Consultation Hours: Open Daily (8:00 AM ~ 6:00 PM)
မေးခွန်းကို နှိပ်ပြီး အဖြေကို ဖတ်ရှုနိုင်ပါသည်
ဟုတ်ကဲ့၊ လူနာများ စောင့်ဆိုင်းရမည့်အချိန်ကို လျှော့ချနိုင်ရန်နှင့် အဆင်ပြေချောမွေ့စွာ ပြသနိုင်ရန်အတွက် ကြိုတင်ရက်ချိန်းယူရန် အကြံပြုလိုပါသည်။ ဆေးခန်းဖုန်းနံပါတ် 09 44 82 82 82 1, 09 44 82 82 82 2, 09 45 82 82 133 တို့ကို မနက် ၉ နာရီမှ ညနေ ၆ နာရီအတွင်း နေ့စဉ်ဆက်သွယ်နိုင်သလို Facebook Messenger မှတစ်ဆင့် ရက်ချိန်းကို လွယ်ကူစွာ ရယူနိုင်ပါသည်။
မနက် ၉ နာရီမှ ညနေ ၆ နာရီအတွင်း နေ့စဉ် ဖွင့်လှစ်ထားပါသည်။ တည်နေရာမှာ A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း City Mall အနီး၊ လမ်းမတော်မြို့နယ်၊ ရန်ကုန် ဖြစ်ပါသည်။
ISEC Myanmar တွင် ပြည်တွင်းနှင့် နိုင်ငံတကာအသိမှတ်ပြု မျက်စိအထူးကုကျွမ်းကျင်ဆရာဝန်ကြီးများ ကိုယ်တိုင် စမ်းသပ်စစ်ဆေး ကုသပေးနေခြင်း ဖြစ်ပါသည်။ ISEC Global Group ဖြစ်သော Malaysia ၏ စံနှုန်းများအတိုင်း တိကျသေချာသော ဆေးကုသမှု အရည်အသွေးကို ပေးစွမ်းနေပါသည်။
ISEC တွင် နောက်ဆုံးပေါ် အဆင့်မြင့် နည်းပညာ (Phacoemulsification) ကို အသုံးပြု၍ မျက်စဉ်းထုံဆေးဖြင့် သေးငယ်သော အပေါက်လေးမှတစ်ဆင့် ခွဲစိတ်ကုသပေးပါသည်။ ထို့ကြောင့် ကုသမှုခံယူနေစဉ် နာကျင်မှုလုံးဝမရှိဘဲ ခွဲစိတ်မှုအပြီး ချုပ်ရိုးချုပ်ရန်လည်း မလိုပါ။
ဆေးရုံတက်ရန်မလိုပါ။ ခွဲစိတ်ပြီးနောက် ဆေးရုံတွင် ခေတ္တအနားယူကာ နေ့ချင်းအိမ်သို့ ပြန်နိုင်ပါသည်။
အဝေးမှုန်နှင့် ဆလင်ဒါပါဝါ ရှိသူများအတွက် နောက်ဆုံးပေါ် ဘေးကင်းစိတ်ချရသော လေဆာဖြင့်မျက်စိပါဝါဖျောက်ကုသမှု LASIK, PRK/TransPRK နှင့် EVO ICL နည်းပညာတို့ဖြင့် အမြင်အာရုံပြုပြင်ခြင်း ကုသမှုများကို စနစ်တကျ စစ်ဆေးပြီး ကုသပေးနေပါသည်။
ဟုတ်ကဲ့ ကုသပေးပါသည်။ ရေတိမ်ရောဂါသည် စောစီးစွာမကုသပါက အမြင်ကွယ်သည်အထိ ဖြစ်နိုင်သောကြောင့် ISEC တွင် ခေတ်မီရောဂါရှာဖွေရေးကိရိယာများဖြင့် အသေးစိတ်စစ်ဆေးပေးပြီး မျက်စဉ်းဆေးဖြင့်ကုသခြင်း၊ လေဆာဖြင့်ကုသခြင်းနှင့် လိုအပ်ပါက ခွဲစိတ်ကုသခြင်းများကို ဆောင်ရွက်ပေးနေပါသည်။
ဆီးချိုလူနာများအတွက် သီးသန့်မျက်စိစစ်ဆေးခြင်းများ ပြုလုပ်ပေးပြီး ရောဂါအခြေအနေအလိုက် အဆင့်မြင့်လေဆာဖြင့်ကုသခြင်း သို့မဟုတ် မျက်စိတွင်း ဆေးထိုးကုသခြင်းများကို စနစ်တကျ ပြုလုပ်ပေးပါသည်။
ISEC တွင် အခြေခံမျက်စိစစ်ဆေးခြင်းမှစ၍ ရောဂါအလိုက် အသေးစိတ် အဆင့်မြင့်စစ်ဆေးခြင်းများအထိ package အမျိုးမျိုး ရှိပါသည်။ အသေးစိတ်စျေးနှုန်းများကို Facebook Messenger (သို့မဟုတ်) ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဟုတ်ကဲ့၊ ရရှိနိုင်ပါသည်။ ISEC Myanmar သည် ပြည်တွင်းနှင့် နိုင်ငံတကာ အာမခံကုမ္ပဏီအချို့နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးအာမခံများဖြင့် ကုသမှုခံယူနိုင်ရန် ကူညီဆောင်ရွက်ပေးနေပါသည်။
ဟုတ်ကဲ့၊ ရှိပါသည်။ ISEC Myanmar အနေဖြင့် ကုမ္ပဏီအဖွဲ့အစည်းများရှိ ဝန်ထမ်းများ၏ မျက်စိကျန်းမာရေးအတွက် Corporate Packages များ စီစဉ်ပေးခြင်း၊ CSR/Co-branding campaign များ ပြုလုပ်ခြင်းတို့ကို ကမ်းလှမ်းလျက်ရှိပါသည်။ [email protected] သို့ Email ပို့ခြင်း သို့မဟုတ် 09 88 333 4482 သို့ ဆက်သွယ်နိုင်ပါသည်။
Schedule your consultation with our experienced eye specialists today.