Category : Blog Post

ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ တို့ကြောင့် ဖြစ်လေ့ရှိသော ကလေးမျက်စိရောဂါ အကြောင်းသိကောင်းစရာ

ယနေ မျက်မှောက်ခေတ်သည် ဒီဂျစ်တယ် အိုင်တီ ကွန်ပျူတာခေတ်ဖြစ်သည့်အလျောက် နည်းပညာ၊ အိုင်တီ သိပ္ပံ ဖွံ့ဖြိုးတိုးတက်လာမှုမှာ အံ့မခန်းပင်ဖြစ်သည်။ ခေတ်ရေစီကြောင်း ဖွံ့ဖြိုးတိုးတက်လာမှုကို အမှီလိုက်နိုင်ရန် ကျွန်ုပ်တို့ မျိုးဆက်ကလေးသူငယ်များမှာ ငယ်ရွယ်နုနယ်စဉ်မှစ၍ နည်းပညာ၊ ကွန်ပျူတာတို့နှင့် ထိတွေ့သင်ယူရပါသည်။ ဖုန်း၊ကွန်ပျူတာ တို့ကို အင်တာနက်နှင့် ချိတ်ဆက်၍ အသိပညာအတက်ပညာများကို သင့်ယူရာတွင် ဂရုတစိုက်သင့်သည်များကို တင်ပြချင်ပါသည်။ Q1.Screen Time ဆိုတာဘာလဲ Screen Time ဆိုသည်မှာ စမတ်ဖုန်း၊ တီဗွီ၊ ကွန်ပျူတာ၊ သုံးစွဲသော ကြာချိန်ကိုခေါ်ခြင်းဖြစ်သည်။ နည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကလေးလူကြီးအလွှာပေါင်းစုံသည် Screen Time များပြားလာပြီး ကောင်းကျိုး၊ ဆိုးကျိုးများ ဒွန်တွဲဖြစ်ပေါ်လာကြသည်။ ကလေး၊ သူငယ်များသည် မျက်လုံးနှင့် ခန္ဓာကိုယ်တည်ဆောင်ပုံ နုနယ်သောကြောင့် Screen Time ကြာလျှင် ကောင်းကျိုးထက်ဆိုးကျိုးများစွာ […]