Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the acf domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /www/wwwroot/isecmyanmar.com.mm/wp-includes/functions.php on line 6131
ISEC Eye Centre Myanmar |Cataract FAQ - ISEC Eye Centre Myanmar
Cataract FAQ
Blog Post

Cataract FAQ

Published on 1st September, 2023

အတွင်းတိမ်ခွဲစိတ်လိုသော လူနာများမေးလေ့ရှိသော မေးခွန်းများ 👩‍⚕️
၁။ အတွင်းတိမ်ခွဲပြီး ဘယ်နှစ်ရက်လောက် နေရင် လုပ်ငန်းခွင်ပြန်ဝင် လို့ရမလဲ?
🔹ပုံမှန်အတွင်းတိမ်ခွဲပြီး နှစ်ပါတ်လောက်နေရင် လုပ်ငန်းခွင်ပြန်ဝင်လို့ရပါတယ် ထူးခြားတဲ့လူနာဆိုရင်တော့လူနာတဦးချင်းစီ အတွက်ကို ခွဲစိတ်ပြီးဆရာဝန်က ထပ်ပြီးအသေးစိတ်ရှင်းပြပေးပါတယ်။
၂။ နယ်ကလာရမှာမို့အတွင်းတိမ်ခွဲရင်ရန်ကုန်မှာဘယ်နှစ်ရက်လောက်နေရမလဲ?
🔹အတွင်းတိမ်ခွဲစိတ်ပြီး ဆေးရုံတတ်ရန်မလိုပါ။ သို့သော် နယ်မှလာသောလူနာဆိုလျှင် ရန်ကုန်မှာ ၅-၇ ရက်လောက်နေနိုင်လျှင် အတွင်းတိမ်ခွဲစိတ်နိုင်ပါတယ်ရှင်။
၃။ မျက်စိတဖက်နဲ့တဖက်အချိန်ဘယ်လောက်ခွာပြီးခွဲရမလဲ တပြိုင်နက်ထဲခွဲလို့ရလား?
🔹တပြိုင်တည်း ၂ ဘက်လုံး မခွဲပါ။စက်နဲ့ခွဲတာ ဖြစ်တဲ့အတွက် တဖက်နဲ့တဖက် ၁ ရက်ခြားပြီးခွဲစိတ်လို့ရနိုင်ပါတယ်ရှင်။
၄။ နယ်ကလာပြရမှာမို့ချက်ခြင်းခွဲလို့ရလား?
🔹အတွင်းတိမ် ခွဲစိတ်ရန် လိုအပ်သော စစ်ဆေးမှု့များက နေ့ချင်းပြီး ရရှိနိုင်တာမို့ မိမိမျက်လုံး ပါဝါအနေအထား နှင့်ကျန်းမာရေး ပေါ်မူတည်ပြီး နေ့တွင်းချင်း ခွဲစိတ်ကုသမှု့ ခံယူနိုင်ပါတယ် ခွဲပြီးဆေးရုံမှာ ညအိပ်စရာမလိုဘဲ အိမ်ပြန်နားနိုင်ပါတယ်။
၅။ အတွင်းတိမ်ရှိတာသိပြီးဘယ်အချိန်မှာခွဲရမှာလဲ?
🔹အတွင်းတိမ်ကို စက်နဲ့ခွဲရန် တိမ်မရင့်သေးခင်မှာ ခွဲစိတ်ရပါတယ်။ သို့မှသာ လူနာလည်း သက်တောင့်သက်သာ မနာမကျင်ပဲ ချုပ်ရိုးပျောက် ခွဲစိတ်လို့ရနိုင်ပါတယ် ခွဲပြီး တရက်မှသုံးရက်အတွင်း မှာပုံမှန်အမြင်အားကို ပြန်လည်ရရှိပါတယ်။
၆။ အတွင်းတိမ်စက်နဲ့ခွဲတာလက်နဲ့ခွဲတာဘာကွာလဲ?
🔹အတွင်းတိမ်ကိုနောက်ဆုံးနည်းပညာ phacoemulsification နည်းပညာကိုသုံးကာ စက်နဲ့ ချေထုတ်တာဖြစ်တဲ့အတွက် ခွဲစိတ်ချိန် ၁၅ မိနစ်သာကြာမြင့်ခြင်း၊ ချုပ်ရိုးမပါ၊ လုံးဝမနာမကျင်ခြင်း၊ ပိုးဝင်နိုင်ခြေ နည်းပါးခြင်း၊ recovery time မြန်၍ ခွဲပြီးနောက်ပိုင်း ကြည်လင်သော အမြင်အားကို အချိန်တိုအတွင်းရရှိနိုင်ခြင်း၊ ဆေးရုံတတ်စရာမလိုခြင်း စတဲ့ အကျိုးကျေးဇူး များစွာ ရရှိနိုင်ပါတယ်။
၇။ ခွဲပြီးရင်ဘာတွေရှောင်ရမလဲ?
🔹ခွဲစိတ်ပြီး နောက်ပိုင်းမှာတော့ -မျက်လုံးအတွင်းသို့ မျက်စဉ်းမှလွဲ၍ ရေစိမ်းနှင့် ဆပ်ပြာများ ၁ ပတ်ထိ မဝင်စေရန် ဂရုစိုက်ရမည်။
ကြမ်းပြင်ရှိ ပစ္စည်းကုန်းကောက်ခြင်း၊
ကြီးမားသောအလေးအပင်မခြင်း၊
ကလေးများနှင့်ဆော့ကစားခြင်း၊ -ပြင်းထန်သော exercise များမလုပ်ရ။
ခွဲစိတ်ပြီး ၂ပါတ်အတွင်းကားမောင်းခြင်း၊ရေကူးခြင်း မလုပ်ရ။
၈။ ဆီးချို၊ နှလုံးနဲ့အခြားရောဂါအခံတွေရှိနေရင်ခွဲလို့ရလား?
🔹ခွဲလို့ရပါတယ်၊ ပုံမှန်ဆီးချိုထိန်းဆေးသောက်နေ ထိုးနေသော သူများလဲ ခွဲစိတ်လို့ရနိုင်ပါတယ်
နှလုံး၊ သွေးတိုး ရောဂါအခံရှိသူများအတွက် လူနာသက်တောင့်သက်သာ ရှိစေရန်အိပ်ဆေး ဖြင့် ခွဲစိတ် ကုသ မှု့ခံ ယူနိုင်ပါတယ်။
၉။ အတွင်းတိမ်ခွဲပြီးမှန်ဘီလူးထည့်ထားပြီးသားပြန်လဲလို့ရလား?
🔹အတွင်းတိမ်ခွဲစိတ်ပြီး ထည့်ထားသောမှန်ဘီလူးများ ပြန်မလဲနိုင်ပါ။ စောင်းနေသော၊ ပြုတ်ထွက်နေသော၊ အနေအထားပုံမှန် မဟုတ်သော မှန်ဘီလူးများသာ လဲလှယ်နိုင်ပါသည်။
📞သင်၏ အဖိုးထိုက်တန်လှသော အမြင်အာရုံနှင့် ပတ်သက်သော ဝေဒနာအမျိုးမျိုးအတွက် ISEC မျက်စိအထူးကုဆေးရုံကြီးမှာ လာရောက်ဆွေးနွေးကုသလိုက်ပါ။
အသေးစိတ်သိရှိလိုပါက~
🏥ISEC နိုင်ငံတကာမျက်စိဆေးရုံ
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်၊ မြန်မာ။
🏥ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.
☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 isecmyanmar@gmail.com

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821