခြင်း အကြောင်း
Blog Post

မျက်စိစွန်ရခြင်း အကြောင်း

Published on 5th October, 2022

မျက်စိစွန်ခြင်းဆိုသည်မှာ မျက်ခွံစပ်နားရှိ အဆီအိတ်များ အပေါက်ပိတ်ကာ အနာဖုဖြစ်လာခြင်းပဲ ဖြစ်ပါတယ်။
အပေါ်/အောက် မျက်ခွံ၂ဖက်စလုံးတွင် မျက်စိစွန်ခြင်း ဖြစ်နိုင်ပါတယ်။

မျက်စိစွန်လျှင်
✅ မျက်ခွံပေါ်တွင် အဖုဖြစ်ခြင်း
✅ နာခြင်း‌
✅ ခိုးလိုးခုလုဖြစ်ခြင်း
✅ မျက်ရည်ကျခြင်း အစရှိသည်တို့ကို ခံစားရနိုင်ပါတယ်။

မျက်စိစွန်ခြင်းသည် အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။
မျက်စိစွန်ပါက
✅ မျက်ခွံပေါ်သို့ ရေနွေးဖတ်ကပ်ခြင်း (warm compress)
✅ မျက်ခွံပေါ်သို့ နှိပ်နယ်ပေးခြင်း (eyelid message)တို့ကို ပြုလုပ်ပေးနိုင်ပါတယ်။

မျက်စိစွန်သောအဖုသည် နာကျင်ခြင်းကို ခံစားရပါက မျက်စိဆရာဝန်နှင့် ပြသတိုင်ပင်ရမှာဖြစ်ပါတယ်။ လိုအပ်ပါက မျက်စိစွန်အဖုကို ခြစ်ထုတ်ပစ်လိုက်ရပါမယ်။ မျက်စိစွန်ခြင်းမဖြစ်စေရန်
မျက်ခွံသန့်ရှင်းရေးကို သေချာပြုလုပ်ပေးရပါမယ်။ eyeliner, mascara များကို eye makeup remover ဖြင့်သုံး၍ သန့်ရှင်းပေးရပါမှာပဲဖြစ်ပါတယ်။ မျက်ခွံနှိပ်နယ်ခြင်းများကိုလဲ ပြုလုပ်ပေးနိုင်ပါတယ်။ မိမိ၏ မျက်စိအခြေအနေသည် ပုံမှန်မဟုတ်ဘဲ တခုခုခံစားရပါက မျက်စိဆရာဝန်နှင့် အမြန်ဆုံးပြသဆွေးနွေးခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ သင်၏ အဖိုးထိုက်တန်လှသော အမြင်အာရုံနှင့် ပတ်သက်သော ဝေဒနာအမျိုးမျိုးအတွက် ISEC မျက်စိအထူးကုဆေးရုံကြီးမှာ လာရောက်ဆွေးနွေးကုသလိုက်ပါနော်

🗨️ မျက်စိနဲ့ပတ်သတ်ပီး လူကြီးမင်းများ သိရှိလိုသည့် အသေးစိတ်အချက်အလက်များကို ISEC Eye Centre Myanmarရဲ့ Messenger m.me/ISECEyeCentreMyanmar မှ (24/7)ဆက်သွယ်စုံစမ်းခြင်းဖြင့်လည်းကောင်း ၊ ဖုန်း +95 9 448282821~2 သို့လည်းကောင်း ဆက်သွယ်စုံစမ်းလိုရပါတယ်နော်။

👩🏻‍⚕️ Our eye specialists are ready for you!!!

🏥 ISEC Eye Centre MyanmarA5, MinYeKyawSwar Street, MinYeKyawSwar Business Building,
Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.

☎️ Tel:+95 1 386 800, 📞+95 9 448282821
📧 [email protected]

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821