ဖုန်းကြည့်တာများလို့ မျက်စိညောင်းနေပြီလား? 20-20-20 Rule ကို သုံးကြည့်ရအောင်!
Published on 14th January, 2026
ဖုန်းကြည့်တာများလို့ မျက်စိညောင်းနေပြီလား? 20-20-20 Rule ကို သုံးကြည့်ရအောင်!
အလုပ်လုပ်ရင်းဖြစ်ဖြစ် Social Media သုံးရင်းဖြစ်ဖြစ် Screen ကို စိုက်ကြည့်နေတဲ့အခါ မျက်တောင်ခတ်ဖို့ မေ့သွားတတ်ကြပါတယ်။ ဒီလိုအပြုမူဟာ မျက်စိခြောက်သွေ့မှုနဲ့ မျက်စိပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေပါတယ်.😣
🤩ဒါကို ကာကွယ်ဖို့ 20-20-20 Rule ဆိုတာလေးကျင့်သုံးကြည့်ဖို့လိုပါတယ်…
👉မိနစ် ၂၀ တိုင်း ဖုန်း (သို့) screen ကိုကြည့်ပီးတဲ့အခါ မျက်စိကို screen ကနေခဏခွာလိုက်ပါ
👉စက္ကန့် ၂၀ ကြာ မျက်စိကို အနားပေးတဲ့အနေနဲ့
👉ပေ ၂၀ အကွာအဝေး (သို့မဟုတ်) ခပ်လှမ်းလှမ်းက အရာတစ်ခုခု (ဥပမာ ပြတင်းပေါက်အပြင်က သစ်ပင်စိမ်းစိမ်းလေးတွေ) ကို ကြည့်ပေးပါ
💡 ဘာကြောင့် ဒီ Rule က အရေးကြီးတာလဲ?
✔️အနီးကိုပဲ စိုက်ကြည့်နေရတဲ့ မျက်စိကြွက်သားတွေကို အဝေးကြည့်ခိုင်းခြင်းဖြင့် မျက်စိကြွက်သားများကိုဖြေ လျှော့ပေးခြင်းဖြစ်ပါတယ်
✔️အနားပေးနေစဉ်အတွင်း မျက်တောင်ပုံမှန်ခတ်ပေးခြင်းဖြင့် မျက်ရည်ကြည်ထွက်နှုန်းကို ပြန်လည်ထိန်းညှိပေးပြီး မျက်စိခြောက်သွေ့မှုကို သက်သာစေပါတယ်
✔️Digital Eye Strain ကြောင့်ဖြစ်တဲ့ မျက်ရိုးကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း နဲ့ ဇက်ကြောတက်တာတွေကို သက်သာစေပါတယ်
မျက်စိကျန်းမာရေးနဲ့ ပတ်သက်ပြီး ပိုမိုသိရှိလိုတာ စစ်ဆေးကုသလိုတာမှန်သမျှ ISEC Myanmar ကို အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်နော်
📞 09 44 82 82 82 1, 09 44 82 82 82 2, 09 45 82 82 133
🏥 A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။