Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the acf domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /www/wwwroot/isecmyanmar.com.mm/wp-includes/functions.php on line 6131
ISEC Eye Centre Myanmar |ဝန်ထမ်းတွေရဲ့ မျက်စိကျန်းမာရေးတွက် ISEC Myanmarနှင့် လက်တွဲလိုက်ပါ!🤝​ - ISEC Eye Centre Myanmar
ဝန်ထမ်းတွေရဲ့ မျက်စိကျန်းမာရေးတွက် ISEC Myanmarနှင့် လက်တွဲလိုက်ပါ!🤝​
Blog Post

ဝန်ထမ်းတွေရဲ့ မျက်စိကျန်းမာရေးတွက် ISEC Myanmarနှင့် လက်တွဲလိုက်ပါ!🤝​

Published on 28th October, 2025

ဝန်ထမ်းတွေရဲ့ မျက်စိကျန်းမာရေးတွက် ISEC Myanmarနှင့် လက်တွဲလိုက်ပါ!🤝​
​📢​ လုပ်ငန်းရှင်များ၊ HR မန်နေဂျာများနှင့် စီမံခန့်ခွဲအုပ်ချုပ်သူများ အတွက် သတင်းကောင်း!
ဝန်ထမ်းများ၏ ကျန်းမာရေးသည် လုပ်ငန်းခွင်တိုင်း၏ အဓိက အင်အားဖြစ်ပါသည်။ အထူးသဖြင့် ကွန်ပျူတာနှင့် ဖုန်းအသုံးပြုမှုများပြားလာသော ခေတ်တွင် မျက်စိကျန်းမာရေးသည် လျစ်လျူရှု၍မရသော အခန်းကဏ္ဍတစ်ခု၌ ပါဝင်လာသည်။
ထို့ကြောင့် ISEC Myanmar မှ Corporate Partner များအတွက် ရည်ရွယ်ပြီး ဝန်ထမ်းများအတွက် လုပ်ငန်းခွင်မျက်စိစစ်ဆေးမှု နှင့် မျက်စိကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်များကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ISEC Myanmar ၏ Corporate Eye Health Service ရဲ့အားသာချက်များ :
👁️​ လုပ်ငန်းခွင်အရောက် မျက်စိစစ်ဆေးမှု: ဝန်ထမ်းများသည် အချိန်ကုန်ခံပြီး ဆေးရုံသို့ လာစရာမလိုဘဲ၊ လုပ်ငန်းခွင်မှာတင် နောက်ဆုံးပေါ် ခေတ်မီစက်ကိရိယာများနှင့် မျက်စိစစ်ဆေးမှုပြုလုပ်နိုင်သည်။
👁️​ လုပ်ငန်းရဲ့ လိုအပ်ချက်ပေါ် မူတည်ပီး customized packages များစီစဉ်ပေးမှု: လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍ အခြေခံမျက်စိစစ်ဆေးမှုမှ အစ မျက်မှန်လုပ်ခြင်း ၊ အထူးကုဆရာဝန်ကြီးများနှင့် ပြသခြင်းအထိ တစ်နေရာတည်းတွင်ပြီးပြည့်စုံအောင်ဝန်ဆောင်မှုရယူနိုင်သည်။
👁️​ ဝန်ထမ်းများအတွက် အကျိုးခံစားခွင့်ရရှိမှု: မျက်စိကျန်းမာရေးပုံမှန်စစ်ဆေးပေးခြင်းဖြင့် မျက်စိရောဂါများကို စောစီးစွာသိရှိကာ ကုသနိုင်ခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်စေခြင်းနှင့် ဝန်ထမ်းများ၏ စိတ်ကျေနပ်မှုကို မြင့်မားစေပါသည်။
👁️​ ယုံကြည်စိတ်ချရမှု: ISEC Myanmar သည် မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာ မျက်စိအထူးကုဆေးရုံ ဖြစ်သည့်အလျောက် နိုင်ငံတကာအဆင့်မီ အရည်အသွေးနှင့် ဝန်ဆောင်မှုများကို မြန်မာနိုင်ငံတွင် ယုံကြည်စိတ်ချစွာခံယူနိုင်ပါသည်။
သင့်လုပ်ငန်း၏ အနာဂတ်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှု၊ ဝန်ထမ်းများ၏ မျက်စိကျန်းမာရေးအတွက် အကောင်းဆုံး ဝန်ဆောင်မှုများကိုရယူရန် ယခုပဲဆက်သွယ်လိုက်ပါ ✨
📞 09 88 333 4482, 09 44 82 82 82 1, 09 44 82 82 82 2, 09 45 82 82 133
📧 isecmyanmar@gmail.com
🌐 www.isecmyanmar.com.mm

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821