Sharing Eyes Lasik Journey
Success Stories

Sharing Eyes Lasik Journey

Published on 4th September, 2025

နောက်လ 14 ရက်နေ့ဆို 2 month ဖြစ်သွားပြီ
လုပ်ခဲ့ရတဲ့ အတွေ့အကြုံနဲ့ Knowledge လေး sharing လုပ်ပေးမလို့ပါ။
ဆိုတော့ ဇမ ဘယ်မှာလုပ်ခဲ့လဲဆိုရင် ISEC Eye Centre Myanmar မှာလုပ်တာပါ အဲ့မှာက နိုင်ငံတကာ ခေတ်မှီစက်ကိရိယာတွေနဲ့အတူ နိုင်ငံခြားကနေ အတွေ့အကြုံရှိတဲ့ ဆရာဝန်တွေကနေ ကိုယ်တိုင်ကိုယ်ကျ ပစ်ပေးတာမို့ စိတ်ချရပါတယ် ။ လူနာကိုလည်း အမြဲ Follow up လုပ်ပြီး မသိတာရှိရင်လည်း စိတ်ရှည်ရှည်ဖြေကြားရှင်းပြပေးကြပါတယ်။ operation ဝင်နေတုန်းမှာလည်း ဘေးမှာ Dr တွေ အများကြီးနဲ့ ဂရုတစိုက် ရှိကြပါတယ်။ ဇမကိုဆို ကြောက်နေလို့ Dr အမ ချောချောလေးက လက်ပါ ကိုင်ပေးထားတာ 🤭
(အရင်ဆုံးပြောချင်တာကတော့ ဇမက ဆေးပညာနယ်ပယ်ကမဟုတ်လို့ အမှားရှိခဲ့ရင် ဇမ အမှားသာဖြစ်ပါတယ်ရှင်)
မျက်လုံးလေဆာပစ်ပြီး ပါဝါဖျောက်တော့မယ်ဆိုရင် အခုတစ်လော မြန်မာနိုင်ငံမှာ နာမည်ကြီးနေတာ အမျိုးအစား 2 မျိုးရှိပါတယ် ။ တစ်ခုက PRK တစ်ခုက Lasik ပါ ။
( ဒီမှာ တစ်ခုသတိထားရမှာက Lasik ဖြစ်ဖြစ် PRK ဖြစ်ဖြစ် 2 ခုလုံးက အဝေးမှုန်ဖြစ်နေတဲ့ ဇမ တို့ရဲ့ curved ဖြစ်နေတဲ့ အမြင်လွှာကို လေဆာနဲ့ Manipulate လုပ်ပြီး ပါဝါလျှော့ချလိုက်တာပါ ပါဝါလုံးဝပျောက်သွားတာရှိသလို ပါဝါများရင်များသလောက် ပါဝါကျန်တာလည်းရှိနိုင်ပါတယ် ဒါက ဘယ်လောက်ကောင်းတဲ့ ဆေးရုံကြီးတွေမှာလုပ်လုပ် ဖြစ်တတ်တဲ့အရာပါ ကိုယ့်ရဲ့ မျကိလုံးအခြေအနေပေါ်မူတည်ပါတယ်။)
အရင်ဆုံး PRK ( Photorefractive Keratectomy)အကြောင်း ဇမ ဖတ်ထားမိသလောက်အကြမ်းဖျင်းပြောပြပါမယ်။ (ဇမ နားလည်သလိုပြောပြတာပါ)
သူကကျတော့ Cornea (မျက်ကြည်လွှာ) ကိုflap မလုပ်ရပဲနဲ့ အပေါ်ကနေ လေဆာကိုပစ်တာပါ ၊ ဒါက Pain level လည်းမြင့်ပြီး Recover လည်းပိုကြာပါတယ်။ may be 2-4 weeks လောက်ကြာပါတယ်တဲ့။ ဘယ်လိုလူတွေ လုပ်သင့်လဲဆိုရင် – အရင်က မျက်လုံးမှာ ဒဏ်ရာ or တစ်ခုခု ထိခိုက်ထားတဲ့သူတွေ ၊ အားကစားသ‌မားတွေ ၊ မျက်ကြည်လွှာ ပါးတဲ့ လူတွေ – အဲ့လိုလူတွေ လုပ်သင့်ပါတယ်တဲ့။
LASIK (Laser-Assisted in Situ Keratomileusis)
ဒါကတော့ ဇမ လုပ်ခဲ့တဲ့ဟာမို့လို့ အတွေ့အကြုံနဲ့သေချာလေး ရှင်းပြပါမယ်။
ပထမဆုံးတစ်ပါတ် အရင်ဆုံး Pre-screening လုပ်ရပါတယ်(PRK မှာလည်း လုပ်ရပါတယ် အဲ့ဒါစစ်ဆေးပြီးမှ ကိုယ်က ဘယ်ဟာနဲ့ ပိုသင့်တော်တယ်ဆိုတာကို ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်မှာပါ)
လေဆာပစ်ဖို့ တစ်နာရီအလိုမှာ make up lotion အကုန်ဖျက်ထားရမယ်။ အဲ့ဒါက ပစ်ပြီးရင်လည်း 2 ပတ်လောက် ရှောင်ရတယ် ပစ်ပြီးရင် မျက်နှာတောင် မသစ်ရပါဘူး။
လေဆာပစ်တဲ့အချိန်မတိုင်ခင် အဝတ်လဲပြီး operation အခန်းထဲ မဝင်ခင်မှာ တောက်လျှောက် 5 min တစ်ခါလောက် ထုံဆေးခပ်ပေးပါတယ်။ operation room ထဲဝင်ခါနီးကျ မျက်လုံးတစ်ဝိုက် သေခြာသန့်စင်ပေးပါတယ်။ ဇမ အဲ့ရက်ကမှ Finale destination ကြည့်ပြီး ကြောက်လန့် တုန်ယင်နေလို့ စိတ်ငြိမ်ဆေးပါ ဆေးခန်းက တိုက်ပေးရပါတယ် 🥹
Lasik ကျတော့ Corneal ကို flap လုပ်ပြီးမှ လေဆာ ပစ်တာပါ ။ဒါကကျတော့ pain level လည်းနည်းပြီး recovery လည်းအရမ်းမြန်ပါတယ် ။ပစ်နေတဲ့အချိန်ကတော့ ဘယ်လိုမှ မနေပါဘူး ဇမဆို စိတ်ငြိမ်ဆေးသောက်ပြီး ကုတင်ပေါ်မှာ အိပ်ပျော်မလိုတောင် ဖြစ်သွားပါတယ် ဒါတောင် တစ်ဖက်ကို around 10-15 min လောက်ပဲကြာတာပါ ။ ပြီးလို့ ထုံဆေးပြေမှ မျက်ရည်ပူတွေကျပြီး မျက်လုံးက နည်းနည်းအောင့်သလိုခံစားရတာပါ။ ဒါပေမယ့် Lasik က recovery အရမ်းမြန်တော့ နောက်နေ့မနက်ကျ အဲ့ဒီ့နာတာတွေ ပျောက်သွားပါတယ် ။
PRK ရော Lasik ရောက လေဆာပစ်ပြီး ၂ ပတ်လောက်အထိ မျက်လုံးက လုံးဝအနားပေးရပါတယ်။ အပြင်ထွက်ရင် နေကာမျက်မှန်တပ်ရမယ် ။ အလင်းစူးတာတွေမကြည့်ရပါ‌ဘူး။ ရေမဝင်အောင်လည်း ဂရုစိုက်ရပါတယ်။ ဆရာဝန်ညွှန်တဲ့အတိုင်း မျက်စဉ်းတွေခပ်ရပါတယ်။
စာအရမ်းရှည်ရင် ဖတ်ရတာပျင်းမှာစိုးလို့ ဒီလောက်ပဲရေးပေးပါတော့မယ် ။ Pros and Cons နဲ့ ဆောင်ရန်ရှောင်ရန်ကတော့ ဆေးခန်းသွားပြမှ ဆရာဝန်တွေက စိတ်ရှည်ရှည်ရှင်းပြပါလိမ့်မယ်။
လုပ်ခဲ့ရတာ ကျေနပ်မှု Rating ဆိုရင် 10/10 ပါ ဘာလို့ဆို 10 နှစ်လောက် မျက်မှန်ပါမှ မြင်နေရတာကနေ မျက်မှန်မပါပဲ ကြည်ကြည်လင်လင်မြင်ရတဲ့ခံစားချက် မနက်နိုးလာရင် မျက်မှန်အရင် ရှာစရာမလိုတော့တဲ့ ခံစားချက်ကိုကြိုက်လို့ပါ ။
လုပ်သင့်လားလို့ ဇမကို မေးရင်‌တော့ 100% တိုက်တွန်းမိမှာပါ ဘာလို့ဆို မျက်မှန်တပ်ရတဲ့ အလုပ်ရှုပ်ပုံ တစ်သိန်းခြောက်သောင်းကို 10 နှစ်စာလောက်အတွေ့အကြုံရှိထားတော့ ဘယ်လောက်စိတ်ညစ်စရာကောင်းလဲသိလို့ပါ ။ နောက်ဆုံး ခေါက်ဆွဲပြုတ်စားရင်တော့ မျက်မှန်ချွတ်စားရပြီး ဘာမှ မမြင်ရတာမျိုးတွေမဖြစ်တော့ဘူးပေါ့ 🤣
ချွင်းချက်က အသက် 18-40 အတွင်းပဲလုပ်လို့ရပါတယ် မျက်စိသူငယ်အိမ်စောင်းရင် လုပ်လို့မရပါဘူး (ဒီနေရာမှာ သူငယ်အိမ်စောင်းတာနဲ့ စလင်ဒါက မတူပါဘူးနော် လေဆာပစ်ရင် စလင်ဒါ တစ်ခါတည်းပျောက်ပါတယ်)
ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။

Related Post

Eye Care Specialist

Book Appointment

Schedule your consultation with our experienced eye specialists today.

Medical Care Operator

09448282821