အတွင်းတိမ် ခွဲစိတ်ဖို့ ပြင်ဆင်နေပါသလား? 👁️
Published on 16th September, 2026
ခွဲစိတ်မှု မပြုလုပ်မီ ဘာတွေပြင်ဆင်ရမလဲဆိုတာကို ကြိုတင်သိရှိထားခြင်းက သင့်ကို ပိုမိုယုံကြည်မှုရှိစေပြီး စိုးရိမ်စိတ်တွေကို လျှော့ချပေးနိုင်ပါတယ်🧘♀️
🏥 ISEC Eye Centre မှာ အတွင်းတိမ်ခွဲစိတ်မှု ပြုလုပ်တော့မယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲဆိုတဲ့ အဆင့် ၅ ဆင့်ကို ဝေမျှပေးလိုက်ပါတယ် ~
1️⃣ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း (Cataract Consultation)
ခွဲစိတ်မှု မပြုလုပ်မီ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် အရင်ပြသပြီး မိမိ၏ လက်ရှိအမြင်အာရုံနှင့် ပတ်သက်၍ အသေးစိတ် စစ်ဆေး ဆွေးနွေးတိုင်ပင်ရပါမယ်။
2️⃣ တိကျသေချာသော မျက်စိစစ်ဆေးမှုများ ပြုလုပ်ခြင်း (Detailed Eye Examination)
မျက်လုံးအတွင်း ထည့်သွင်းမည့် အစားထိုးမှန်ဘီလူး (IOL)ရဲ့ အမျိုးအစားကို တိကျစွာ တိုင်းတာရန် နောက်ဆုံးပေါ် စက်ပစ္စည်းများဖြင့် အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ပေးပါတယ်။
3️⃣ မိမိနှင့် သင့်တော်မည့် မှန်ဘီလူး ရွေးချယ်ခြင်း (Lens Selection)
မိမိ၏ လူနေမှုပုံစံ (ဥပမာ – စာဖတ်များသူ၊ ကားမောင်းများသူ၊ စခရင်အကြည့်များသူ) ပေါ်မူတည်၍ အသင့်တော်ဆုံး မှန်ဘီလူး အမျိုးအစားကို သေချာရွေးချယ်ရပါမယ်။
4️⃣ ခွဲစိတ်မည့်နေ့အတွက် ပြင်ဆင်ခြင်း (Surgery Day Preparation)
ခွဲစိတ်မည့်နေ့တွင် လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်များနှင့် စိတ်အေးချမ်းစွာ ကုသမှုခံယူနိုင်ရန် လိုအပ်သည့် ပြင်ဆင်မှုများကို ဆေးရုံက စနစ်တကျ လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။
5️⃣ ခွဲစိတ်ပြီးနောက် ဂရုစိုက်မှုများ (Post-surgery Care)
ခွဲစိတ်မှု အောင်မြင်စွာ ပြီးဆုံးပြီးနောက် အမြင်အာရုံ မြန်မြန်ဆန်ဆန် ပြန်လည်ကောင်းမွန်လာစေရန်အတွက် သောက်ဆေး၊ မျက်စဉ်းခတ်နည်းနှင့် မျက်လုံးကာကွယ်စောင့်ရှောက်နည်းများကို သေချာစွာ ရှင်းပြပေးပါတယ်။
💡 မိဘပြည်သူများ အမြင်အာရုံ ပြန်လည်ကြည်လင်ပြီး စိတ်အေးချမ်းသာစွာဖြင့် ခွဲစိတ်မှုခံယူနိုင်ရန် ISEC Eye Center မှ မျက်စိအထူးကု ဆရာဝန်ကြီးများနှင့် ဝန်ထမ်းများက အစအဆုံး အနီးကပ် လမ်းညွှန်ကူညီပေးလျက် ရှိပါတယ်❤