
LASIK ကို ဘန်ကောက်အထိ သွားဖို့မလိုဘဲ အကုန်အကျနည်းနည်းနဲ့ ရန်ကုန်က EYE Center တော်တော်များများမှာ ပြုလုပ်လို့ ရနေပါပြီ…
Published on 6th September, 2025
LASIK ကို ဘန်ကောက်အထိ သွားဖို့မလိုဘဲ အကုန်အကျနည်းနည်းနဲ့ ရန်ကုန်က EYE Center တော်တော်များများမှာ ပြုလုပ်လို့ ရနေပါပြီ…
အဲ့ထဲကမှ ကိုယ်ကတော့ ISEC Eye Centre Myanmar ကို ရွေးချယ်ခဲ့တာပါ..ISEC မှာ စက်ကိရိယာတွေက လက်ရှိဘန်ကောက် ဆေးရုံတွေမှာ အသုံးပြုနေကြတဲ့ ဂျာမနီစက်သစ်ကြီးတွေကိုပဲ အသုံးပြုထားတာပါ…ဒါတစ်ခုတည်းနဲ့တင် ဘန်ကောက်သွားဖို့ မလိုတော့တာပါ..
ကိုယ့် အတွေအကြုံလေး ပြောပြရမယ်ဆိုရင်
LASIK လုပ်ဖြစ်တာက သောကြာနေ့က လုပ်ပြီး နှစ်ရက်ပဲ နားပြီး ပုံမှန် ရုံးတက် ရုံးဆင်း ပြန်လုပ်ဖြစ်တာပါ…အမြင်အာရုံ မကောင်းတာ မရှိဘဲ အားလုံး အဆင်ပြေပါတယ်…
ဆရာဝန်ကြီးတွေကတော့ တစ်ပတ် သိပ်မကြည့်နဲ့လို့ ပြောပေမယ့် လုပ်ငန်းခွင်မှာ LASIK လုပ်ထားလို့ ဆိုပြီး မထိခိုက်ခဲ့ပါဘူး…
ရုံးသွား မျက်မှန် မရှာရတဲ့ အလုပ်က တော့ တော်တော့်ကို သက်သာသွားတာပါ…ရုံးက အမတွေလည်း မျက်လုံး အရောင်ကြည်ပြီး ပိုတောက်လာတယ် ပြောလို့ ကျေနပ်ပီတိ ဂွမ်းဆီထိပေါ့ကွယ် …
ဒီနေ့ကတော့ LASIK ပစ်ထားတာ ၂လ ပြည့်တော့မှာဖြစ်လို့ ဆရာ၀န်ကြီးနဲ့ follow up ပြန်လုပ် အားလုံး အိုခေ ဆိုတော့ နောက်တစ်နှစ်လောက်မှပဲ checkup ပြန်လုပ်ရပါတော့မယ်…
ကိုယ်တွေ လုပ်ခဲ့တုန်းက ISEC မှာ Pre scanning ကို free charges နဲ့ လုပ်ခဲ့တာပါ… အောက်တိုဘာလထဲမှာလည်း promotion တွေ ထပ်ရှိမယ်လို့ သိခဲ့ရပါတယ်…
LASIK လုပ်ဖို့လည်း စိတ်၀င်စားတယ်… Payment လည်း တစ်ခါတည်း ပေးဖို့အဆင်မပြေရင်လည်း စိတ်မပူပါနဲ့ AYA credit card နဲ့ ၆လအရစ်ကျ အတိုးမဲ့ဖြင့် လက်ခံနေပါတယ်..
အကယ်လို့ ကိုယ်က LSAIK လုပ်မယ်လို့ စိတ်ကူးထားရင် အသက် ၄၀ မတိုင်ခင် လုပ်တာက ပိုအဆင်ပြေပါတယ်… အသက် ၄၀ နောက်ပိုင်းမှာက အနီးမှုန် စ၀င်လာပြီဖြစ်တဲ့အတွက် LASIK ပစ်တာ ထိရောက်မှာမဟုတ်ပါဘူးနော်…
ဒါလေးကတော့ LASIK လုပ်ချင်သူများအတွက် Sharing လေး လုပ်ပေးတာပါ…LASIK ပစ်မယ်ဆိုရင်တော့ ISEC Eye Center Myanmar ကို 100% recommend ပေးပါတယ်…ကိုယ်ကတော့ မျက်မှန်လေးကို ဘူးထဲ သိမ်းထားလိုက်ပြီး လောကကြီးကို ဘောင်ခတ်မကြည့်ရတော့တာ ၂လ ပြည့်ပါတော့ပါမယ်ရှင့်…


