မျက်စိခြောက်ခြင်း (dry eye) ဆိုသည်မှာ ဘာလဲ?
Blog Post

မျက်စိခြောက်ခြင်း (dry eye) ဆိုသည်မှာ ဘာလဲ?

Published on 8th November, 2022

မျက်စိခြောက်ခြင်း (dry eye) ဆိုသည်မှာ မျက်စိအတွက် လိုအပ်သောအစိုဓာတ်ကို ထိန်းပေးထားရန် လုံလောက်သောမျက်ရည်ပမာဏမရရှိသော အခြေအနေကို ခေါ်ပါသည်။

(၁)မျက်စိခြောက်လျှင်ခံစားရသောလက္ခဏာများ

✅ မျက်စိထဲအမှုန်၊ အဖတ်တခုဝင်နေသလိုခံစားရခြင်း

✅ အမြင်မှုန်ဝါးအားမရဖြစ်ခြင်း

✅မျက်စိယားယံခြင်း၊ ညောင်းခြင်း၊ ပင်ပမ်းနွမ်းနယ်ခြင်း၊

✅ မျက်ရိုးကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း

✅ မျက်ခွံဖွင့်ရန်လေးလံခြင်း

✅ အလင်းရောင်စူးခြင်း

✅ မျက်ဝတ်ထွက်ခြင်း

✅ မျက်ရည်ကျခြင်း

✅ ညဖက်ကားမောင်းရအဆင်မပြေခြင်း

မျက်စိခြောက်ခြင်းကိုဖြစ်စေသောအကြောင်းရင်းများ

✅ အသက်ကြီးခြင်း

✅ မျက်ကပ်မှန်အမြဲတပ်ဆင်ခြင်း

✅ screentimeများခြင်း

✅ airconခန်းထဲတွင် အနေများခြင်း

✅ ပူပြင်းခြောက်သွေ့သောနေရာဒေသ၊ လေတိုက်သောဒေသများတွင်နေထိုင်ခြင်း

✅ မျက်ခွံရောင်ယမ်းခြင်း

✅ LASIK လုပ်ထားသူများ

✅ သိုင်းရိုက်နှင့်Autoimmuneရောဂါ

✅ ဘေးထွက်ဆိုးကျိုးရှိသည့် ဆေးများသောက်နေခြင်း

✅ မျက်တောင်ပေါက်သည့်အနေအထားပုံစံမမှန်ခြင်း

✅ မျက်စိတွင်ဓာတ်မတဲ့‌ရောဂါခံစားနေရခြင်း

✅ တာရှည်ခံပစ္စည်းများပါဝင်သောမျက်စဉ်းများရေရှည်ခပ်နေရခြင်း

✅ Vitamin A ချို့တဲ့ခြင်း

မျက်စိခြောက်ခြင်းကို ဘယ်လိုကုသရမလဲ /တားဆီးရမလဲ

✅ မျက်ရည်တုအချိန်မှန်ထည့်ပေးခြင်း

✅ မျက်ခွံသန့်ရှင်းရေးစနစ်တကျလုပ်ခြင်း

✅ မျက်စိပေါ်ရေနွေးဖတ်ကပ်ပြီး မျက်ခွံနှိပ်နယ်ပေးခြင်း

✅ screentime လျော့ခြင်း

✅ မျက်ကပ်မှန်အမြဲတပ်ဆင်ခြင်းကို ရှောင်ကျဉ်ခြင်း

✅ အပြင်ထွက်လျှင်နေကာမျက်မှန်တပ်ဆင်ပေးခြင်း

✅ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ အဝါရောင်အသီးအနှံများနှင့် omega3 ပါဝင်သောအစားအသောက်များစားခြင်း

✅ အခန်းတွင်းအစိုဓာတ်ကိုထိန်းနိုင်ရန်humidifierအသုံးပြုခြင်း

မျက်စိခြောက်ခြင်းကိုမကုသဘဲထားပါက

✅ မျက်သားရောင်ယမ်းနီရဲခြင်း

✅ မျက်ကြည်လွှာထိခိုက်ပျက်စီးခြင်းကြောင့်အမြင်အားထိခိုက်ခြင်း

✅ မိမိနေ့စဉ်နေထိုင်မှုဘဝကိုအနှောင့်အယှက်ဖြစ်စေခြင်း တို့ခံစားရနိုင်ပါသည်။

👁မျက်စိနှင့်ပတ်သတ်သော ရောဂါအမျိုးမျိုးတို့အတွက် နိုင်ငံတကာ ကုသမှုအရည်အသွေးဆိုင်ရာ လက်မှတ်များ၊ ဝန်ဆောင်မှု အရည်အသွေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များစွာရရှိထားသည့် နိုင်ငံတကာစံအရည်အသွေးများ နှင့် ISEC Myanmar နိုင်ငံတကာ မျက်စိအထူးကုဆေးရုံကြီးဆီမှာ လာရောက်ပြီး ကျန်းမာရေးစောက်ရှောက်မှုကို ခံယူလိုက်ပါ။

အသေးစိတ်သိရှိလိုပါက

🏥ISEC Eye Centre Myanmar

A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon,Myanmar.

☎️Tel:+95 1 386 800,📞+95 9 448282821

📧 [email protected]

Share On

Warning: Array to string conversion in /www/wwwroot/isecmyanmar.com.mm/wp-content/themes/isecmyanmar/functions.php on line 415
Array

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821