
ကလေးငယ်များနှင့် မျက်စိကျန်းမာရေး
Published on 10th August, 2023
ယနေ့ခေတ်တွင်ကလေးငယ်များ၏ကျန်းမာရေးစောင့်ရှောက်မှုကို မိဘအများစုက ဂရုစိုက်လာကြပေမယ့် မျက်စိကျန်းမာရေးစောင့်ရှောက်မှုကိုတော့ မေ့နေတတ်ကြပါတယ်။
ကလေးငယ်များကအမြင်အာရုံပြောင်းလဲမှုများအပေါ်သတိမပြုနိုင်သောကြောင့်အမြင်အာရုံအားနည်းလာတာကိုသတိထားမိဖို့ ခဲယဉ်းတတ်ပါတယ်။
ထို့အပြင် ကလေးငယ်များသည် သင်ယူလေ့လာမှုများကို မျက်လုံးကနေတစ်ဆင့် သင်ယူရသည့်အတွက်အမြင်အာရုံ အားနည်းလာသည်နှင့်အမျှသင်ယူလေ့လာနိုင်စွမ်းကျဆင်းလာတတ်ကြပါတယ်။
ဒါကြောင့်မို့ မိမိကလေးရဲ့ အသက်အရွယ် အပိုင်းခြားအလိုက် မျက်စိဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ပုံမှန်စစ်ဆေးမှုများကို အောက်ပါအတိုင်းပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။
ပုံမှန်စစ်ဆေးမှုများအနေနဲ့ ~ ကလေးငယ်အား မွေးပြီး ၆ လအတွင်း ပထမဆုံးအကြိမ်၊
ကလေးမျက်စိဆရာဝန်မှ အထူးတလည် ညွှန်ကြားထားခြင်းမရှိပါက ကလေး ၃နှစ် အရွယ်တွင် ဒုတိယအကြိမ်၊
ကျောင်းစတက်ချိန် ၅ နှစ် – ၆ နှစ် အရွယ်တွင် တတိယအကြိမ်၊
၁၈ နှစ် မပြည့်ခင်အထိ (၂) နှစ် တစ်ကြိမ် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။
မြင်အာရုံပြဿနာနှင့်ဆိုင်သောလက္ခဏာများဖြစ်တဲ့ ~မျက်လုံးနီရဲခြင်း၊မျက်ရည်ပူကျခြင်း ၊ မျက်ဝတ်ထွက်ခြင်း ၊ မျက်လုံး မကြာခဏပွတ်ခြင်း၊
မျက်တောင်မကြာခဏခတ်ခြင်း၊ အလင်းရောင်ဒဏ်မခံနိုင်ခြင်း၊ မကြာခဏ ခေါင်းကိုက်ခြင်း၊
မျက်လုံးအောင့်ခြင်း၊ မျက်မှောင်ကျုံ့ကြည့်ခြင်း၊ အာရုံစူးစိုက်ကြည့်ချိန်များတွင်မျက်လုံးနှစ်ဖက်မညီခြင်း စသည့် လက္ခဏာများကိုတွေ့ရပါကမျက်စိဆရာဝန်နှင့်ချက်ချင်းပြသပေးသင့်ပါတယ်။
မိမိ၏ မျက်စိအခြေအနေသည် ပုံမှန်မဟုတ်ဘဲ တခုခုခံစားရပါက မျက်စိဆရာဝန်နှင့် အမြန်ဆုံးပြသဆွေးနွေးခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ သင်၏ အဖိုးထိုက်တန်လှသော အမြင်အာရုံနှင့် ပတ်သက်သော ဝေဒနာအမျိုးမျိုးအတွက် ISEC မျက်စိအထူးကုဆေးရုံကြီးမှာ လာရောက်ဆွေးနွေးကုသလိုက်ပါနော်
𝐈𝐒𝐄𝐂 နိုင်ငံတကာမျက်စိဆေးရုံ
A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်၊ မြန်မာ။𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.
Tel:+95 1 386 800,+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
isecmyanmar@gmail.com
www.isecmyanmar.com.mm