မျက်မှန်မတပ်ချင်သူများအတွက် နိုင်ငံခြားသွားစရာမလိုဘဲ နောက်ဆုံးပေါ် EVO ICL နည်းပညာနဲ့ ISEC Myanmar မှာကုသမှုခံယူနိုင်ပါပြီ 📣
Blog Post

မျက်မှန်မတပ်ချင်သူများအတွက် နိုင်ငံခြားသွားစရာမလိုဘဲ နောက်ဆုံးပေါ် EVO ICL နည်းပညာနဲ့ ISEC Myanmar မှာကုသမှုခံယူနိုင်ပါပြီ 📣

Published on 25th May, 2026

💡 EVO ICL ဆိုတာ ဘာလဲ?
💁 EVO ICL ဆိုတာ မျက်မှန် ဒါမှမဟုတ် မျက်ကပ်မှန် တပ်စရာမလိုဘဲ ကြည်လင်တဲ့အမြင်အာရုံကို ရရှိစေဖို့ မျက်လုံးအတွင်းထဲမှာ ထည့်သွင်းရတဲ့ အထူးပြုလုပ်ထားတဲ့ Lens တစ်မျိုးဖြစ်ပါတယ်။ သူ့ကို Collagen ဓာတ်ပါဝင်တဲ့ Collamer လို့ခေါ်တဲ့ပစ္စည်းနဲ့ ပြုလုပ်ထားတာကြောင့် မျက်လုံးအတွင်းထည့်ထားပါက သဘာဝအတိုင်း ဖြစ်နေစေပါတယ်။

ဒီ Lens ကို မျက်လုံးရဲ့ သဘာဝအတိုင်းပါရှိတဲ့ Lens နဲ့ မျက်လုံးသူငယ်အိမ် ကြားထဲမှာ ထည့်သွင်းပေးရတာဖြစ်ပြီး အဝေးမှုန် နှင့် ဆလင်ဒါပါဝါတို့ကို ကုသပေးနိုင်ပါတယ် ✨

💁🏻 နောက်ဆုံးပေါ် EVO ICL နှင့် ယခင် ICL မော်ဒယ်များရဲ့ ကွာခြားချက်များ ~
“EVO” ဆိုတာ Evolution ကို ဆိုလိုတာဖြစ်ပြီး အရင်ကရှိခဲ့တဲ့ ICL မော်ဒယ်တွေထက် ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ထားတာပါ…📈

🔹 မျက်လုံးတွင်းအရည်လည်ပတ်မှုပိုမိုကောင်းမွန်ခြင်း
Lens ရဲ့ အလယ်မှာ Central Port လို့ခေါ်တဲ့ အပေါက်ငယ်လေး ပါဝင်ပြီးသားဖြစ်လို့ သဘာဝအတိုင်း အရည်လည်ပတ်မှုကို ကောင်းမွန်စေပါတယ်
🔹 ခွဲစိတ်မှုမြန်ဆန်ခြင်း
ယခင် ICLမော်ဒယ်များနှင့်မတူဘဲ One-step procedure ဖြစ်တဲ့အတွက် ခွဲစိတ်မှုကို တစ်ကြိမ်တည်းနဲ့ အမြန်ဆုံးပြီးမြောက်စေပါတယ်
🔹လူနာအတွက်သက်သောင့်သက်သာရှိခြင်း
မျက်လုံးကို အပေါက်ဖောက်စရာမလိုတော့တဲ့အတွက် ခွဲစိတ်မှုဟာ ပိုမိုမြန်ဆန်ပြီး နာကျင်မှုမရှိ သက်သောင့်သက်သာပိုရှိစေပါတယ်

💡 ဘာကြောင့် EVO ICL ကို ရွေးချယ်သင့်သလဲ?
✔️နေ့ဘက်မှာတင်မကဘဲ ညဘက်မှာပါ အမြင်အာရုံ ကြည်လင်ပြတ်သားမှုကို ပေးစွမ်းနိုင်ပါတယ်
✔️LASIK နဲ့ မတူတာက မျက်ကြည်လွှာကို ပုံဖော်ပြုပြင်ခြင်း မရှိတဲ့အတွက် ခွဲစိတ်ပြီးနောက် မျက်စိခြောက်သွေ့တဲ့ဝေဒနာ မခံစားရပါဘူး
✔️ လိုအပ်လာပါက မျက်လုံးအတွင်းကနေ Lens ကိုပြန်လည်ထုတ်ယူနိုင် သလို အသစ်လဲလှယ်နိုင်တဲ့ စိတ်ချရတဲ့ နည်းပညာဖြစ်ပါတယ်
✔️ Lens ထဲမှာ ခရမ်းလွန်ရောင်ခြည် (UV) ကာကွယ်မှု ပါဝင်တာကြောင့် သင့်မျက်လုံးရဲ့ အတွင်းပိုင်းကို ကာကွယ်ပေးထားမှာပါ
✔️ မျက်ကြည်လွှာပါးလွန်းလို့ LASIK လုပ်လို့မရသူတွေအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်

🏥 ISEC Eye Centre Myanmar မှာ နောက်ဆုံးပေါ်နည်းပညာများ မျက်စိအထူးကုကျွမ်းကျင်ဆရာဝန်များနှင့် သေချာစစ်ဆေးပြီး သင့်မျက်လုံးနဲ့ ကိုက်ညီမယ့်နည်းလမ်းတွေကို ဆွေးနွေး‌ပေးတာကြောင့် ယုံကြည်စိတ်ချစွာ ကုသမှုခံယူနိုင်ပါတယ်…✨

Related Post

Eye Care Specialist

Book Appointment

Schedule your consultation with our experienced eye specialists today.

Medical Care Operator

09448282821