ကလေးငယ်များနှင့် မျက်စိကျန်းမာရေး
Blog Post

ကလေးငယ်များနှင့် မျက်စိကျန်းမာရေး

Published on 10th August, 2023

✨ယနေ့ခေတ်တွင်ကလေးငယ်များ၏ကျန်းမာရေးစောင့်ရှောက်မှုကို မိဘအများစုက ဂရုစိုက်လာကြပေမယ့် မျက်စိကျန်းမာရေးစောင့်ရှောက်မှုကိုတော့ မေ့နေတတ်ကြပါတယ်။

✨ကလေးငယ်များကအမြင်အာရုံပြောင်းလဲမှုများအပေါ်သတိမပြုနိုင်သောကြောင့်အမြင်အာရုံအားနည်းလာတာကိုသတိထားမိဖို့ ခဲယဉ်းတတ်ပါတယ်။

✨ထို့အပြင် ကလေးငယ်များသည် သင်ယူလေ့လာမှုများကို မျက်လုံးကနေတစ်ဆင့် သင်ယူရသည့်အတွက်အမြင်အာရုံ အားနည်းလာသည်နှင့်အမျှသင်ယူလေ့လာနိုင်စွမ်းကျဆင်းလာတတ်ကြပါတယ်။

✨ဒါကြောင့်မို့ မိမိကလေးရဲ့ အသက်အရွယ် အပိုင်းခြားအလိုက် မျက်စိဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ပုံမှန်စစ်ဆေးမှုများကို အောက်ပါအတိုင်းပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

ပုံမှန်စစ်ဆေးမှုများအနေနဲ့ ~
✔️ ကလေးငယ်အား မွေးပြီး ၆ လအတွင်း ပထမဆုံးအကြိမ်၊
✔️ ကလေးမျက်စိဆရာဝန်မှ အထူးတလည် ညွှန်ကြားထားခြင်းမရှိပါက ကလေး ၃နှစ် အရွယ်တွင် ဒုတိယအကြိမ်၊
✔️ ကျောင်းစတက်ချိန် ၅ နှစ် – ၆ နှစ် အရွယ်တွင် တတိယအကြိမ်၊
✔️ ၁၈ နှစ် မပြည့်ခင်အထိ (၂) နှစ် တစ်ကြိမ် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။

မြင်အာရုံပြဿနာနှင့်ဆိုင်သောလက္ခဏာများဖြစ်တဲ့ ~
🔹မျက်လုံးနီရဲခြင်း၊မျက်ရည်ပူကျခြင်း ၊ မျက်ဝတ်ထွက်ခြင်း ၊ မျက်လုံး မကြာခဏပွတ်ခြင်း၊ 🔹မျက်တောင်မကြာခဏခတ်ခြင်း၊ အလင်းရောင်ဒဏ်မခံနိုင်ခြင်း၊ မကြာခဏ ခေါင်းကိုက်ခြင်း၊ 🔹မျက်လုံးအောင့်ခြင်း၊ မျက်မှောင်ကျုံ့ကြည့်ခြင်း၊ အာရုံစူးစိုက်ကြည့်ချိန်များတွင်မျက်လုံးနှစ်ဖက်မညီခြင်း စသည့် လက္ခဏာများကိုတွေ့ရပါကမျက်စိဆရာဝန်နှင့်ချက်ချင်းပြသပေးသင့်ပါတယ်။

မိမိ၏ မျက်စိအခြေအနေသည် ပုံမှန်မဟုတ်ဘဲ တခုခုခံစားရပါက မျက်စိဆရာဝန်နှင့် အမြန်ဆုံးပြသဆွေးနွေးခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ သင်၏ အဖိုးထိုက်တန်လှသော အမြင်အာရုံနှင့် ပတ်သက်သော ဝေဒနာအမျိုးမျိုးအတွက် ISEC မျက်စိအထူးကုဆေးရုံကြီးမှာ လာရောက်ဆွေးနွေးကုသလိုက်ပါနော် ☺️

🏥 𝐈𝐒𝐄𝐂 နိုင်ငံတကာမျက်စိဆေးရုံ
A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်၊ မြန်မာ။
🏥𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.
☎️Tel:+95 1 386 800,+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 [email protected]
🌐 www.isecmyanmar.com.mm

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821