ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာနှင့် ကလေးမျက်စိ​ပေါ် အကျိုးသက်ရောက်မှုများ အကြောင်းသိကောင်းစရာ
Blog Post

ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာနှင့် ကလေးမျက်စိ​ပေါ် အကျိုးသက်ရောက်မှုများ အကြောင်းသိကောင်းစရာ

Published on 4th February, 2021

  • ကလေးတစ်ယောက်သည် ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်အတွက် ကလေးသဘာ၀ ခုန်ပေါက်ပြေးလွှာ ဆော့ကစား ရပါသည်။ သဘာ၀အတိုင်း ပန်းခြံ၊ ကလေးကစားကွင်း အစရှိသည့်တွင်ဆော့ကစားခြင်းသည် ကလေး၏ ကိုယ်၊စိတ်၊ မျက်စိ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးပါပါသည်။
  • နည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကလေးလူကြီးအလွှာပေါင်းစုံသည် Screen Time များပြားလာပြီး ကောင်းကျိုး၊ ဆိုးကျိုးများ ဒွန်တွဲဖြစ်ပေါ်လာကြသည်။
  • ကလေး၊ သူငယ်များသည် မျက်လုံးနှင့် ခန္ဓာကိုယ်တည်ဆောင်ပုံ နုနယ်သောကြောင့် Screen Time ကြာလျှင် ကောင်းကျိုးထက်ဆိုးကျိုးများစွာ ခံစားရနိုင်ပါသည်။
  • လေ့လာတွေ့ရှိချက်များအရ ဖုန်း၊ တက်ဘလက်များ တောက်လျှောက်သုံးနေသော ကလေးသူငယ်များသည် ငြိမ်သက်စွာနေခြင်းကြောင့် အ၀လွန်ရောဂါ၊ ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း၊ မိမိကိုယ်ကိုယ့်ထိန်းသိမ်းနိုင်စွမ်းနည်းသော ရောဂါ (ADHD)၊ ဆုံးဖြတ်မှုနှေးခြင်း၊ တီထွင်ကြံဆမှုနှေးခြင်း၊ စာရေးတက်ရန် နှေးကွေးခြင်း စသော နောက်ဆက်တွဲများဖြစ်ပေါ်စေနိုင်ပါသည်။ ထိုပြင့် တီဗွီဂိမ်း၊ ဖုန်း၊ ကွန်ပျူတာ အသုံးများသောကလေးများသည် မျက်ရိုးကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဝေးမှုန်ခြင်း (Myopia) စသောမျက်စိရောဂါများပိုမိုဖြစ်တက်ပါသည်။
  • ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး (WHO) ၏ အကြံပြုချက်အရ အသက်တစ်နှစ်အောက်ကလေးငယ်များ လုံး၀ Screen Time ပေးမကြည့်သင့်ပါ။ အသက်(၂)နှစ်မှ (၅)နှစ်အတွင်း တစ်နေ့တစ်နာရီထက်ပို့ပြီး Screen Time ပေးမကြည့်သင့်ပါ။

ဖုန်း၊ ကွန်ပျူတာ သုံးရာတွင် အနီးကပ်ကြည့်လွန်းခြင်း၊ တခါတရံ မျက်စိစွေခြင်း၊ စောင်ခြင်း စသည်လက္ခဏာများဖြစ်နေလျှင် တက်ကျွမ်းနားလည်သော အထူးကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

Related Post

Eye Care Specialist

Book Appointment

Schedule your consultation with our experienced eye specialists today.

Medical Care Operator

09448282821