Diabetes and Vision
Blog Post

Diabetes and Vision

Published on 20th November, 2023

ဆီးချိုရောဂါ နှင့် အမြင်အာရုံ ပြဿနာများ
🔹အခုရောက်ရှိနေတဲ့ November ဟာဆိုရင် Diabetic Eye Disease Month ဖြစ်တဲ့ အတွက် ဆီးချိုရောဂါနှင့် ပတ်သတ်တဲ့ အမြင်အာရုံပြဿနာများကို ISEC Myanmar ကနေပြီးတော့ မျှဝေပေးချင်ပါတယ် ။
🔹ဆီးချိုရောဂါကြောင့် သွေးတွင်းသကြားဓာတ်မြင့်မားလာပြီး မျက်လုံးအနောက်ဘက်ရှိ အလင်းအာရုံခံတစ်ရှူးများနှင့် သွေးကြောမျှင်များကို ထိခိုက်လာသည့်အတွက် မျက်စိကွယ်သည်အထိ ဖြစ်လာနိုင်ပါတယ်။
🔹အမြင်လွှာထိခိုက်နေချိန်ဖြစ်ပေါ်တတ်သော လက္ခဏာများမှာ –
✨မြင်ကွင်းရှေ့တွင် အစက်အပြောက်များ ပေါလောမျောနေခြင်း၊
✨အမြင်အာရုံမကြည်လင်ခြင်း၊
✨ပုံရိပ်နှစ်ထပ်မြင်ရခြင်း၊
✨အရောင်များ ကောင်းစွာမခွဲခြားနိုင်ခြင်း၊
✨မြင်ကွင်းတစ်စိတ်တစ်ပိုင်း မမြင်ရခြင်း၊
✨မျက်စိကွယ်ခြင်း တို့ ဖြစ်ပါတယ်။
🔹ထိန်းသိမ်း ကာကွယ်ရမည့် အချက်များမှာ –
✨သွေးချိုဓာတ် ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးခြင်း၊
✨သွေးပေါင်ချိန်ကို ၁၃၀/၇၉ အတွင်း ထိန်းသိမ်းထားခြင်း၊
✨သွေးတွင်းအဆီဓာတ်၊ ကိုလက်စထရော လျှော့ချခြင်း၊
✨ဆေးလိပ်ဖြတ်ခြင်း၊
✨သွေးအားနည်းရောဂါကို ဂရုစိုက်ကုသခြင်း အစရှိတဲ့ကာကွယ်မှုများ ကို လိုက်နာခြင်းဖြင့်
ဆီးချိုကြောင့် အမြင်အာရုံပျက်စီးခြင်းကို ကာကွယ်နိုင်ပါတယ်။
👉အမြင်အာရုံနှင့် ပတ်သက်သောဝေဒနာအမျိုးမျိုးအတွက် ISEC မျက်စိအထူးကုဆေးရုံကြီးမှာ လာရောက်ဆွေးနွေးကုသလိုက်ပါ။
အသေးစိတ်သိရှိလိုပါက… 💁‍♀️
🏥 𝐈𝐒𝐄𝐂 နိုင်ငံတကာမျက်စိဆေးရုံ
A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊
လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫
A5, MinYeKyawSwar Street, MinYeKyawSwar Business Building,
Corner of St.John City Mall, Lanmadaw Township,
Yangon,Myanmar.
☎️Tel:+95 1 386 800,+95 9 44 82 82 82 1,
+95 9 44 82 82 82 2, +95 9 45 82 82 133
📧[email protected]

Share On

Warning: Array to string conversion in /www/wwwroot/isecmyanmar.com.mm/wp-content/themes/isecmyanmar/functions.php on line 415
Array

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821