မျက်ကွင်းညိုလို့ Panda လေး ဖြစ်နေလား 🐼 မျက်လုံးထဲမှာလည်း ခိုးလို့ခုလု ဖြစ်နေလား?
Published on 4th September, 2026
မှန်ထဲကြည့်လိုက်တိုင်း မျက်ဝန်းတစ်ဝိုက်က ညိုမဲနေတာ ဒါမှမဟုတ် မျက်လုံးထောင့်မှာ အသားစလေးတွေ တက်လာတာမျိုး သတိထားမိနေပြီလား? ⚠️
ဒီနေ့မှာတော့ ISEC Eye Centre Myanmar ကနေပြီး လူအများစုသတိမထားမိဘဲ ခံစားနေရတဲ့ “မျက်ကွင်းညိုခြင်း” နဲ့ “မျက်သားတက်ခြင်း” ပြဿနာတွေ ဘာကြောင့်ဖြစ်ရလဲ ဘယ်လိုကာကွယ်ရမလဲဆိုတာကို ဝေမျှပေးသွားမှာဖြစ်လို့ အဆုံးထိ ဖတ်ကြည့်ပေးဦးနော်! 👇
🐼 မျက်ကွင်းညိုခြင်း (Dark Circles) က ဘာကြောင့်လဲ❓
မျက်ကွင်းညိုတာက ပင်ပန်းလို့ပဲ ထင်နေပါသလား? တကယ်တော့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်…
📱 Screen Time များခြင်း > ဖုန်း၊ ကွန်ပျူတာ အကြည့်များပြီး မျက်စိညောင်းညာတဲ့အခါ မျက်လုံးတစ်ဝိုက်က သွေးကြောတွေ ကျယ်လာပြီး ပိုမိုညိုမဲလာတတ်ပါတယ်။
😴 အိပ်ရေးပျက်ခြင်း/အိပ်ချိန်မမှန်ခြင်း > သွေးလှည့်ပတ်မှု နှေးကွေးစေပြီး အသားအရေကို ဖျော့တော့စေကာ မျက်ကွင်းညိုခြင်းကို သိသာစေပါတယ်။
🧬 မျိုးရိုးဗီဇနှင့် အသက်အရွယ် > အသက်ရလာတာနဲ့အမျှ မျက်ဝန်းတစ်ဝိုက် အရေပြား Collagen လျော့နည်းလာပြီး သွေးကြောလေးတွေ ပိုမိုပေါ်လွင်လာတတ်ပါတယ်။
💡 ဒီလိုလေးတွခံစားနေရပီဆိုရင်တော့…အိပ်ချိန်မှန်ပါစေ၊ ရေများများသောက်ပါ၊ ဖုန်းကြည့်ချိန်လျှော့ပြီး 20-20-20 Rule (မိနစ် ၂၀ ကြည့်ပြီးတိုင်း ပေ ၂၀ အကွာကို စက္ကန့် ၂၀ ကြည့်ပေးခြင်း) ကို သုံးပေးပါ။
👁️ မျက်သားတက်ခြင်း (Pterygium) ဆိုတာဘာလဲ❓
ဒါကတော့ အလှအပတင်မကဘဲ အမြင်အာရုံကိုပါ ထိခိုက်လာနိုင်တဲ့ မျက်စိဝေဒနာတစ်ခုပါ။ မျက်လုံးအတွင်းထောင့်ကနေ ပန်းရောင်အသားစလေး တဖြည်းဖြည်း တက်လာတာမျိုး ဖြစ်ပါတယ်…
☀️ ခရမ်းလွန်ရောင်ခြည် (UV Rays)> နေရောင်ခြည်ဒဏ်ကို ကာကွယ်မှုမရှိဘဲ တိုက်ရိုက်ထိတွေ့မှုများတာက အဓိကတရားခံပါပဲ။
🌪️ ပတ်ဝန်းကျင်ညစ်ညမ်းမှု> လေပြင်း၊ ဖုန်မှုန့်၊ သဲနှင့် မီးခိုးငွေ့တွေကြောင့် မျက်စိအမြဲတမ်း စပ်ဖျင်းဖျင်းဖြစ်ရာကနေ မျက်သားတက်လာတတ်ပါတယ်။
👁️ မျက်စိခြောက်သွေ့ခြင်း>မျက်ရည်ခမ်းခြောက်မှု ရေရှည်ဖြစ်တဲ့အခါ မျက်သားကို ပိုမိုလှုံ့ဆော်သလို ဖြစ်စေပါတယ်။
💡 နေပူထဲသွားရင် UV ကာကွယ်တဲ့ နေကာမျက်မှန် (Sunglasses) အမြဲတပ်ပါ၊ မျက်စိမခြောက်သွေ့အောင် ဆရာဝန်ညွှန်ကြားတဲ့ တာရှည်ခံဆေးမပါတဲ့ မျက်ရည်တု (Preservative-free Artificial Tears) ခပ်ပေးပါ။ မျက်သားက မျက်ကြည်လွှာအထိ ဖုံးအုပ်လာပြီး အမြင်အာရုံဝါးလာရင်တော့ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် ပြသပြီး ခွဲစိတ်ဖယ်ရှားဖို့ လိုအပ်ပါတယ်။
💁 မျက်ကွင်းညိုတာက သင့်ရဲ့ Lifestyle ကို ပြောင်းလဲဖို့ သတိပေးနေတာဖြစ်ပြီး၊ မျက်သားတက်တာကတော့ မျက်စိအထူးကုဆရာဝန်ကြီးတွေနဲ့ အမြန်ဆုံးဆွေးနွေးကုသဖို့ လိုအပ်နေတာဖြစ်နိုင်ပါတယ်…