Age-Related Macular Degenration
Blog Post

Age-Related Macular Degenration

Published on 5th February, 2024

ISEC Myanmar ရဲ့ လစဉ်မျှဝေနေကျဖြစ်တဲ့ Eye Awareness အစီအစဉ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ 💁‍♂️

✨ဒီလအတွက် Awareness အနေနဲ့ အမြင်လွှာပျက်စီးခြင်း (𝐀𝐠𝐞-𝐫𝐞𝐥𝐚𝐭𝐞𝐝 𝐌𝐚𝐜𝐮𝐥𝐚𝐫 𝐃𝐞𝐠𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐨𝐫 𝐀𝐌𝐃) သို့မဟုတ် သက်ကြီးပိုင်းများမှာ အဖြစ်များတဲ့ မျက်စိကွယ်စေသည့် နာတာရှည်မျက်စိရောဂါအကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

✨AMD မှာ Dry AMD နဲ့ Wet AMD ဆိုတဲ့ အမျိုးအစား (၂) မျိုးခွဲခြားနိုင်ပြီး မျက်စိအမြင်လွှာ အလယ်ပိုင်းက တဖြည်းဖြည်း ယိုယွင်းပျက်စီးလာကာ အမြင်အာရုံကို ဆိုးဆိုးဝါးဝါး ကျဆင်းစေနိုင်တဲ့ နာတာရှည်မျက်စိရောဂါတစ်မျိုးဖြစ်ပါတယ်။

✨အသက်အရွယ်ကြီးတဲ့သူတွေမှာ အများဆုံးဖြစ်လေ့ရှိပြီး အမြင်လွှာအလယ်ပိုင်းတွင်ဝါးလာခြင်း၊ ပုံရိပ်များပုံစံမမှန်ခြင်းတွေကို အစောပိုင်း လက္ခဏာများအဖြစ် တွေ့ရတတ်ပါတယ်။

✨ဆေးလိပ်သောက်တဲ့သူတွေ၊ သွေးတိုး ဆီးချို ရောဂါရှိတဲ့သူတွေ၊ သွေးတွင်းအဆီများတဲ့သူတွေနဲ့ အဝလွန်တဲ့သူတွေက AMD ရောဂါ ပိုမိုဖြစ်နိုင်ပါတယ်။

✨AMD က ပြင်းထန်တဲ့အဆင့်ရောက်မှသာ အမြင်အားကျဆင်းပြီး သတိထားမိကြတာမို့ မျက်စိကွယ်ခြင်း မဖြစ်ရလေအောင် ဆရာဝန်တွေနဲ့ ကြိုတင်စစ်ဆေးမှုတွေ ပြုလုပ်သင့်ကြောင်း အကြံပေးလိုက်ပါတယ်နော်။

👨‍⚕လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိလှတဲ့ မျက်စိတစုံကို အမြဲကြည်လင်ပြတ်သားစွာဖြစ်နေစေဖို့ ISEC နိုင်ငံတကာမျက်စိဆေးရုံကြီးတွင် စင်ကာပူမှ အတွင်းတိမ်အထူးကုဘွဲ့လွန်ယူထားတဲ့ မျက်စိဆရာဝန်ကြီးများနှင့် လာရောက်ပြသစစ်ဆေးပြီး ခွဲစိတ်ကုသမှုပြုလုပ်ရန် ဆွေးနွေးကြည့်နိုင်ပါတယ်ရှင်။

အသေးစိတ်သိရှိလိုပါက~
🏥𝐈𝐒𝐄𝐂 နိုင်ငံတကာမျက်စိဆေးရုံ
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.
☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 [email protected]
🌐 www.isecmyanmar.com.mm

Share On

Warning: Array to string conversion in /www/wwwroot/isecmyanmar.com.mm/wp-content/themes/isecmyanmar/functions.php on line 415
Array

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821