Conjunctivitic (Pink Eye) (မျက်စိနာရောဂါ၊မျက်မြှေးရောင်ရောဂါ)
Blog Post

Conjunctivitic (Pink Eye) (မျက်စိနာရောဂါ၊မျက်မြှေးရောင်ရောဂါ)

Published on 4th February, 2021

Q. Conjunctivitis ဆိုတာဘာလဲ။

မျက်စိနာ၊ မျက်မြှေးရောင်ရောဂါဆိုတာ လူတော်တော်များများဖြစ်ဖူးတဲ့ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ Conjuctive ဆိုတာက မျက်လုံးအပေါ်ယံနဲ့ မျက်ခွံအတွင်းသား တွေကို ဖုံးအုပ်ထားတဲ့ အပေါ်ယံ အမြှေးပါးဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင့်တော အဖြူရောင်အပိုင်းရောင်ရမ်းတာကို Conjuctivitie – မျက်စိနာ၊ မျက်မြှေးရောင်ရောဂါလို ခေါ်ပါတယ်။

Q. မျက်မြှေးရောင် မျက်စိနာရောဂါ ဘာကြောင့် ဖြစ်တာလဲ။

မျက်လုံးထဲကို Bactavia, Virus အစရှိတဲ့ ပိုးမွှားတွေ၊ Allergy ဓာတ်မတည့်တာတွေ၊ ဓါတုဓါတ်ပစ္စည်း Chemical ဝင်တာတွေ ဖုန်အမှုန့်ဝင်ခြင်း၊ မိတ်ကပ်ပစ္စည်းများဝင်ခြင်း အစရှိတာတွေကြောင့်လည်း မျက်စိနာ၊ အမြှေးပါးရောင်တတ်ပါတယ်။ နောက်တခုကတော့ မွေးကင်းစကလေးတွေမှာ မွေးရာပါမျက်ရည်လမ်းကြောင်းပိတ်ခြင်း၊ မိခင်မွေး လမ်းကြောင်း မှ ပိုးကူးခြင်း အစရှိတာတွေကြောင့်လည်း မွေးကင်းစ မျက်စိနာ ရောဂါတွေ ဖြစ်တတ်ပါတယ်။ Virus တွေထဲမှာဆိုရင် ခုခေတ်စားနေတဲ့ Covid-19, Corona Virus ဟာလည်း Conjunctivitis ဖြစ်စေတတ်ပါတယ်။

Q. မျက်မြှေးရောင် မျက်စိနာရင် ဘယ်လို ရောဂါလက္ခဏာတွေ ပြတတ်လဲ။

-မျက်စိတစ်ဖက် (သို့) နှစ်ဖက်နီရဲနေမယ်
-မျက်ရည်ကျ ယားစေတတ်တယ်
-မျက်ဝတ်ထွက်တာများနေတတ်ပြီး မျက်လုံးက စေးကပ်ကပ်ဖြစ်နေတတ်တယ်။

Q. မျက်မြှေးရောင် မျက်စိနာရောဂါဟာ သူများကို ကူးစက်တတ်လား။

-အချင်းချင်း ကူးစက်လွယ်ပါတယ်
-မျက်လုံးတစ်ဖက်ကနေလည်း အခြားတစ်ဖက်ကို အလွယ်တကူ ကူးစက်တတ်ပါတယ်။

Q. ဘယ်လို ကုသလိုရလဲ။

Virusကြောင့် ဖြစ်တဲ့ မျက်မြှေးရောင် မျက်စိနာတာတွေကတော့ ဆေးကုသစရာမလိုဘဲ များသောအားဖြင့် သက်သာ ပျောက်ကင်းသွားတတ်ပါတယ်။
-Bateria ကြောင့် ဖြစ်လဲ မျက်မြှေးရောင် မျက်စိနာတာတွေကတော့ Virus ကြောင့် ဖြစ်တာထက် ပိုပြီး မျက်ဝတ်​ ပြည် ပိုထွက်တတ်ပါတယ်။
-မျက်စိဆရာဝန်တွေအနေနဲ့ကတော့ လိုအပ်တယ်ထင်ရင် ပိုးသတ်ဆေး မျက်စဉ်း ပေးလေ့ရှိပါတယ်။
-Allergy ကြောင့်ဖြစ်တဲ့ မျက်မြှေးရောင် မျက်စိနာတာတွေကိုတော့ မကူးစက်တတ်ပါဘူး။ ဓါတ်မတည့်တာကြောင့် ဖြစ်တဲ့အတွက် မိမိနဲ့ မတည့်တဲ့ ဓါတ်ပစ္စည်းကို အရင် ရှောင်ရပါတယ်။
-မျက်ခွံ၊ မျက်စိပေါ်ကို ရေအေးအဝတ်ဖတ် တင်ပေးလိုရပါတယ်။
-အလွယ်တကူ ဝယ်လိုရတဲ့ မျက်ရည်တု မျက်စဉ်းခပ်လို့ရပါတယ်။
-ဆရာဝန်ညွှန်ကြားထားတဲ့ ဓါတ်မတည့်ရောဂါကုတဲ့ မျက်စဉ်းခပ်လိုရပါတယ်။

Q. ဘာတွေ မလုပ်သင့်ဘူးလဲ။

မျက်လုံးကို ခဏခဏ မပွတ်သင့်ပါဘူး။
-မျက်လုံးကို မကိုင်ခင်နှင့် ကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့်ဆေးပါ။
-မျက်ကပ်မှန် Contact Lens သုံးတဲ့သူတွေက မျက်စိနာတဲ့အချိန် ခဏ မသုံးသင့်ပါဘူး။
-မျက်လုံးတဝိုက် Makeup များ သနပ်ခါးလိမ်းတာတွေ ခဏနားထားသင့်ပါတယ်။
-နောက်တခုအရေးကြီးတာက ဆရာဝန်မညွှန်ကြားဘဲ မိမိသဘောနဲ့ မိမိ ဆေးဆိုifမှ မျက်စင်း များမခပ်သင့်ပါဘူး။ တချို့သော မျက်စဉ်းထဲမှာပါတဲ့ Steroid လိုခေါ်တဲ့ အရာတွေဟာ မျက်စိရေတိမ်ရောဂါဖြစ်တတ်ပြီး မျက်စိကွယ်စေလို့ဖြစ်ပါတယ်။

Q. မိခင်နို့ (Breast Milk) နဲ့ မျက်စိနာရင် ကုတာကရော။

-တချို့သော internet စာမျက်နှာနဲ့ စာအုပ်တွေမှာ မိခင်နို့ ခပ်ရင် ကလေးမျက်စိနာပျောက်တယ်ဆိုပြီး ရေးထားတာ တွေ့နေရပါတယ်။ အမှန်တကယ်တော့ မိခင်နို့ခပ်ရင် မျက်စိနာပျောက်တယ်ဆိုတဲ့ သိပ္ပံနည်းကျ ခိုင်လုံတဲ့ အထောက်အထား မရှိပါဘူး။ တချို့သော မျက်စိနာတာတွေဟာ ကုသမှု နှောင်းနှေးရင် မျက်စိ ကွယ်စေတဲ့အထိ ဆိုးသွားတတ်ပါတယ်။ ဒါကြောင့် မိမိသဘောနဲ့ မိမိ ဆေးမြီးတိုနဲ့ကုနေခြင်းထက် တက်ကျွမ်း နားလည်တဲ့ မျက်စိဆရာဝန် နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Q. မျက်လုံးနာတဲ့သူတွေက ခဏခဏ မျက်စိနာတတ်လို့ မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ။

-မျက်စိယားတိုင်း မျက်စိခဏခဏ ပွတ်တက်တဲ့ အကျင့်ကြောင့် ဖြစ်တာပါ။ လက်မှာ ကပ်နေတဲ့ ပိုးတွေဝင်သွားပြီး ယောင်တာပါ။
-မျက်လုံးကို လက်နဲ့ အရမ်းမပွတ်ပါနဲ့
-လက်ကို ခဏခဏဆေးပါ။
-မျက်နှာသုတ်ပဝါကို သီးသန့်ထားပါ သူများနဲ့ SHARE မသုံးပါနဲ့။
-မျက်စိနာတာ သုံးလေးရက် ကြာလိုမှ မျက်ဝတ်လို တွက်လာရင် အယောင် မကျရင် နီးစပ်ရာ မျက်စိ ဆရာဝန် နဲ့ တိုင်ပင်ဆွေးနွေးပါ။

Related Post

Eye Care Specialist

Book Appointment

Schedule your consultation with our experienced eye specialists today.

Medical Care Operator

09448282821