အတွင်းတိမ်ကို အချိန်မှီမကုသခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ
Blog Post

အတွင်းတိမ်ကို အချိန်မှီမကုသခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ

Published on 1st January, 2024

အတွင်းတိမ်ဆိုတာ ရောဂါမဟုတ်ပါဖူး။ မျက်စိထဲက မွေးရာပါမှန်ဘီလူးမှာ အညှိအကြေးတွေ တဖြည်းဖြည်းပုံလာပီး အစိုင်အခဲတစ်ခု ဖြစ်လာခြင်းဖြစ်ပါတယ်။
အသက်အရွယ်ကြီးမြင့်လာပြီဆိုရင် အတွင်းတိမ်ရဲ့ လက္ခဏာတွေဖြစ်တဲ့ ~
▶️ အမြင်ဝါးခြင်း။
▶️ ရှေ့၌ မြူမှုန်ကျသလို၊ ခြင်ထောင်ဇာကာထားသလို ကာနေခြင်း။
▶️ ပုံရိပ်နှစ်ထပ်မြင်ခြင်း။
▶️ နေရောင် သို့မဟုတ် မီးချောင်း/မီးလုံးမှ အလင်းများဖြာခြင်း၊ စူးခြင်း။
▶️ မျက်မှန်ပါဝါ မကြာခဏတိုးလာခြင်း။
▶️ အရောင်များမှိန်ခြင်း သို့မဟုတ် ဝါခြင်း အစရှိသည်တို့ကို ခံစားရပါတယ်။
အထက်ပါလက္ခဏာတွေကို ခံစားရပြီဆိုရင်တော့ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် ပြသစစ်ဆေးပြီး လိုအပ်ပါက အတွင်းတိမ်ခွဲစိတ်မှုကို ပြုလုပ်သင့်ပါတယ်။
အတွင်းတိမ်ခွဲစိတ်ခြင်းကို အချိန်မှီမပြုလုပ်ပါက ~
🔹 အတွင်းတိမ်ပိုမိုရင့်မာလာခြင်း
🔹 အတွင်းတိမ်၏ နောက်ဆက်တွဲ ရေတိမ်ရောဂါဖြစ်လာခြင်း
🔹 မျက်စိအာရုံကြော/အမြင်လွှာများရောဂါ စစ်ဆေးရန်ခက်ခဲလာခြင်း
🔹 နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရ ခက်ခဲလာခြင်း
🔹 ချော်လဲထိခိုက်ဒဏ်ရာရနိုင်ခြေ ပိုမိုမြင့်မားခြင်း
🔹 လူအများနှင့်တွေ့ရန် ရှောင်ကွင်းလာခြင်းကြောင့် လူမှုရေးအဆင်မပြေဖြစ်လာခြင်း
🔹 အမြင်အားမကောင်းသဖြင့် အခြားသူများအပေါ်မှီခိုရသဖြင့် စိတ်သွားတိုင်းကိုယ်မပါနိုင်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
အတွင်းတိမ်ကို စောလျင်စွာခွဲစိတ်ခြင်းဖြင့် ~
✨ ပုံမှန်အမြင်အားကို အမြန်ဆုံး ပြန်လည်ရရှိခြင်း။
✨ မှန်ဘီလူးပါဝါကို မှန်ကန်တိကျစွာတိုင်းတာနိုင်ခြင်းကြောင့် ခွဲစိတ်ပြီးနောက် ကြည်လင်ပြတ်သားသော မြင်ကွင်းကို ရရှိခြင်း။
✨ ခွဲစိတ်ချိန် ပိုမိုမြန်ဆန်ခြင်း။
✨ ခွဲစိတ်ချိန်ကြာခြင်း၏နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော မျက်ကြည်လွှာရောင်ယမ်းခြင်း၊ အမြင်လွှာရောင်ယမ်းခြင်းများ မရှိသလောက်နည်းပါးခြင်။း
✨ လူမှုရေး၊ စီးပွားရေးကိစ္စများကို စိတ်တိုင်းကျ မိမိကိုယ်တိုင် ပြုလုပ်နိုင်ခြင်း။
✨ အသက်အရွယ်ကြီးခြင်းကြောင့်ဖြစ်လာသော ဦးနှောက်ကျုံ့ရောဂါ Alzheimer’s disease ဖြစ်နိုင်ချေ လျော့နည်းခြင်း။
✨ မြင်ကွင်းအသစ်၊ စိတ်အသစ်ကြောင့် စိတ်ပျိုကိုယ်နုဖြင့် ဘဝအသစ်ပြန်လည်ရရှိသကဲ့သို့ ခံစားရနိုင်ခြင်း စသည့်အချက်များကြောင့် နေ့စဉ်ဘဝလှုပ်ရှားမှု Quality of Life ပိုမိုကောင်းမွန်လာနိုင်သည့် ကောင်းကျိုးများကို ရရှိစေနိုင်ပါသည်။
ယခုအခါ ISEC နိုင်ငံတကာမျက်စိအထူးကုဆေးရုံတွင် ခေတ်မီနည်းပညာ Phacoemulsification နည်းဖြင့် အတွင်းတိမ်ခွဲစိတ်မှုပြုလုပ်နိုင်တဲ့အတွက် ခွဲစိတ်ချိန်မြန်ဆန်ခြင်း၊ နာကျင်မှုလုံးဝမရှိခြင်း၊ ဓားခွဲရာမရှိခြင်း၊ ချုပ်ရိုးမပါခြင်း၊ ခွဲစိတ်ပြီးနောက် အမြင်အားပိုမိုကောင်းမွန်ခြင်း၊ နောက်ဆက်တွဲဆိုးကျိုးများ မရှိသလောက်နည်းပါးခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။
📞သင်၏ အဖိုးထိုက်တန်လှသော အမြင်အာရုံနှင့် ပတ်သက်သော ဝေဒနာအမျိုးမျိုးအတွက် ISEC မျက်စိအထူးကုဆေးရုံကြီးမှာ လာရောက်ဆွေးနွေးကုသလိုက်ပါ။
အသေးစိတ်သိရှိလိုပါက~
🏥ISEC နိုင်ငံတကာမျက်စိဆေးရုံ
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်၊ မြန်မာ။
🏥ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.
☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 [email protected]
🌐 www.isecmyanmar.com.mm

Share On

Warning: Array to string conversion in /www/wwwroot/isecmyanmar.com.mm/wp-content/themes/isecmyanmar/functions.php on line 415
Array

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821