👀 ဖေဖေ မေမေတို့ရေ… ကလေးငယ်တွေရဲ့ စာသင်ကြားမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မျက်စိအမြင်အားနည်းတာကြောင့် အဟန့်အတား မဖြစ်စေပါနဲ့နော်!! 📚✨
Published on 4th August, 2026
📍 ဩဂုတ်လဟာ Children’s Eye Health and Safety Month ဖြစ်သလို National Eye Exam Month လည်း ဖြစ်ပါတယ်… ကလေးငယ်တွေဟာ သူတို့လေးတွေရဲ့ သင်ယူမှုပုံစံ ၈၀% ကျော်ကို မျက်စိအမြင်အာရုံပေါ်မှာပဲ အခြေခံထားရတာမို့ အမြင်အာရုံကျန်းမာဖို့က အရမ်းအရေးကြီးပါတယ်🤓
⚠️ဒါပေမဲ့ ရင်သွေးငယ်လေးတွေက သူတို့ရဲ့ မျက်စိဝေဒနာကို လူကြီးတွေလို သေသေချာချာ မပြောပြတတ်ကြပါဘူး… ဒါကြောင့် အမေတို့ ဖေဖေတို့အနေနဲ့ ဒီလက္ခဏာလေးတွေကို သတိထားကြည့်ပေးဖို့ လိုပါတယ်နော် 👇
🔴 ကလေးတွေမှာ တွေ့ရတတ်တဲ့ မျက်စိပြဿနာ လက္ခဏာများ ~
💢စာဖတ်ရင် (သို့) TV ကြည့်ရင် မျက်လုံးကိုမှေးပြီးကြည့်တာ၊ မျက်မှောင်ကျုံ့ တာ
💢ခေါင်းခဏခဏ ကိုက်တယ်လို့ ပြောတာ
💢မျက်စိစွေတာ၊ စောင်းကြည့်တာ
💢မျက်လုံးတစ်ဖက်က အမြင်အာရုံ ပိုမိုအားနည်းနေတာ
ဒါ့အပြင် ယနေ့ခေတ်မှာ Screen Time (ဖုန်း၊ Tablet) ကြည့်တာ များလာတဲ့အတွက် Digital Eye Strain ဖြစ်ပြီး ကလေးတွေရဲ့ အမြင်အာရုံကို ထိခိုက်လာနိုင်ပါတယ်။
💡 ကမ္ဘာ့အဆင့်မီ မျက်စိစောင့်ရှောက်မှုတွေပေးနေတဲ့ ISEC Myanmar မှာ ကလေးငယ်တွေတွက် ပုံမှန် မျက်စိစစ်ဆေးမှု (Comprehensive Eye Exam) ပြုလုပ်ပေးခြင်းဖြင့် စောစီးစွာ ကုသမှုခံယူနိုင်ပြီး ကလေးရဲ့ ပညာရေးနဲ့ အရည်အချင်းကို အပြည့်အဝ မြှင့်တင်ပေးနိုင်ပါတယ်🎖
ဒီ ဩဂုတ်လမှာပဲ သင့်ရင်သွေးငယ်လေးတွေရဲ့ တောက်ပတဲ့ အနာဂတ်အတွက် မျက်စိကျန်းမာရေးကို အခုပဲစစ်ဆေးပေးလိုက်ပါ 🩺❤️