အတွင်းတိမ် ခွဲစိတ်ခြင်းနှင့် အထွေထွေ မျက်စိရောဂါ အထူးကုဆရာဝန် ဒေါက်တာ ဒေါ်ပြည့်ပြည့်သိန်း
Blog Post

အတွင်းတိမ် ခွဲစိတ်ခြင်းနှင့် အထွေထွေ မျက်စိရောဂါ အထူးကုဆရာဝန် ဒေါက်တာ ဒေါ်ပြည့်ပြည့်သိန်း

Published on 15th March, 2022

ISEC မျက်စိ ရောဂါအထွေထွေနှင့် အတွင်းတိမ် အထူးကု ဆေးရုံကြီးတွင် မျက်စိ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသော
🔹 အတွင်းတိမ်ခွဲစိတ်ခြင်းနှင့်အထွေထွေမျက်စိရောဂါအထူးကုဆရာဝန်
🔹 ဒေါက်တာ ဒေါ်ပြည့်ပြည့်သိန်း

M.B,B.S, M.Med.Sc (Ophth), MRCS(Edin) (Ophth), FICO(UK)
Fellowship in Advanced Cataract (Singapore National Eye Center)
Advanced Cataract and Complex Cataract Surgeon

🔷 ISEC မျက်စိဆေးရုံကြီးတွင် အတွင်းတိမ်ခွဲစိတ်ပြီး Toric lens, Multifocal and Trifocal lens များလည်း ထည့်သွင်းပေးနေပါပြီ။

🔷 အတွင်းတိမ်နှင့် ပတ်သက်သော အမေးများသော မေးခွန်း ၁၁ ခုကို တင်ပြပေးလိုက်ပါတယ်။

(၁)အတွင်းတိမ်ဘယ်အချိန်ခွဲသင့်ပါလဲ?
အတွင်းတိမ် အမျိုးမျိုးရှိသဖြင့် တချို့တိမ်များဟာ အမြင်သိသိသာသာ မှုန်ဝါးလာသော်လည်း အချို့တိမ်များက ရင့်မာသည်အထိ အမြင်ကောင်းနေသော တိမ်များလည်းရှိပါသည်။ အတွင်းတိမ်သည် မနုလွန်း မရင့်လွန်းသော အချိန်တွင် ခွဲစိတ်သင့်ပါသည်။ ထိုမှသာ ခွဲစိတ်မှု၏ရလဒ်များပိုမိုကောင်းမွန်စေပါမည်။ ရင့်မှခွဲပါက complications ဟုခေါ်သော နောက်ဆက်တွဲပြဿနာများ ပိုမိုများပြားစေနိုင်ပြီး အမြင်အား ထိခိုက်စေပါသည်။ သို့ဖြစ်ပါ၍ အတွင်းတိမ်ရှိသည်ဟု သံသယရှိနေပါက နီးစပ်ရာ မျက်စိ အထူးကု ဆရာဝန်များနှင့် ဆွေးနွေးသင့် ပါသည်။

(၂)အတွင်းတိမ်နဲ့ ရေတိမ်တူပါသလား?
မတူပါဘူး အတွင်းတိမ်ဆိုသည်မှာ သဘာဝမှန်ဘီလူးလေးဟာ အသက်ကြီးလာလို့ ခန္ဓာကိုယ်ရင့်ရော်လာသလို မှန်ဘီလူးလေးဟာ နောက်ကျိလာပြီး ပုံရိပ်များမှုန်ဝါးလာတာပါ။ ရေတိမ်ကတော့ မျက်လုံးတွင်း ရေပေါင် ( eye pressure) တက်လာသဖြင့်အာရုံကြောပျက်စီးကာ မြင်ကွင်းကျဉ်းလာပါတယ်။ အချို့ ထောင့်ကျယ်ရေတိမ်များဟာ အမြင်အားမကျပါဘူး၊ မျက်စိမှုန်ခြင်းလုံးဝမရှိပါဘူး။

(၃)အတွင်းတိမ်ကို ဘယ်လိုကုသရမလဲ ဆေးခပ်လို့ရပါလား၊ လေဆာပစ်လို့ရပါလား?
အတွင်းတိမ်ကို နိုင်ငံတကာ ကုသနည်းကတော့ ခွဲစိတ်ကုသခြင်း ဖြစ်ပါတယ်။ ခွဲခန်းတွင် phacoemulsification စက်နှင့်ချေထုတ်ပြီး မျက်လုံးတွင်းသို့ lens ပြန်ထဲ့ရပါမည်။ မိနစ်ပိုင်းအတွင်းပြီးသောခွဲစိတ်မှုတစ်ခုဖြစ်ပါတယ်။

(၄)Lens ကိုမထဲ့လို့မရဘူးလား?
မရပါဘူး။ lens ဆိုတာ မျက်လုံးမှာ မရှိမဖြစ်လိုအပ်လို့ မထဲ့လို့မရပါဘူး၊ အမြင်အားပိုကောင်းစေတဲ့အပြင် မျက်လုံးကျန်းမာရေးအတွက်လည်း မရှိမဖြစ်လိုအပ်ပါတယ် ၊ lens မထဲ့ထားတဲ့မျက်လုံးဟာ မှန်ပုလင်းကြီးလို မျက်မှန်အထူကြီးတပ်ရတဲ့အပြင် ရေတိမ်နှင့်အမြင်လွှာကွာကျခြင်းများလည်းဖြစ်စေနိုင်ပါတယ်။

(၅)ဆီးချိုရှိပြီး အသက်ကြီးရင် အတွင်းတိမ်ခွဲလို့ရပါသလား?
ဆီးချိုရှိလည်း ဆေးသောက်နေပါက ခွဲလို့ရပါတယ်။ ထို့အပြင်အတွင်းတိမ်ဟာ အသက်ကြီးတဲ့သူ ၉၈% ဖြစ်တာမို့ အသက်ကြီးသူတွေခွဲလို့ရပါတယ် ။ ကုသချိန်မြန်တဲ့အတွက် ပင်ပန်းခြင်းနည်းပါးပါတယ်၊ ဒါကြောင့် အသက်ကြီးတဲ့သူတွေ ခွဲနိုင်ပါတယ်။

(၆)အတွင်းတိမ်ခွဲရင်ဘာအကျိုးရှိမလဲ?
အမြင်အာရုံ ပြန်ကောင်းလာသည့်အတွက် စိတ်ဓာတ်ကျရောဂါကို လျော့ပါးစေသည်၊ ကိုယ်လက်လှုပ်ရှားမှုလုပ်နိုင်ပြီး ကျန်းမာ အသက်ရှည်မည်၊ မိသားစုအပေါ်မှီခိုမှုနည်းပြီး မိသားစုများနှင့်အတူ ပျော်ရွှင်မှုကို ပိုမိုရရှိနိုင်မည်။ ထို့အပြင် နိုင်ငံတကာစာတမ်းတချို့အရ အတွင်းတိမ်ခွဲပါက Alzheimer’s disease ခေါ် သတိမေ့လျော့ခြင်း ရောဂါဖြစ်ပွားမှုကို နည်းပါးစေပါသည်။

(၇)အတွင်းတိမ်ခွဲပြီးရင်နောက်ဆက်တွဲဘာတွေဖြစ်နိုင်ပါလဲ?
ပုံမှန်အတွင်း တိမ်ခွဲခြင်းရဲ့ အောင်မြင်မှုက ၉၈% ရှိပါတယ်။ သို့သော်လည်း ပုံမှန်မဟုတ်သော၊ ထူသော၊ ထိခိုက်ထားသော၊ ရေတိမ်(သို့)အခြားရောဂါများနှင့် တွဲနေသော မျက်လုံးများကတော့ နောက်ဆက်တွဲ ပြဿနာတွေရှိနိုင်ပါတယ်။ အဲဒါတွေက တစ်ယောက်နဲ့ တစ်ယောက်မတူနိုင်ပါဘူး၊ အမြင်လွှာကွာကျခြင်း၊ ပိုးဝင်ခြင်း၊ ရေပေါင်တက်၍ ရေတိမ်ဖြစ်ခြင်း၊ အမှေးပါးပေါက်ခြင်း စသည်တွေ ဖြစ်နိုင်ပါတယ် ။

(၈)အချို့အတွင်းတိမ်ခွဲပြီး ကြာရင် ပြန်မှုန်သွားတာဘာကြောင့်လဲ? အတွင်းတိမ်ပြန်ဖြစ်တာလား?
အတွင်းတိမ်ဆိုတာ တခါခွဲပြီးပြန်မဖြစ်တော့ပါ။ များသောအားဖြင့် posterior capsule opacity ကြောင့်ဖြစ်ပါတယ် ၊
ခွဲပြီး ၂-၅ နှစ်အကြာမှာ၂၀-၅၀% ဖြစ်တတ်ကြပါတယ်၊ lens နောက်က အမှေးပါးလေးဟာ အနာရွတ်ထင်လာတာပါ၊ သို့သော် ကြီးမားတဲ့ပြဿနာမဟုတ်ပါ၊ ဆေးခန်းမှာပဲ YAG laser နဲ့ ပစ်ပြီး မိနစ် အနည်းငယ်အတွင်း ပြန်ကြည်အောင်ပြုလုပ်နိုင်ပါသည်။ သို့သော်အခြားရောဂါများကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

(၉)အတွင်းတိမ်ခွဲရင် ဘယ်လောက်ကြာလဲ?
ပုံမှန် မိနစ် ၂၀-၃၀ မှ တိမ်အနုအရင့်ပေါ်တည်ပြီး ပိုကြာတတ်ပါတယ်။

(၁၀)ခွဲပြီးအိမ်ပြန်လို့ရလား?
ခွဲပြီး မိနစ် ၃၀ အကြာအိမ်ပြန်နားနိုင်ပါပြီ။

(၁၁)မှန်ဘီလူး နေရာမကျရင်(သို့)ပြုတ်ထွက်ရင်ပြန်ထဲ့လို့ရပါလား?
ရပါတယ်၊ ပုံမှန်ထက် ပိုခက်ခဲတဲ့ ခွဲစိတ်မှုဆိုပေမယ့် နည်းပညာအသစ်များနဲ့ ပစ္စည်းကိရိယာစုံသော ISEC ဆေးရုံတွင် ရလဒ်ကောင်းအောင်ပြန်လည် ခွဲစိတ်နိုင်ပါပြီ။

🗨️မျက်စိနဲ့ပတ်သတ်ပီး လူကြီးမင်းများ သိရှိလိုသည့် အသေးစိတ်အချက်အလက်များကို ISEC မျက်စိရောဂါအထွေထွေနှင့် အတွင်းတိမ်အထူးကုဆေးရုံကြီးရဲ့ Messenger m.me/ISECEyeCentreMyanmar မှ (24/7)ဆက်သွယ်စုံစမ်းခြင်းဖြင့်လည်းကောင်း ၊ ဖုန်း 📞 +95 9 448282821~2 သို့လည်းကောင်း ဆက်သွယ်စုံစမ်းလိုရပါတယ်နော်။


A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊
ရန်ကုန်၊ မြန်မာ။

🏥 ISEC Eye Centre MyanmarA5, MinYeKyawSwar Street, MinYeKyawSwar Business Building,
Corner of St.John City Mall, Lanmadaw Township,
Yangon, Myanmar.

☎️Tel:+95 1 386 800, 📞+95 9 448282821
📧 [email protected]
🌐www.isecmyanmar.com.mm

Share On

Warning: Array to string conversion in /www/wwwroot/isecmyanmar.com.mm/wp-content/themes/isecmyanmar/functions.php on line 415
Array

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821