“မျက်မှန်အထူကြီးပဲနော်” လို့ အမြဲပြောခံနေရမယ့်အစား… EVO ICL နည်းနဲ့ပါဝါဖျောက်ပြီးစမတ်ကျကျလှပလိုက်ပါ 😌✨
Published on 19th September, 2026
ဟယ်….မျက်မှန်ကအထူကြီးပဲနော် လို့အပြင်သွားတိုင်းပြောခံနေရလွန်းလို့ ယုံကြည်မှုတွေလျော့နည်းနေပီလား 😫 မျက်မှန်တပ်ရတာလည်း ငြီးငွေ့လှပြီ… မျက်မှန်မပါဘဲ ကြည်လင်တဲ့ ကမ္ဘာကြီးကို မြင်ချင်လွန်းလို့ Pre-test သွားစစ်ကြည့်တော့မှ ‘မျက်ကြည်လွှာပါးလို့ ဒါမှမဟုတ် ပါဝါများလို့ LASIK လုပ်လို့မရဘူး’ ဆိုတဲ့ စကားကြောင့် စိတ်မကောင်းဖြစ်ပြီး လက်လျှော့ထားရပြီလား❓
အဲဒီလို စိတ်ပျက်အားငယ်မှုတွေတွက် သတင်းကောင်းရှိပါတယ်! မျက်မှန်ကင်းစင်တဲ့ ဘဝသစ်ကို ပိုင်ဆိုင်ဖို့အတွက် LASIK တစ်ခုတည်းကသာ အဖြေမဟုတ်တော့ပါဘူး🙅♀️
အခုဆိုရင် နောက်ဆုံးပေါ် ခေတ်မီနည်းပညာဖစ်တဲ့ EVO ICL ကို နိုင်ငံခြားသွားစရာမလိုဘဲ မြန်မာနိုင်ငံမှာ ပထမဆုံးနှင့် တစ်ခုတည်းသော ဆေးရုံအဖြစ် ISEC Myanmar မှာကုသလို့ရနေပါပြီ…🤩
💡 EVO ICL က ဘယ်လိုမျိုးလဲ?
💙 နားလည်လွယ်အောင်ပြောရရင် EVO ICL (Evolution Implantable Collamer Lens) ဆိုတာ မျက်စိထဲကို ထည့်သွင်းပေးလိုက်တဲ့ “အမြဲတမ်းတပ်ထားမယ့် မျက်ကပ်မှန်” ပုံစံမျိုးပါ…
သဘာဝမျက်ကြည်လွှာကို ထိခိုက်မှုမရှိဘဲ၊ မျက်လုံးသူငယ်အိမ်ရဲ့ အနောက်ဘက်ထဲကို အလွန်နူးညံ့ပြီး ဘေးဥပါဒ်မဖြစ်စေတဲ့ မှန်ဘီလူးအလွှာပါးလေးတစ်ခု ထည့်ပေးလိုက်တာပါ….
🤓 မျက်ကြည်လွှာပါးပီး ပါဝါအရမ်းများသူတွေ၊ Lasik လုပ်ဖို့မသင့်တော်တဲ့သူတွေ၊ မျက်စိခြောက်တတ်တဲ့သူတွေတွက် EVO ICL ကအကောင်းဆုံး ရွေးချယ်စရာနည်းလမ်းတစ်ခုဖြစ်ပါတယ်~