Age-related Macular Degeneration
Blog Post

Age-related Macular Degeneration

Published on 5th May, 2023

အမြင်လွှာပျက်စီးခြင်း (𝐀𝐠𝐞-𝐫𝐞𝐥𝐚𝐭𝐞𝐝 𝐌𝐚𝐜𝐮𝐥𝐚𝐫 𝐃𝐞𝐠𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐨𝐫 𝐀𝐌𝐃) သို့မဟုတ်
သက်ကြီးပိုင်းများတွင် အဖြစ်များသည့် မျက်စိကွယ်စေသည့် နာတာရှည်မျက်စိရောဂါ
➡️ AMD ဆိုတာ
မျက်စိအမြင်လွှာ အလယ်ပိုင်းသည် တဖြည်းဖြည်း ယိုယွင်းပျက်စီးလာပြီး အမြင်အာရုံကို ဆိုးဆိုးဝါးဝါး ကျဆင်းစေနိုင်သော နာတာရှည်မျက်စိရောဂါတစ်မျိုးဖြစ်သည်။
➡️ ဘယ်သူတွေမှာဖြစ်တတ်လဲ
အသက်အရွယ်ကြီးသူများတွင်သာ အတွေ့ရအများဆုံးဖြစ်သည်။
➡️ စောစီးလျင်မြန်စွာ သိစေနိုင်သည့် အချက်များ
အမြင်လွှာအလယ်ပိုင်းတွင်ဝါးလာခြင်း၊ ပုံရိပ်များပုံစံမမှန်ခြင်း စသည့် လက္ခဏာများမှာ အစောပိုင်း လက္ခဏာများအဖြစ် တွေ့ရတတ်သည်။
‼️ ဆေးလိပ်သောက်ခြင်း၊ သွေးတိုးရောဂါရှိခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ သွေးတွင်းအဆီများခြင်း၊ အဝလွန်ခြင်း ရှိသည့်သူများသည် AMD ရောဂါ ပိုမိုဖြစ်နိုင်သည့် အလားအလာရှိသည့် အပြင်၊ ရောဂါဖြစ်ပွါးပြီးသူများတွင် ရောဂါပိုမိုဆိုးရွားစေသည် ‼️
AMD ကို Dry AMD နှင့် Wet AMD ဆိုပြီး အမျိုးစား (၂) မျိုး ခွဲခြားနိုင်ပါသည်။
🔹Dry AMD

  • AMD လူနာအများစုတွင် တွေ့ရတတ်သည့် အမျိုးအစားဖြစ်သည်။
  • အမြင်လွှာအလယ်တည့်တည့်နေရာသည် အသက်အရွယ်အရ တ‌ဖြည်းဖြည်းပါးလာခြင်းကြောင့် မြင်ကွင်းအလယ်တွင် အကွက်အမဲလိုက်မြင်ရခြင်း၊ ပုံရိပ်များပုံစံမမှန်ခြင်းတို့ တွေ့ရနိုင်ပါသည်။
    🔹Wet AMD
  • Wet AMD အမျိုးအစားသည် ဖြစ်ခဲသော်လဲ ပိုမိုဆိုးရွားသော အမျိုးအစားဖြစ်သည်။
  • အမြင်လွှာတွင် သွေးကြောများအသစ်ဖြစ်လာခြင်းကြောင့် အမြင်လွှာဖောင်းခြင်းဖြစ်ကာ အမြင်အား ရုတ်တရက်ကျဆင်းနိုင်ပါသည်။
    အရှင်းပျောက်အောင် ကုသနိုင်မလား ??????
    👉ကုသခြင်းအနေဖြင့် ပိုမိုပြင်းထန်သော အမျိုးအစားဖြစ်သည့် Wet AMD အမျိုးအစားကို မျက်လုံးထဲ ဆေးထိုးခြင်းဖြင့် ပိုမိုဆိုးရွားမလာအောင် ဟန့်တားကုသနိုင်ပါသည်။
    ကြိုတင်ကာကွယ်နိုင်မလား ???
    👉AMD သည် ပြင်းထန်သောအဆင့်ရောက်မှသာ အမြင်အားကျဆင်းပြီး သတိထားမိကြသည်။ ထို့ကြောင့် ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းသည် ဆိုသည့်အတိုင်း AMD ကြောင့် မျက်စိကွယ်ခြင်းများ မဖြစ်ရလေအောင် အသက်အရွယ်ကြီးသူများနှင့် ရောဂါဖြစ်နိုင်ခြေ အလားအလာရှိသူများ(High risk person) အနေဖြင့် မျက်စိဆရာဝန်များနှင့် ပုံမှန်ပြသစစ်ဆေးပီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ပါသည်။
    👁 သင်၏ အဖိုးထိုက်တန်လှသော အမြင်အာရုံအတွက် AMD နှင့် အခြားသော မျက်စိရောဂါဆိုင်ရာ ဝေဒနာအမျိုးမျိုးကြောင့် မြင်လွှာဆုံးရှုံးခြင်းများ မဖြစ်ရလေအောင် ISEC မျက်စိအထူးကုဆေးရုံကြီးမှာ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် အမြန်ဆုံး လာရောက်ဆွေးနွေးကုသလိုက်ပါ 👁
    အသေးစိတ်သိရှိလိုပါက
    🏥𝐈𝐒𝐄𝐂 နိုင်ငံတကာမျက်စိဆေးရုံ
    🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
    🏥𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫
    A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon,Myanmar.
    ☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
    📧 [email protected]
    🌐 www.isecmyanmar.com.mm
Share On

Warning: Array to string conversion in /www/wwwroot/isecmyanmar.com.mm/wp-content/themes/isecmyanmar/functions.php on line 415
Array

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821