ရေတိမ်ရောဂါအကြောင်း သိကောင်းစရာ
Blog Post

ရေတိမ်ရောဂါအကြောင်း သိကောင်းစရာ

Published on 7th June, 2021

မျက်စိနှင့် ပတ်သက်သည့် ရောဂါဝေဒနာများထဲမှ အဖြစ်များပြီး ဂရုတစိုက်ကုသသင့်သည် ရေတိမ်ရောဂါအကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

ရေတိမ်ရောဂါ ဆိုသည်မှာ
၁။ မျက်လုံးရေပေါင်ချိန်တက်ခြင်း။
၂။ မြင်ကွင်းကျဉ်း၍ အမြင်အားကျလာခြင်း။
၃။ အာရုံကြောချို့ယွင်းလာခြင်း စသည့် လက္ခာဏာ သုံးမျိုးလုံးရှိနေခြင်းပဲဖြစ်ပါတယ်။

ရေအိမ်ရောဂါတွင် ထောင့်ကျဉ်းရေတိမ်ရောဂါနှင့် ထောင့်ကျယ်ရေတိမ်ရောဂါဆိုပြီး ၂ မျိုးရှိပါတယ်။

၁။ ထောင့်ကျဉ်းရေတိမ်ရောဂါလက္ခဏာများကတော့ – ရုတ်တရက်မျက်လုံးကိုက်ခြင်း၊ ရုတ်တရက်မျက်စိမှုန်ဝါးခြင်း၊ မျက်လုံးနီရဲခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေပျို့အန်ခြင်း၊ မီးရောင်များကြည့်လျှင် မီးရောင်အကွင်းများမြင်ရခြင်းတို့ပဲဖြစ်ပါတယ်။
၂။ ထောင့်ကျယ်ရေတိမ်ရောဂါမှာတော့ မည်သည့်လက္ခဏာမှ စောလျင်စွာပြသခြင်းမရှိပေ။ ပထမအဆင့်တွင် မျက်စိနာကျင်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ မျက်စိနီခြင်းများမရှိပဲ ၊ ဒုတိယအဆင့်အနေဖြင့် အာရုံကြောချို့ယွင်း၍ အမြင်အားနှင့် မျက်ကွင်းများသိသာစွာ ကျဆင်းမှာသာလျှင် ရောဂါရှိကြောင်းသိရှိနိုင်နိုင်မည်ဖြစ်ပါသည်။

ရေတိမ်ရောဂါအကြောင်းနှင့် ရောဂါလက္ခဏာများအကြောင်းကို သိရှိပြီးတဲ့နောက် ရေတိမ်ရောဂါအဖြစ်များနိုင်သူများအကြောင်းကိုလဲ ပြောပြပေးသွားမှာဖြစ်ပါတယ်။

ရေတိမ်ရောဂါအဖြစ်များသူများကတော့ ….

၁. မိသားစုမျိုးရိုးတွင် ရေတိမ်ရောဂါရှိသူများ
၂. ဆီးချို သွေးတိုးရှိသူများ
၃. မျက်မှန်ပါဝါများသူများ
၄. အသက်ကြီးသူများ
၅. Steroid ဆေးကြာရှည်စွာသုံးစွဲသူများ
၆. ရေပေါင်ချိန်များပြီး မျက်ကြည်လွှာပါးသူများနှင့်
၇. မျက်လုံးသွေးကြောပိတ်ဖူးသူများပဲ ဖြစ်ပါတယ်။

ရေတိမ်ရောဂါဖြစ်ပွားနေပြီဆိုပါက မျက်စိဆရာဝန်နှင့် သေချာတွေ့ဆုံပြီးကုသနိုင်သော နည်းလမ်းများမှာ

၁. မျက်စဉ်းခတ်ခြင်းနှင့် ဆေးသောက်ခြင်း
၂. လေဆာပစ်ခြင်းနှင့်
၃. ခွဲစိတ်ခြင်းတို့ပဲဖြစ်ပါတယ်။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည်ဆိုသည့်အတိုင်း ရေတိမ်ရောဂါမဖြစ်ပွားအောင် ကာကွယ်နိုင်မည့် နည်းလမ်းများမှာ – ရောဂါဖြစ်ပွားနိုင်သည်ဟု သံသယရှိသည်နှင့်

၁. စောလျင်စွာ သိရှိနိုင်ရန် မျက်စိဆရာဝန်နှင့် သေချာစမ်းသပ်စစ်ဆေးခြင်း
၂. ထောင့်ကျဉ်း ရေတိမ်အား ကြိုတင် လေဆာပစ်၍ ကာကွယ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

မျက်စိနဲ့ပတ်သတ်ပီး လူကြီးမင်များ သိရှိလိုသည့် အသေးစိတ် အချက်အလက်များကို ISEC Eye Centre Myanmar ရဲ့ Messenger m.me/ISECEyeCentreMyanmar မှ (24/7)ဆက်သွယ်စုံစမ်းခြင်းဖြင့်လည်းကောင်း ၊ ဖုန်း +95 9 448282821~2 သို့လည်းကောင်း ဆက်သွယ်စုံစမ်းလိုရပါတယ်နော်။

သန့်ရှင်းသပ်ရပ်ပြီး ပိုးကင်းစင်သော ISEC Eye Centre Myanmar
A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်၊ မြန်မာ။
Tel:+95 1 386 800, +95 9 448282821
[email protected]
www.isecmyanmar.com.mm

Share On

Warning: Array to string conversion in /www/wwwroot/isecmyanmar.com.mm/wp-content/themes/isecmyanmar/functions.php on line 415
Array

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821