Edof bifocal trifocal lens for Cataract
Blog Post

Edof bifocal trifocal lens for Cataract

Published on 28th September, 2022

✨✨ မျက်မှန်မလို နောက်ဆုံးပေါ်မှန်ဘီလူး EDOF/ BIFOCAL/ TRIFOCAL LENS များအသုံးပြု၍
အတွင်းတိမ်ခွဲစိတ်ခြင်း ✨✨

🔷 အတွင်းတိမ်ခွဲစိတ်ပြီးနောက် မျက်မှန်တပ်နေရမှာ စိုးရိမ်ပြီး စိတ်တိုင်းမကျဖြစ်နေတယ်ဆိုရင် ISEC International Eye Hospital ကို ကြွလှမ်းခဲ့ပါ။
🔷 USA made မျက်လုံးတွင်း အစားထိုးမှန်ဘီလူး EDOF/ BIFOCAL/ TRIFOCAL LENS များကို အသုံးပြုခြင်းဖြင့် အတွင်းတိမ်ခွဲစိတ်ပြီးနောက် မျက်မှန်မတပ်ရအောင် ပြုလုပ်နိုင်ပါပြီ။
🔷 သမားရိုးကျမှန်ဘီလူးများကို အသုံးပြုအစားထိုးခဲ့ပါက ခွဲစိတ်ပြီးသည့်နောက်တွင် အဝေးအမြင်အားကိုသာ ပြန်လည်ကောင်းမွန်စေပြီး အနီးနှင့်အလယ်အလတ်အမြင်အားအတွက် မျက်မှန်တပ်ဖို့ လိုအပ်ပါလိမ့်မယ်။
🔷အဝေးအမြင်အားအတွက် ဆလင်ဒါပါဝါရှိပါကလဲ အဝေးဆလင်ဒါမျက်မှန် ထပ်မံတပ်ရန် လိုအပ်ပါသည်။
သို့ရာတွင် EDOF BIFOCAL/ TRIFOCAL IOL ဟုခေါ်သော နောက်ဆုံးပေါ်အစားထိုးမှန်ဘီလူးသည် အဝေး၊ အနီးနှင့် အလယ်အလတ်အမြင်အားကို ချိန်ညှိပေးသည့်အပြင် ဆလင်ဒါပါဝါကိုပါ ဖျောက်ပေးနိုင်ပါသည်။
👓 မျက်မှန်တပ်ရခြင်းကြောင့် ဖြစ်ပေါ်လာသော နှာခေါင်းရိုးနာခြင်း၊ မျက်မှန်ရေငွေ့ရိုက်ခြင်း၊ အလုပ်သွားရာတွင်မျက်မှန်မေ့ကျန်ခဲ့ခြင်း၊ စာဖတ်ရန်မျက်မှန်လိုက်ရှာရခြင်း၊မျက်မှန်ကိုင်းများကျိုးခြင်း၊ မကြာခဏလဲရခြင်း၊ မျက်မှန်တပ်နေရသဖြင့် အချို့သော အားကစားလှုပ်ရှားမှုများအတွက် အဆင်မပြေခြင်း အစရှိသည့် ပြဿနာများကိုပါ ဖြေရှင်းပြီးဖြစ်သွားပါလိမ့်မည်။
👓 ထို့ကြောင့် နေ့စဉ်နေထိုင်မှုဘဝတွင် မျက်မှန်အတွက် စိတ်ပူစရာမလိုအပ်ဘဲ ပေါ့ပေါ့ပါးပါး ဖြတ်သန်းနိုင်မည်ဖြစ်ပါသည်။
ISEC နိုင်ငံတကာမျက်စိဆေးရုံကြီးတွင် စင်ကာပူမှ အတွင်းတိမ်အထူးကုဘွဲ့လွန်ယူထားတဲ့ မျက်စိဆရာဝန်ကြီးများနှင့် လာရောက်ပြသစစ်ဆေးပြီး ခွဲစိတ်ကုသမှုပြုလုပ်ရန် ဆွေးနွေးကြည့်နိုင်ပါတယ်ရှင် ~

🗨️ မျက်စိနဲ့ပတ်သတ်ပီး လူကြီးမင်းများ သိရှိလိုသည့် အသေးစိတ်အချက်အလက်များကို ISEC Eye Centre Myanmarရဲ့ Messenger m.me/ISECEyeCentreMyanmar မှ (24/7)ဆက်သွယ်စုံစမ်းခြင်းဖြင့်လည်းကောင်း ၊ ဖုန်း +95 9 448282821~2 သို့လည်းကောင်း ဆက်သွယ်စုံစမ်းလိုရပါတယ်နော်။

👩🏻‍⚕️ Our eye specialists are ready for you!!!

🏥 ISEC Eye Centre MyanmarA5, MinYeKyawSwar Street, MinYeKyawSwar Business Building,
Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.

☎️ Tel:+95 1 386 800, 📞+95 9 448282821
📧 [email protected]
🌐 www.isecmyanmar.com.mm

Share On

Warning: Array to string conversion in /www/wwwroot/isecmyanmar.com.mm/wp-content/themes/isecmyanmar/functions.php on line 415
Array

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821