
ISEC နိုင်ငံတကာအဆင့်မှီမျက်စိအထူးကုဆေးရုံကြီးရဲ့ (၅)နှစ်ပြည့်အထိမ်းအမှတ် အထူးပရိုမိုးရှင်း
Published on 29th November, 2024
ISEC နိုင်ငံတကာအဆင့်မှီမျက်စိအထူးကုဆေးရုံကြီးရဲ့ (၅) နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ဒီဇင်ဘာ (၁) ရက် မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ (၁) လတိတိ အထူးပရိုမိုးရှင်းအနေနဲ့ ဈေးနှုန်းသက်သက်သာသာဖြင့် မျက်စိအတွင်းတိမ်ခွဲစိတ်ပေးမယ့်အပြင် ပရိုမိုးရှင်းကာလအတွင်း အတွင်းတိမ်ခွဲစိတ်ကုသမှုခံယူသူများကို 𝐔𝐩 𝐭𝐨 𝟓𝟎𝟎,𝟎𝟎𝟎 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 𝐂𝐨𝐮𝐩𝐨𝐧 များလည်း လက်ဆောင်ပေးအပ်သွားမှာပါ။
အတွင်းတိမ်ရောဂါကို မခွဲစိတ်ဘဲ ကြာမြင့်စွာထားပါက မျက်လုံးအတွင်းရှိ ကြွက်သားတွေအပြင် အာရုံကြောတွေပါ ထိခိုက်လာနိုင်တာမို့ အမြင်ဝါးခြင်း၊ အရောင်ပြောင်းလာခြင်းနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများလုပ်ဆောင်ရခက်ခဲခြင်း စတဲ့ လက္ခဏာတွေကို ခံစားနေရပြီဆိုရင် အတွင်းတိမ်ခွဲစိတ်အထူးကုဆရာဝန်တွေနဲ့ အမြန်ဆုံး စစ်ဆေးသင့်ပါတယ်။
မျက်စိအတွင်းတိမ်ရှိခြင်း၏ လက္ခဏာများမှာ ~
- အမြင်ဝါးလာခြင်း
- အမြင်နှစ်ထပ်ဖြစ်ခြင်း
- နေရောင် (သို့) မီးလုံး၊ မီးချောင်းမှ အလင်းတန်းများ အလွန်စူးခြင်း
- မျက်မှန်ပါဝါမကြာခဏတိုးလာခြင်း
- အမြင်ဝါးခြင်းကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရခက်ခဲခြင်း
- စာဖတ်ရန်နှင့်အခြားလုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန် အလင်းရောင်ပိုမိုလိုအပ်ခြင်း
အရောင်များကိုကြည့်လျှင် မှိန်ခြင်း သို့ အဝါရောင်သန်းနေခြင်းတို့ပဲဖြစ်ပါတယ်။ISEC Myanmar ရဲ့ နောက်ဆုံးပေါ်အတွင်းတိမ်ခွဲစိတ်နည်းတွင် ဓားခွဲစိတ်ရာ၊ ချုပ်ရိုးရာ မပါဝင်ဘဲ မျက်လုံးအတွင်းသို့ မှန်ဘီလူးအစားထိုးကုသနိုင်ပြီး မျက်လုံးခွဲရာ၌ ဖြစ်လေ့ရှိတဲ့ နာကျင်ခြင်း၊ မျက်လုံးတွင်းသွေးထွက်ခြင်း၊ ချုပ်ရိုးမကျက်ခြင်း၊ ချုပ်ရိုးပိုးဝင်ခြင်း အစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရှောင်ရှားလို့ရနေပါပြီ။
ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည်ဟု ဆိုသည့်အတိုင်း လူကြီးမင်းတို့ရဲ့ အဖိုးထိုက်တန်လှသော အမြင်အာရုံနှင့် ပတ်သက်တဲ့ ဝေဒနာတွေကို ပရိုမိုးရှင်းကာလအမှီ အမြန်ဆုံး လာရောက်ဆွေးနွေးကုသလိုက်ပါနော်။
အသေးစိတ်သိရှိလိုပါက ~ISEC Eye Centre Myanmar
A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.Tel:+95 1 386 800,
+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
isecmyanmar@gmail.com
www.isecmyanmar.com.mm