တစ်နှစ်တစ်ကြိမ် မိသားစုလိုက် မျက်စိစစ်ဆေးပါ
Published on 14th March, 2026
👨👩👧👦သားသားမီးမီးတို့ရဲ့ တောက်ပတဲ့အနာဂတ်အတွက် မျက်စိကျန်းမာရေးကို အတူတူဂရုစိုက်ရအောင်! ✨
ကလေးသဘာဝကြီးထွားဖွံ့ဖြိုးနှုန်းမြန်သလို သူတို့လေးတွေရဲ့ အမြင်အာရုံကလည်း အမြဲပြောင်းလဲနေတတ်ပါတယ်.. 🤓အသက် ၁၅ နှစ်အောက်ကလေးငယ်တွေဟာ တစ်နှစ်ကိုအနည်းဆုံးတစ်ကြိမ် ပုံမှန်မျက်စိစစ်ဆေးပေးဖို့ လိုအပ်တယ်ဆိုတာ ဖေဖေ မေမေတို့ သိပြီးပြီလား?💑
သားသာ မီးမီးအတွက်မျက်စိကျန်းမာရေးစစ်ဆေးပေးရင်း ဖေဖေ မေမေတို့ပါ တစ်ခါတည်းတူတူပြသလို့ရပါတယ် 💁
အလုပ်များတဲ့ မိဘတွေအတွက် အချိန်ကုန်လည်းသက်သာ၊ စိတ်လည်းအေးရအောင် ISECMyanmar မှာ Family Appointment လေးယူထားလို့ရပါတယ်💛 တစ်ခေါက်လာရုံနဲ့ မိသားစုဝင်တွေ အကုန်လုံးကို မျက်စိအထူးကုဆရာဝန်ကြီးတွေက တစ်ပြိုင်နက် ကြည့်ရှုစစ်ဆေးပေးမှာဆိုတော့ အေးဆေးပဲပေါ့! 😉