အတွင်းတိမ်ရောဂါအကြောင်းသိကောင်းစရာ
Blog Post

အတွင်းတိမ်ရောဂါအကြောင်းသိကောင်းစရာ

Published on 4th February, 2021

  • အတွင်းတိမ်ရောဂါသည် မြန်မာနိုင်ငံတွင် အဖြစ်အများဆုံးမျက်စိရောဂါဖြစ်ပြီး မျက်စိကွယ်နိုင်သည့် မျက်စိရောဂါ တစ်မျိုးဖြစ်ပါတယ်။
  • မျက်လုံးအတွင်းရှိ သဘာ၀က ပေးထားသော မှန်ဘီလူးသည် ကြည်လင်မှုမရှိတော့ဘဲ နောက်ကျိသွားခြင်းကို အတွင်းတိမ် လိုခေါ်ပါတယ်။

ဖြစ်ပွားစေရတဲ့ အဓိကအကြောင်းအရင်းများကတော့ –

  • အသက်အရွယ်ကြီးရင့်သူများ(အသက် ၅၀ နှစ်အထက်) ဖြစ်ခြင်း
  • နေရောင်အောက်တွင် အချိန်ကြာမြင့်စွာ အလုပ်လုပ်ရခြင်း၊ မျက်စိထိခိုက်ဒဏ်ရာရခြင်း
  • ဆီးချို၊ သွေးတိုးရောဂါ ဖြစ်ခြင်း၊ စတီးရွိုက်ကဲ့သို့သော ဆေးများကြာရှည်သုံးစွဲခြင်း
  • မွေးရာပါအတွင်းတိမ်ရောဂါဖြစ်ခြင်း

အဓိကလက္ခဏာတွေကတော့ –

  • တဖြည်းဖြည်းအမြင်မှုန်ဝါးလာခြင်း၊ အလင်းစူးခြင်း
  • အသက်အရွယ်ကြီးရင့်သော်လည်း အနီးကြည့် ပြန်လည်ကောင်းမွန်လာခြင်း
  • မျက်စိတစ်လုံးထဲဖြင့် ကြည့်ချိန်တွင် ရုပ်ပုံနှစ်ထပ်ဖြစ်နေခြင်း
  • နေဝင်ရီတရောအချိန်/အလင်းမှိန်သော အိမ်ခန်းအတွင်း၌ အမြင်အာရုံပိုကောင်းခြင်း
  • မျက်စိကို လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်လျှင် သူငယ်အိမ်နေရာတွင် ဖြူနေခြင်း

အတွင်းတိမ်ရောဂါကို ကုသပျောက်ကင်းဖို့အတွက်ဆိုရင် အတွင်းတိမ်ကို ခွဲစိတ်ကုသပြီး မျက်တွင်းမှန်ထည့်ခြင်းဖြင့် ကုသပျောက်ကင်း၍ အမြင်အာရုံပြန်လည်ရနိုင်ပါသည်။

အတွင်းတိမ်နှင့် မျက်ကြည်လွှာဆလင်ဒါ- အတွင်းတိမ်ရှိသောသူသည့် မျက်ကြည်လွှာတွင် ဆလင်ဒါပါရှိပါက အတွင်းတိမ်ခွဲစိတ်ပြီး ပုံမှန် မှန်ဘီလူးထည့်သည်တိုင် ဆလင်ဒါကြောင့် ပြတ်သားမှုမရှိပါ။ ဆလင်ဒါဖျောက်သည့်မှန်ဘီလူး ထည့်ပါက ပြတ်သားစွာမြင်ရနိုင်ပါသည်။

အတွင်းတိမ်ခွဲစိတ်မှုနှင့်အနီးမှုန်ခြင်း- ပုံမှန်အားဖြင့် အတွင်းတိမ်ခွဲစိတ်ပြီးလျှင် အဝေးကြည့်ကို ကြည်ကြည်လင်လင်မြင်ရပြီး အနီးကြည်ကို စာကြည်မျက်မှန်တပ်ရမည်ဖြစ်ပါသည်။ အနီးအဝေးပါသော မှန်ဘီလူးဖြင့် အတွင်းတိမ်ခွဲစိတ်ရာတွင် စာကြည်မျက်မှန်မလိုအောင်ခွဲစိတ်နိုင်ပါသည်။

ISEC နိုင်ငံတကာမျက်စိအထူးကုဆေးရုံကြီး ၏ ထူးခြားသော ဝန်ဆောင်မှုမှာ အတွင်းတိမ်ရောဂါခွဲစိတ်ရာတွင် ဆလင်ဒါဖျောက်သော ဝန်ဆောင်မှုနှင့် အနီးအဝေး တပြိုင်တည်းမြင်ရသော ဝန်ဆောင်မှုတို့ကို ကမ္ဘာအကောင်းဆုံး U.S.A နိုင်ငံထုတ် မှန်ဘီလူးဖြင့် စင်ကာပူနိုင်ငံမှ Training ယူထားသော မျက်စိအထူးကု ဆရာဝန်ကြီးများ ကိုယ်တိုင် ခွဲစိတ်ကုသပေးနေပြီးဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

Related Post

Eye Care Specialist

Book Appointment

Schedule your consultation with our experienced eye specialists today.

Medical Care Operator

09448282821