👁️ အတွင်းတိမ်နဲ့ ရေတိမ် နှစ်ခုလုံး ပြိုင်တူဖြစ်လာရင် ဘယ်ဟာကို အရင်ကုသရမလဲ⁉
Blog Post

👁️ အတွင်းတိမ်နဲ့ ရေတိမ် နှစ်ခုလုံး ပြိုင်တူဖြစ်လာရင် ဘယ်ဟာကို အရင်ကုသရမလဲ⁉

Published on 4th October, 2026

⚠️ မျက်စိအမြင်ဝေဝါးပြီး အတွင်းတိမ်ဖြစ်တာနဲ့ မျက်စိအတွင်းဖိအားတက်ပြီးရေတိမ်ဖြစ်တာက သတိထားပြီးကုသရမယ့် ရောဂါအခြေနေများဖြစ်ပါတယ်…. 💁ဒီနှစ်ခုစလုံး တစ်ပြိုင်တည်းဖြစ်နေခဲ့ရင် ဘယ်ဟာကို အရင်ကုသရမလဲဆိုတာ လူနာတစ်ဦးချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီး မျက်စိအထူးကုဆရာဝန်ကြီးများက အသေအချာဆုံးဖြတ်ပေးရပါတယ်။

👉ရောဂါနှစ်ခုရဲ့ ကွာခြားချက် ~
🔻အတွင်းတိမ် (Cataract) ဆိုတာ မျက်စိအတွင်းရှိသဘာဝမှန်ဘီလူး ကြည်လင်မှုလျော့နည်းလာပြီး အမြင်အာရုံ ဝေဝါးလာခြင်းဖြစ်ပါတယ်။
🔻ရေတိမ် (Glaucoma) ကတော့ မျက်စိဖိအားမြင့်တက်လာမှုကြောင့် မျက်စိအာရုံကြောကို တဖြည်းဖြည်း ရေရှည်ထိခိုက်စေတဲ့ အန္တရာယ်ရှိတဲ့ရောဂါဖြစ်ပါတယ်။

💡ဘယ်လိုကုသသင့်လဲ?
🔹ရေတိမ်ကို အရင် ထိန်းချုပ်ခြင်း ~
ရေတိမ်သည် အမြင်အာရုံကြောကို ပျက်စီးစေနိုင်သောကြောင့် မျက်စိဖိအားကို ဆေး၊ Laser သို့မဟုတ် ရေတိမ်ခွဲစိတ်နည်းများဖြင့် အရင်ဆုံးထိန်းချုပ်လေ့ရှိပါတယ်။ ဖိအားပုံမှန်ဖြစ်မှသာ အတွင်းတိမ်ခွဲစိတ်မှုကို အန္တရာယ်ကင်းစွာ ဆက်လက်လုပ်ဆောင်ပါသည်။
🔹တစ်ပြိုင်တည်း ခွဲစိတ်ခြင်း ~
အတွင်းတိမ် အရမ်းထူနေပြီး အမြင်အာရုံကို ပိတ်ပင်နေပါက တစ်ကြိမ်တည်း ခွဲစိတ်ရုံဖြင့် အတွင်းတိမ်ကိုလည်း ခွဲစိတ်ပေးရင်း ရေတိမ်ဖိအားကိုပါ တစ်ပြိုင်တည်းထိန်းချုပ်ပေးသည့် နည်းလမ်းကို ရွေးချယ်နိုင်ပါတယ်။

💢အနှစ်ချုပ်ပြောရရင်…ရေတိမ်ဖိအား မငြိမ်သေးပါက ရေတိမ်ကို အရင်ကုသရမည်ဖြစ်ပြီး၊ မျက်စိဖိအားနှင့် အာရုံကြောအခြေအနေပေါ် မူတည်၍ သင့်တော်သော ကုသမှုကို အထူးကုကျွမ်းကျင်ဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးကုသသင့်ပါတယ်👩‍⚕️

Related Post

Eye Care Specialist

Book Appointment

Schedule your consultation with our experienced eye specialists today.

Medical Care Operator

09448282821