
Eyes Care for Children
Published on 20th November, 2023
ကလေးငယ်တွေကို အမြင်အာရုံ မထိခိုက်စေဖို့
ဒီနေ့ခေတ်မှာ ပျက်စီးလာတဲ့ ရာသီဥတုအခြေအနေတွေ၊ လူတွေရဲ့ နေထိုင်မှုပုံစံတွေကြောင့် အသက်အရွယ်မရွေး မျက်စိအမြင်အာရုံ အားနည်းမှုတွေ ဖြစ်လာကြပါတယ်။
အထူးသဖြင့် ကလေးငယ်တွေအနေနဲ့ အရေပြားက နုနယ်တာမို့ သေချာဂရုစိုက်ပြီး ကြိုတင်ကာကွယ်ကြဖို့ ISEC Myanmar မှ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပါ
ပူပြင်းတဲ့နေရောင်ခြည်အောက်ကို သွားတဲ့အခါ ခရမ်းလွန်ရောင်ခြည်တွေက မျက်စိအမြင်အာရုံကို ထိခိုက်စေတတ်ပါတယ်။
ဒါကြောင့် အပြင်ထွက်တဲ့အခါမှာ ဦးထုပ်ဆောင်းတာတွေ၊ ထီးဆောင်းတာတွေ၊ နေကာမျက်မှန်တပ်ဆင်တာတွေလုပ်ပြီး မျက်လုံးကို နေရောင်ခြည်တိုက်ရိုက်မထိဖို့ သတိပြုရှောင်ရှားသင့်ပါတယ်။ ပြင်ပလှုပ်ရှားမှုများ များများလုပ်ပါ
လေ့လာမှုတွေအရ ပြင်ပလှုပ်ရှားမှုတွေပြုလုပ်ခြင်းက အဝေးမှုန်ခြင်းကို နှောင့်နှေးစေတယ်လို့ တွေ့ရှိရပါတယ်။
ကိုယ်လက်လှုပ်ရှားမှုဖြစ်တဲ့ အားကစားလုပ်ခြင်း၊ရေကူးခြင်း၊စက်ဘီးစီးခြင်း၊လမ်းလျှောက်ခြင်း စတဲ့ ပြင်ပလှုပ်ရှားမှုတွေက ခန္ဓာကိုယ် ကာယကြံ့ခိုင်မှုကို တိုးတက်စေပါတယ်။ပြင်ပလှုပ်ရှားမှုတွေလုပ်တဲ့အခါ နေအပူချိန်အမြင့်ဆုံးဖြစ်တဲ့ နေ့ခင်းဘက်တွေမှာ ရှောင်ကြဉ်သတိပြုဖို့တော့ လိုပါတယ်။
ကလေးတွေကို screen သုံးပြီးထိုင်မနေစေဘဲ ငယ်စဉ်ကတည်းက ကျန်းမာရေးလှုပ်ရှားမှုတွေ လုပ်ခိုင်းကြဖို့ ISEC Myanmar မှ အကြံပေးလိုက်ပါတယ်နော်။
အမြင်အာရုံနှင့် ပတ်သက်သောဝေဒနာအမျိုးမျိုးအတွက် ISEC မျက်စိအထူးကုဆေးရုံကြီးမှာ လာရောက်ဆွေးနွေးကုသလိုက်ပါ။
အသေးစိတ်သိရှိလိုပါက… 𝐈𝐒𝐄𝐂 နိုင်ငံတကာမျက်စိဆေးရုံ
A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊
လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫
A5, MinYeKyawSwar Street, MinYeKyawSwar Business Building,
Corner of St.John City Mall, Lanmadaw Township,
Yangon,Myanmar.Tel:+95 1 386 800,+95 9 44 82 82 82 1,
+95 9 44 82 82 82 2, +95 9 45 82 82 133 isecmyanmar@gmail.com