ISEC Myanmar သို့ မလေးရှားနိုင်ငံမှ ရေတိမ်အထူးကုခွဲစိတ်ဆရာဝန်ကြီး Dr. Tan Chai Keong လာရောက်ကုသမည်
Published on 21st October, 2025
🎉 ISEC Myanmar သို့ မလေးရှားနိုင်ငံမှ ရေတိမ်အထူးကုခွဲစိတ်ဆရာဝန်ကြီး Dr. Tan Chai Keong လာရောက်ကုသမည် 🤗
ဝမ်းသာစရာသတင်းကောင်း !! မလေးရှားနိုင်ငံ International Specialist Eye Centre (ISEC) မှ မျက်စိအထူးကုဆရာဝန်ကြီး Dr. Tan Chai Keong သည် မကြာမီ ISEC Myanmar သို့ လာရောက်၍ မျက်စိကျန်းမာရေး ကုသမှုများ ပြုလုပ်ပေးသွားပါမည်။
Dr. Tan Chai Keong ၏ အတွေ့အကြုံနှင့် အထူးပြုပညာရပ်များမှ မြန်မာပြည်သူများ အနေဖြင့် အဆင့်မြင့် မျက်စိကျန်းမာရေး ဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်ပါသည်။
👨⚕️ Dr. Tan ၏အတွေ့အကြုံ ~
Dr. Tan သည် International Specialist Eye Center (ISEC) Kuala Lumpur မှ အတွေ့အကြုံရှိ ရေတိမ်ရောဂါအထူးကုဆရာဝန်ကြီးတစ်ဦး ဖြစ်ပြီး ရေတိမ် (Glaucoma) နှင့် ပတ်သတ်သော မျက်စိရောဂါအမျိုးမျိုးကို ကုသပေးလျက်ရှိပါသည်။
🎓 ပညာအရည်အချင်း ~
ဆေးပညာဘွဲ့ MBBS (Manipal University)
မျက်စိပညာ မဟာဘွဲ့ (MMed in Ophthalmology) မလေးရှားနိုင်ငံ Universiti Sains Malaysia (USM)
ရေတိမ်အထူးပြု ဘွဲ့လွန် (Fellowship in Glaucoma) စင်္ကာပူနိုင်ငံ National University Hospital အပါအဝင် နိုင်ငံတကာအသိအမှတ်ပြု အဆင့်မြင့်ပညာရပ်များကို ပြီးမြောက်အောင်မြင်ခဲ့ပါသည်။
👨⚕️ အထူးပြုဘာသာရပ်နှင့် ကျွမ်းကျင်မှု ~
Dr. Tan ၏ အဓိက အထူးပြုဘာသာရပ်မှာ ရေတိမ်ရောဂါ (Glaucoma Specialist) ဖြစ်ပါသည်။ မျက်စိရေတိမ်ရောဂါအတွက် စစ်ဆေးကုသမှုများကို စောစီးစွာမခံယူပါက မျက်စိအာရုံကြောကို ထိခိုက်စေပြီး အမြင်အာရုံဆုံးရှုံးမှုထိဖြစ်နိုင်သောကြောင့် အချိန်မီ ကုသရန် လိုအပ်ပါသည်။
✨ Dr.Tan နှင့် တိုင်ပင်ကုသခွဲစိတ်နိုင်သော မျက်စိရောဂါများမှာ ~
🔹 ရေတိမ်နှင့်ပတ်သတ်သောရောဂါရှာဖွေခြင်းများ နှင့် ခွဲစိတ်မှုများ (Glaucoma Management/ Surgery)
🔹အတွင်းတိမ်ကြောင့်ဖြစ်လာသော ရေတိမ်ရောဂါများအတွက် ခွဲစိတ်မှုများ (Glaucoma-related Cataract Surgery)
🔹ရှုပ်ထွေးသော အတွင်းတိမ်ရောဂါ ခွဲစိတ်မှုများ (Complicated Cataract Surgery)
🔹ရေတိမ်ရောဂါအမျိုးမျိုးအတွက် နောက်ဆုံးပေါ်ကုသနည်းများဖြင့် ကုသခြင်း (Minimally Invasive Glaucoma Surgery (MIGS)
အထက်ပါရောဂါများကို ပြည်ပသို့သွားစရာမလိုဘဲ ကုန်ကျစရိတ်သက်သာစွာ နဲ့ ISEC Myanmar မှာ နိုင်ငံတကာအဆင့်မီ မျက်စိအထူးကုကျွမ်းကျင်ဆရာနှင့် တိုင်ပင်ကုသနိုင်ပါပီ…
📅 Dr. Tan Chai Keong နှင့် ပြသလိုပါက ရက်ချိန်းရယူရန်အတွက် ISEC Myanmar သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက~
📞 +95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📍 A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။