
သင့်ဘဝရဲ့ အကြည်လင်ဆုံးမြင်ကွင်းများအတွက် ISEC မှာအတွင်းတိမ်ခွဲစိတ်လိုက်ပါ 🦋
Published on 14th May, 2025
✨မျက်စိအတွင်းတိမ်ရောဂါကို ခံစားနေရတာဟာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး ကမ္ဘာတဝှမ်းမှာရှိတဲ့
လူသန်းပေါင်းများစွာဟာလည်း မျက်စိအတွင်းတိမ်ကြောင့် အမြင်အာရုံဆုံးရှုံမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ အသက်ရလာတာနှင့်အမျှ မျက်ကြည်လွှာအတွင်းရှိ မှန်ဘီလူးတွင် Catarract ဟုခေါ်တဲ့ အညစ်အကြေးများစုပုံလာပြီး အတွင်းတိမ်ဖြစ်လာကာ အမြင်မှုံဝါးရာမှတဆင့် အတွင်းတိမ်ကိုမခွဲစိတ်ဘဲ ကြာမြင့်စွာ ထားပါက မျက်လုံးအတွင်းမှာရှိတဲ့ ကြွက်သားများနှင့် အာရုံကြောများကိုပါ ထိခိုက်လာစေပြီး အမြင်အာရုံဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။
ISEC မျက်စိရောဂါအထွေထွေနှင့် အတွင်းတိမ်အထူးကုဆေးရုံမှာ မျက်စိခွဲစိတ်ကုသမှုကို ဘာကြောင့် ရွေးချယ်သင့်သလဲ?
☑️ ပြီးပြည့်စုံသော မျက်စိကျန်းမာရေးစစ်ဆေးမှု – ISEC မှ ကျွမ်းကျင်သော မျက်စိဆရာဝန်များက လူကြီးမင်းတို့၏ မျက်စိကျန်းမာရေးကို တိကျစွာ စစ်ဆေးပေးကာ လူကြီးမင်းတို့အတွက် အသင့်လျော်ဆုံး မှန်ဘီလူးပါဝါ ( IOL ) ကိုအသုံးပြုရန် အကြံပေးပြီး မိမိနှစ်သက်ရာမှန်ဘီလူးအမျိုးအစားကို ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
☑️နာကျင်မှုမရှိဘဲခွဲစိတ်နိုင်ခြင်း – နိုင်ငံတကာစံနှုန်းအတိုင်း လိုအပ်သောထုံဆေး၊ အိပ်ဆေး၊ မေ့ဆေးများကို အသုံးပြုကာ USA made Centurion အတွင်းတိမ်ခွဲစက်ကြီးဖြင့် ဆန်စေ့ပမာဏအပေါက်ဖောက်ကာ အတွင်းတိမ်များကို ဖယ်ရှားပြီး အစားထိုးမှန်ဘီလူး ( IOL) ကို နာကျင်မှုမရှိ ထည့်သွင်းပေးမှာဖြစ်ပါတယ်။
☑️ အမြန်ဆုံးပြန်လည်သက်သာခြင်း – ချုပ်ရိုးမလိုအပ်သော ခွဲစိတ်မှုဖြစ်တာကြောင့် ခွဲစိတ်မှုပြီးတာနှင့်တစ်ပြိုင်နက် ရက်အနည်းငယ်သာအနားယူရန်လိုအပ်ပြီး အမြန်ပြန်လည်သက်သာလာမှာပဲ ဖြစ်ပါတယ်။ ခွဲစိတ်မှုနောက်ပိုင်း ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့လည်း ဆရာဝန်များထံမှာ ရက်ချိန်းရယူကာ လာရောက်ပြသနိုင်တာကြောင့် အချိန်တိုအတွင်းမှာပဲ ကြည်လင်ကျန်းမာတဲ့ မြင်လွှာကို အမြန်ဆုံးပြန်လည်ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။
✨မိမိ၏ မျက်စိအခြေအနေသည် ပုံမှန်မဟုတ်ဘဲ တခုခုခံစားရပါက မျက်စိဆရာဝန်နှင့် အမြန်ဆုံးပြသဆွေးနွေးခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ သင့်ရဲ့ အဖိုးထိုက်တန်လှသော အမြင်အာရုံနှင့် ပတ်သက်သော ဝေဒနာအမျိုးမျိုးအတွက် ISEC မျက်စိအထူးကုဆေးရုံကြီးမှာ လာရောက်ဆွေးနွေးကုသလိုက်ပါ။
အသေးစိတ်သိရှိလိုပါက ~
🏥ISEC Eye Centre Myanmar
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.
☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 [email protected]