အတွင်းတိမ်ခွဲစိတ်ခြင်း နှစ်သစ်ကူး အထူးစျေးနှုန်း
Events & Promotions

အတွင်းတိမ်ခွဲစိတ်ခြင်း နှစ်သစ်ကူး အထူးစျေးနှုန်း

Published on 5th April, 2022

အတွင်းတိမ် ခွဲစိတ်ခြင်းကို နှစ်သစ်ကူး အထူးစျေးနှုန်း ၉ သိန်းခွဲကျပ်ဖြင့် April ၁ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ISEC နိုင်ငံတကာ မျက်စိဆေးရုံကြီးတွင် ခွဲစိတ်ကုသနိုင်ပါပြီ။

မျက်စိရောဂါဝေဒနာများထဲ မျက်စိအတွင်းတိမ် ခွဲစိတ်ခြင်း အကြောင်းနှင့် ခွဲစိတ်မှုနှင့်ပတ်သတ်သည့် သိသင့်သည်များအား ဝေမျှပေးလိုက်ပါသည်။

🔹 အတွင်းတိမ် ဆိုတာဘာလဲ။
အတွင်းတိမ်ဆိုတာ မျက်လုံးထဲရှိ မွေးရာပါမှန်ဘီလူးမှာ အညှိအကြေးတွေတက်ပြီး တဖြည်းဖြည်းနှင့် အမြင်ဝါးလာခြင်း ဖြစ်ပါတယ်။

🔹 အတွင်းတိမ် ခွဲနည်းဘာတွေရှိလဲ။
အတွင်းတိမ်ကို စက်နဲ့ခွဲတာ၊ လက်နဲ့ခွဲတာ ဆိုပြီး နည်း(၂)နည်း ရှိပါမယ်။
စက်နဲ့ခွဲတာရဲ့ အားသာချက်တွေကတော့ ချုပ်ရိုးမရှိတာကြောင့် အနာမကျက်တာ ချုပ်ရိုးပြည်တည်တာမျိုးတွေ မရှိပါဖူး။ ခွဲစိတ်ပြီးနောက် အမြင်အား သိသိသာသာတက်သလို၊ ခွဲစိတ်ပြီးနောက် ဖြစ်နိုင်သော အမြင်လွှာ ရောင်ရမ်းမှုများလဲ မရှိသလောက်နဲပါတယ်။
အရမ်း ရင့်သွားတဲ့ အတွင်းတိမ်တွေ ဆိုရင်တော့ စက်နဲ့ခွဲဖို့ မသင့်လျော်တဲ့အတွက် လက်နဲ့ပဲ ခွဲရပါလိမ့်မယ်။

🔹 အတွင်းတိမ် ရှိမှန်းသိရင် ဘယ်အချိန်မှာ ခွဲသင့်လဲ။
အတွင်းတိမ် ဆိုတာ အသက်ကြီးလို့ ဖြစ်လာတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်တဲ့အတွက် လူတိုင်းအနှေးနဲ့ အမြန်တော့ အတွင်းတိမ်ခွဲဖို့ လိုအပ်ပါလိမ့်မယ်။ အတွင်းတိမ်ရှိကြောင်း သိနေရင်တော့ မိမိတို့ အဆင်ပြေသင့်လျော်တဲ့အချိန်မှာ စောလျင်စွာ အတွင်းတိမ် ခွဲစိတ်မှုကို ပြုလုပ်သင့်ပါတယ်။ အတွင်းတိမ်ရင့်တဲ့ အထိစောင့်တဲ့အခါ စက်နဲ့ခွဲလို့မရတဲ့ အခြေအနေမျိုးထိ ဖြစ်သွားနိုင်တာမျိုးတွေကြောင့် အသိနောက်မကျဖို့လဲ လိုအပ်ပါတယ်။

🔹 အတွင်းတိမ်ခွဲပီး ဘယ်လောက်ကြာမှ အမြင်အားတက်လာမှာလဲ။
အတွင်းတိမ်အနုအရင့်၊ အမြင်လွှာအနေအထား၊ မျက်ကြည်လွှာ အနေအထားပေါ်မူတည်ပြီး ခွဲစိတ်ပြီး နောက်တရက်မှစတင်ပြီး အမြင်အား သိသိသာသာ တက်လာပါတယ်။

🔹 အတွင်းတိမ်ခွဲပီးရင် လူမမာလို အိပ်ရာထဲလှဲနေရမှာလား။
အတွင်းတိမ် ခွဲစိတ်ပြီးတဲ့အခါ အိမ်ရာထဲ လှဲနေစရာ မလိုပါ။ ပုံမှန်လူကဲ့သို့ အိမ်ထဲတွင် စားသောက် လှုပ်ရှား သွားလာနိုင်ပါတယ်။

🔹 အတွင်းတိမ်ခွဲတာ အန္တရာယ်များလား။ အောင်မြင်ဖို့ ရာခိုင်နှုန်းရော ဘယ်လောက်ရှိလဲ။
အတွင်းတိမ်ခွဲစိတ်ခြင်းက ယေဘူယျအားဖြင့် ဘေးထွက် အန္တရာယ်အလွန်နည်းပါး ပါတယ်။ အောင်မြင်မှုရာခိုင်နှုန်းကလဲ 99.99% ရှိပါတယ်။

🔹 အသက်ကြီးတဲ့သူတွေ၊ သွေးတိုး၊ ဆီးချိုရှိတဲ့သူတွေ၊ နှလုံးစက်ထည့်ထားတဲ့သူတွေ၊ နှလုံးသွေးကြော ဆက်ထားတဲ့သူတွေရော အတွင်းတိမ်ခွဲလို့ ရလား။
အသက်ကြီးတဲ့သူတွေ၊ အခြားရောဂါအခံရှိတဲ့သူတွေလဲ မျက်စိအတွင်းတိမ်ခွဲစိတ်မှု ပြုလုပ်နိုင်ပါတယ်။
အချို့လူနာများကတော့ မိမိတို့ ပြသနေကျ သမားတော်တွေရဲ့ ခွဲစိတ်ဖို့ သဘောတူကြောင်း လိုအပ်ပါလိမ့်မယ်။

🔹 အတွင်းတိမ်ခွဲရင် ဘယ်လောက်ကြာလဲ။ ဆေးရုံမှာ ညအိပ်ရမလား။
အတွင်းတိမ်ခွဲစိတ်မယ်ဆိုရင် ခွဲစိတ်ချိန်သည် ပုံမှန်အားဖြင့် ၁၅-၂၀မိနစ်ကြားမှာ ရှိပါတယ်။ ဆေးရုံမှာ ညအိပ်စရာ မလိုအပ်ပါ။

🔹 အတွင်းတိမ် ခွဲပီးနောက် ပြုစုဖို့ သူနာပြုလိုလား။
အတွင်းတိမ် ခွဲစိတ်ပြီးနောက် လိုအပ်သည်များကို ဆေးရုံမှ သူနာပြုများက အသေးစိတ်ရှင်းပြပါတယ်။ အိမ်သားတယောက်ယောက်အကူအညီနဲ့ ပြုစုပေးနိုင်ပါတယ်။

🔹 အတွင်းတိမ် ခွဲပီးရင် နောက်တခါထပ်ဖြစ်နိုင်သေးလား။
အတွင်းတိမ် ခွဲပြီးတဲ့အခါ မှန်ဘီလူးအသစ်ကို အစားထိုးထည့်ပေးခဲ့တာ အတွက်ကြောင့် အတွင်းတိမ် နောက်တခေါက်ထပ်မဖြစ်နိုင်ပါ။ ထည့်ထားတဲ့ မှန်ဘီလူးမှာ အညှိအကြေးများ အနည်းငယ်ရှိလာပါက လေဆာအသုံးပြု၍ သန့်ရှင်းရေး ပြုလုပ်နိုင်ပါတယ်။

🗨️ မျက်စိနဲ့ ပတ်သတ်ပီး လူကြီးမင်းများ သိရှိလိုသည့် အသေးစိတ် အချက်အလက်များကို ISEC မျက်စိရောဂါ အထွေထွေနှင့် အတွင်းတိမ် အထူးကု ဆေးရုံကြီးရဲ့ Messenger m.me/ISECEyeCentreMyanmar မှ (24/7) ဆက်သွယ် စုံစမ်း ခြင်းဖြင့်လည်းကောင်း၊ ဖုန်း +95 9 448282821~2 သို့လည်းကောင်း ဆက်သွယ် စုံစမ်းလို့ ရပါတယ်။

🏥 ISEC Eye Centre Myanmar

A5, MinYeKyawSwar Street, MinYeKyawSwar Business Building,
Corner of St.John City Mall, Lanmadaw Township,
Yangon, Myanmar.

☎️ Tel:+95 1 386 800, 📞+95 9 448282821

📧 [email protected]

🌐 www.isecmyanmar.com.mm

Share On

Warning: Array to string conversion in /www/wwwroot/isecmyanmar.com.mm/wp-content/themes/isecmyanmar/functions.php on line 415
Array

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821