
မျက်စိအတွင်းတိမ်ကို ဘယ်အချိန်မှာခွဲစိတ်သင့်သလဲ ?
Published on 2nd January, 2023
မျက်စိအတွင်းတိမ်ကို ဘယ်အချိန်မှာခွဲစိတ်သင့်သလဲ ?
အတွင်းတိမ်ကြောင့် အမြင်အားကျဆင်းလာပြီး မိမိ၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရ အဆင်မပြေတော့သည့်အခါတွင် အတွင်းတိမ်ကို ခွဲစိတ်သင့်ပါသည်။
သို့သော်လဲ အတွင်းတိမ်အလွန်ရင့်သွားပါက စက်ဖြင့်ခွဲမရနိုင်သည့်အတွက် မျက်စိဆရာဝန်နှင့် ပုံမှန်စစ်ဆေးသင့်ပီး အချိန်မနှောင်းခင် ခွဲစိတ်သင့်ပါသည်။
အတွင်းတိမ်ကို ထုံဆေးနဲ့ခွဲလား မေ့ဆေးနဲ့ခွဲလား?
၉၉% က ထုံဆေးနဲ့ခွဲပါတယ်၊ ကလေးနှင့်အခြားပြဿနာတစ်ခုခုရှိမှသာ မေ့ဆေးကို အသုံးပြုရပါတယ်။
အတွင်းတိမ်ခွဲရင်နာလား?
လုံးဝမနာအောင် ထုံဆေးပေးပါတယ်။
ခွဲပြီးဘယ်နှရက် အလုပ်နားရမလဲ?
၃ ရက်မှ ၂ ပတ်ထိ လိုအပ်သလိုဆရာဝန်ညွှန်ကြားပါတယ်။
ခွဲပြီး ခရီးထွက်လို့ရလား?
ခရီးထွက်လို့ရပါတယ်။
အတွင်းတိမ်ကို စောခွဲရင်ဘာဖြစ်လဲ နောက်ကျမှခွဲရင်ဘာဖြစ်လဲ?
စောခွဲရင် ဘာမှ မဖြစ်ပါဘူး နောက်ကျခွဲရင်တော့ မျက်ကြည်လွှာရောင်ခြင်းနဲ့ အိတ်ခွံပေါက်ခြင်းဖြစ်နိုင်သည့်အပြင် စက်နဲ့ခွဲစိတ်၍မရနိုင်တော့ပါ။
ရေတိမ်ရှိရင် ခွဲလို့ရလား?
ရေတိမ်ရှိသူများလည်း အတွင်းတိမ်ခွဲစိတ်နိုင်ပါတယ်။
ဆီးချိုသွေးချိုရှိရင်ခွဲလို့ရလား?
ဆီးချိုသွေးချိုရှိလည်း ဆေးနဲ့ထိန်းပြီးအတွင်းတိမ်ကိုခွဲစိတ်နိုင်ပါတယ်။
အသေးစိတ်သိရှိလိုပါက
ISEC နိုင်ငံတကာမျက်စိဆေးရုံ
A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon,Myanmar.
Tel:+95 1 386 800,
+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133