လူသားတိုင်းအတွက် အရေးကြီးတဲ့ မျက်စိကျန်းမာရေး
Blog Post

လူသားတိုင်းအတွက် အရေးကြီးတဲ့ မျက်စိကျန်းမာရေး

Published on 25th March, 2021

ကျွန်မတို့ လူသားအားလုံးအတွက် အထူးဂရုစိုက်ပြီး အလေးထားရမည့်အရာများထဲတွင် မျက်စိကျန်းမာရေးသည်လဲ တခုအပါအဝင်ပဲဖြစ်ပေသည်။ အသက်အရွယ်ကြောင့် မျက်စိမှုန်ဝေဝါး မှုန်ဝါးခြင်းများရှိသလို ငယ်ရွယ်စဉ်ထဲကပင်လဲ အဝေးမှုန် အနီးမှုန်စသည့် လက္ခဏာများကိုလဲ ခံစားကြသည်များရှိပါသည်။ တနည်းအားဖြင့်ဆိုသော် မျက်စိ နဲ့ ပတ်သက်သည့် အမြင်အာရုံနဲ့ ပတ်သက်သည့် ရောဂါလက္ခဏာများသည် အသက်အရွယ်မရွေးဖြစ်ပွားတတ်ကြသည်ကို အထူးဂရုပြုရမည်ဖြစ်ပါသည်။

မျက်စိနဲ့ ပတ်သက်သည့် ဝေဒနာများကို ကြိုတင်ကာကွယ်ရန် ထိရောက်သည့်နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

✅ ဗီတာမင်ပြည့်၀သော အစားအစာများကို စားသုံးရန် Omega-3 fatty acids, lutein, zinc နှင့်ဗီတာမင် C နှင့် E တို့ကဲ့သို အာဟာရများသည် အသက်အရွယ်နှင့်သက်ဆိုင်သည့် အမြင်အာရုံပြဿနာများ နှင့် မျက်စိအတွင်းတိမ် ဖြစ်နိုင်ခြင်းကို အများဆုံးဖယ်ရှားပေးနိုင်ပါသည်။ ဟင်းနုနွယ်ရွက်၊ ကိုက်လန်ရွက် နှင့် အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များကို စားသုံးပေးရပါမည်။ ဆော်လမွန်ငါး၊ တူနာ နှင့် အခြားအဆီများသော ငါးများ၊ ကြက်ဥ၊ ပဲ နှင့် အသားမဟုတ်သော ပရိုင်တိန်းရင်းမြစ်ပါသော အစားအသောက်များကို စားသုံးပေးခြင်းဖြင့် မျက်စိကျန်းမာရေးအတွက် များစွာ အထောက်အကူပြုသလိုသင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းရာတွင်လဲ အထောက်အကူဖြစ်သဖြင့် ဆီးချိုရောဂါဖြစ်ပွားမှုကိုလျော့ကျစေပြီး ဆီးချိုကြောင့် မျက်စိကွယ်ခြင်းတို့ကိုပါ ကာကွယ်ပြီး သားဖြစ် ပါလိမ့်မည်။ ✅ ဆေးလိပ်ဖြတ်ခြင်း ဆေးလိပ်ကို လွန်ကျွံစွာသောက်သုံးခြင်းသည် မျက်စိအတွင်းတိမ်၊ မျက်စိအာရုံကြောပျက်စီးခြင်းများထိ ဖြစ်စေနိုင်သောကြောင့် ဆေးလိပ်သောက် သုံးခြင်းအား လျော့ချခြင်း ဖြတ်တောက်ခြင်းသည်လဲ မျက်စိနဲ့ ပတ်သက်သည့်ရောဂါဝေဒနာများဖြစ်ပေါ်ခြင်းအား တားဆီးနိုင်ခြင်းပင်ဖြစ်ပေသည်.

✅ နေကာမျက်မှန်တပ်ဆင်ခြင်း ခရမ်းလွန်ရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှုသည် သင်၏မျက်စိအတွင်းတိမ်နှင့် macular ယိုယွင်းမှုဖြစ်နိုင်ခြေများစေသည့်အတွက် အပြင်ထွက်သည့်အခါတိုင်း နေကာမျက်မှန်ကို အမြဲတပ်ဆင်ခြင်းဖြင့် ကာကွယ်နိုင်ပါသည်.

✅ ကွန်ပျူတာ ဖုန်း အသုံးပြုသည့်အခါ ခပ်ခွာခွာမှ အသုံးပြုခြင်း ယနေ့လို အိုင်တီခေတ်ကြီးတွင် ဖုန်းနဲ့ ကွန်ပျူတာသုံးစွဲသူများ များပြားလာကာ သုံးစွဲမှုအချိန်ကြာမြင့်သည့်နှင့် ခေါင်းကိုက်ခြင်း၊ ကျီးပေါင်းရောဂါဝေဒနာခံစားခြင်း၊ ဇက်ကျောတက်ခြင်း၊ မျက်စိခြောက်ခြင်း ဝေဒနာများ စသည့် အာရုံကြောနှင့် သက်ဆိုင်သည့်ဝေဒနာများကိုခံစားလာရသဖြင့် ကွန်ပျူတာ ဖုန်းများအား သုံးစွဲသည့်အခါ အချိန်ဆက်တိုက်သုံးစွဲခြင်းမျိုးမပြုလုပ်ပဲ မိနစ် ၂၀ တိုင်းသင်၏မျက်လုံးများကိုအနားယူပါ။ 20စက္ကန့် 20 ပေကွာမှကြည့်ပါ။ အနည်းဆုံး ၂ နာရီလျှင်ထပြီး ၁၅ မိနစ်နားပါ။ မျက်လုံးခြောက်ကပ်ခြင်းဖြစ်ပါက မျက်တောင်ပိုမိုခတ်ပေးပါ သို့မဟုတ် မျက်ရည်တုသုံးပေးပါ။ ကွန်ပျူတာသုံးစွဲသည့်အခါ သက်သောင့်သက်တာဖြစ်စေသော နေရာထိုင်ခင်းမျိုးကို ရွေးချယ်ပါ။ တိုက်ရိုက်အလင်းထိသောပြတင်းပေါက်များ မီးရောင်များအား ရှောင်ရှားပါ။

✅ မျက်စိဆရာဝန်နှင့် ပုံမှန်ပြသပေးခြင်း အသက်အရွယ်မရွေး လူကြီးလူငယ်တိုင်း ပုံမှန်မျက်စိစစ်ဆေးပေးမှုလိုအပ်ပါသည်။ ပုံမှန်စစ်ဆေးခြင်းဖြင့် သင်၏ မျက်စိကို ပိုမိုကာကွယ်ပေးစေနိင်ပြီး အကောင်းဆုံးအမြင်တွေဖြင့် ကြည်လင်တဲ့ အမြင်အာရုံတွေကိုရရှိနေစေနိုင်မှာဖြစ်ပါတယ်. သင့်မိသားစုရဲ့ မျက်စိကျန်းမာရေး အမြင်အာရုံနှင့် ပတ်သက်သော စောင့်ရှောက်မှု ကုသမှုများအတွက် အမြဲအသင့်ရှိနေမယ့် ISEC Eye Center☺️ ISEC နိုင်ငံတကာမျက်စိဆေးရုံကြီးတွင် ချိုသာသောဈေးနှုန်းဖြင့် မျက်စိပါဝါစစ်ဆေးခြင်းများ ၊ မျက်စိရောဂါဝေဒနာနှင့် ပတ်သက်သည့် စမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်နိုင်ပါပြီ။

? ISEC နိုင်ငံတကာမျက်စိဆေးရုံကြီးကို မနက်၉နာရီမှ ညနေ၄နာရီအထိ ဖွင့်လှစ်ထားပါသည်။

⏰ တနင်္လာနေ့တိုင်း ဆေးရုံပိတ်ပါသည်။

? သန့်ရှင်းသပ်ရပ်ပြီ ပိုးကင်းစင်သော ISEC Eye Centre Myanmar A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။

? A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
? ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.
☎️ Tel:+95 1 386 800,?+95 9 448282821
? [email protected]
? www.isecmyanmar.com.mm

Share On

Warning: Array to string conversion in /www/wwwroot/isecmyanmar.com.mm/wp-content/themes/isecmyanmar/functions.php on line 415
Array

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821