အတွင်းတိမ်ခွဲစိတ်ရာတွင် အစားထိုးထည့်သည့် မှန်ဘီလူးများ အကြောင်းသိကောင်းစရာ
Blog Post

အတွင်းတိမ်ခွဲစိတ်ရာတွင် အစားထိုးထည့်သည့် မှန်ဘီလူးများ အကြောင်းသိကောင်းစရာ

Published on 4th February, 2021

ဆလင်ဒါဖျောက်သည့် မှန်ဘီလူး (Toric IOL) – အကယ်၍ အတွင်းတိမ်ရှိသောသူသည် မျက်ကြည်လွှာတွင် ဆလင်ဒါပါရှိပါက အတွင်းတိမ်ခွဲစိတ်ပြီး ပုံမှန်မှန်ဘီလူး အစားထိုးထည့်သည့်တိုင် ပြတ်သားမှု မရှိပါ။ ထို့ကြောင့် အတွင်းတိမ်ခွဲစိတ်သည့်အခါ ဆလင်ဒါဖျောက်သည့် မှန်ဘီလူး (Toric IOL) ထည့်မှသာ ပြတ်သားစွာ မြင်ရနိုင်ပါသည်။

အဝေး၊အနီးပါသော မှန်ဘီလူး (Multi-focal IOL) – ပုံမှန်အားဖြင့် အတွင်းတိမ်ခွဲစိတ်ပြီးလျှင် အဝေးကြည့်ကို ရှင်းရှင်းလင်းလင်း မြင်ရသော်လဲ အနီးကြည့်ကို စာကြည့်မျက်မှန်တပ် ရမည်ဖြစ်သည်။ ယခုအခါ အဝေး၊အနီးပါသော မှန်ဘီလူး (Multi-focal IOL) သုံး၍ အတွင်းတိမ်ခွဲစိတ်ပြီးနောက် စာကြည့်မျက်မှန် အသုံးပြုရန် မလိုတော့ပါ။

အထက်ပါ မှန်ဘီလူးများထည့်သွင်းခြင်းအတွက် ISEC နိုင်ငံတကာမျက်စိအထူးကုဆေးရုံကြီးတွင် အမေရိကန်နိုင်ငံထုတ် ကမ္ဘာ့အကောင်းဆုံး (Toric IOL) ၊ (Multi-focal IOL) မှန်ဘီလူး များ အစားထိုးခွဲစိတ်ကုသပေးခြင်းအား Singapore နိုင်ငံ မှ Training ရယူခဲ့သော ISEC နိုင်ငံတကာမျက်စိအထူးကုဆေးရုံကြီးမှ ကျွမ်းကျင်ဆရာဝန်ကြီးများ ကိုယ်တိုင် ခွဲစိတ်ကုသပေးနေပါကြောင်းသတင်းကောင်းပါးလိုက်ပါတယ်နော်။

Share On

Warning: Array to string conversion in /www/wwwroot/isecmyanmar.com.mm/wp-content/themes/isecmyanmar/functions.php on line 415
Array

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821