အလင်းကွင်းတွေ မြင်နေရတာကို လျစ်လျူမရှုပါနဲ့
Published on 6th February, 2026
အလင်းကွင်းတွေ မြင်နေရတာကို လျစ်လျူမရှုပါနဲ့ 🙅
“ညဘက်ဆို မီးရောင်တွေက ဝါးနေတယ်… အလင်းကွင်းတွေ မြင်နေရတယ်” ဆိုတာမျိုး ခံစားနေရပြီလား⁉
ပုံထဲကလိုမျိုး အလင်းရောင်တွေရဲ့ ဘေးမှာ အရောင်ပြေးလေးတွေ ဒါမှမဟုတ် အလင်းကွင်းတွေ မြင်နေရတာဟာ သင့်မျက်လုံးမှာ တစ်ခုခု ချို့ယွင်းနေပြီဆိုတဲ့ အချက်ပြလက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်…😟
အတွင်းတိမ် ဒါမှမဟုတ် ရေတိမ်ရဲ့ ရှေ့ပြေးလက္ခဏာတွေဟာ အခုလို အလင်းကွင်းတွေ မြင်ရတာကနေ စတင်တတ်တာပါ…
🧐အဖြစ်များဆုံး အကြောင်းရင်း (၃) ချက်ကတော့ –
👉အတွင်းတိမ်လက္ခဏာဖြစ်တဲ့ မျက်လုံးအတွင်းက သဘာဝမှန်ဘီလူး နောက်ကျိလာတဲ့အခါ အလင်းကို ကောင်းကောင်း မဖြတ်သန်းနိုင်တော့ဘဲ အလင်းကွင်းတွေ မြင်ရတတ်ပါတယ်။
👉ရေတိမ်လက္ခဏာဖြစ်တဲ့ မျက်စိအတွင်းဖိအားတက်လာတဲ့အခါ အမြင်အာရုံမှာ အလင်းကွင်းတွေ စမြင်လာရတတ်ပြီး ဒါဟာ အရေးကြီးတဲ့ လက္ခဏာတစ်ခုပါ။
👉မျက်စိစောင်းခြင်းဖြစ်တဲ့ မျက်ကြည်လွှာ ပုံစံမမှန်တဲ့အတွက် အလင်းပြန်မှု လွဲချော်ပြီး အလင်းတွေ ပုံမကျဘဲ ဝေဝါးနေတာမျိုး ဖြစ်တတ်ပါတယ်။
ဒီလက္ခဏာတွေကို စောစောစီးစီး စစ်ဆေးကုသဖို့ အရေးကြီးပါတယ်…❗
ISEC Myanmar မှာဆိုရင် နိုင်ငံတကာအဆင့်မီ နည်းပညာတွေ ခေတ်မီစက်ကိရိယာတွေနဲ့အတူ နိုင်ငံတကာအသိအမှတ်ပြု မျက်စိအထူးကုကျွမ်းကျင်ဆရာဝန်ကြီးများကိုယ်တိုင် စမ်းသပ်စစ်ဆေးပေးနေတာမို့ သင့်မျက်လုံးအတွက် စိတ်ချယုံကြည်ရပါတယ်။
✅ အမြင်အာရုံ ပြန်လည်ကြည်လင်ဖို့ ✅ နောက်ဆက်တွဲ မျက်စိပြဿနာတွေကို ကာကွယ်ဖို့ခုပဲဆွေး