📱💻 တစ်နေ့တာလုံး ဖုန်းနဲ့ ကွန်ပျူတာကြည့်ပြီး သင့်မျက်ဝန်းလေးတွေ ပင်ပန်းနွမ်းနယ်နေပြီလား… ⁉
Published on 5th October, 2026
အလုပ်လုပ်ရင်း ဒါမှမဟုတ် ဖုန်းကြည့်ရင်းနဲ့ မျက်လုံးခြောက်တာ၊ မျက်ရိုးကိုက်တာ၊ မျက်စိကျိန်းပြီး နီရဲလာတာတွေကို ဂရုမစိုက်ဘဲ ထားမိနေပါသလား❗
💁ဒါဆိုရင်တော့…သင့်မျက်ဝန်းလေးတွေကို Spa လုပ်ပေးပြီး အနားပေးဖို့ လိုအပ်နေပါပြီ! 👁️
💆🏻♂️Eyelid Spa ဆိုတာ မျက်ဝန်းတစ်ဝိုက်က အကြောလေးတွေကို ညင်သာစွာ နှိပ်နယ်ပေးပြီး မျက်တောင်ရင်း မွေးညှင်းပေါက်ဝရှိ စုနေတဲ့ ဖုန်မှုန့်၊ အဆီနဲ့ အညစ်အကြေးများကို အထူးသန့်စင်ပေးသည့် Medical Treatment တစ်ခုဖြစ်ပါတယ်…
✨ Eyelid Spa ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ ~
✅ မျက်ရိုးကိုက်ခြင်း၊ မျက်လုံးညောင်းညာခြင်းများကို ချက်ချင်းသက်သာစေခြင်း
✅ မျက်လုံးခြောက်သွေ့မှုကို ကာကွယ်ပေးပြီး သဘာဝအတိုင်း စိုပြေကြည်လင်စေခြင်း
✅ မျက်တောင်ရင်းရှိအဆီဂလင်းများ ပိတ်ဆို့မှုကို သန့်စင်ပေးခြင်း
✅ မျက်ဝန်းတစ်ဝိုက် သွေးလည်ပတ်မှုကောင်းမွန်စေပြီး လန်းဆန်းတက်ကြွစေခြင်း
🕡 မိနစ် (၃၀) မျှသာ အချိန်ပေးရုံနဲ့ လန်းဆန်းကြည်လင်ပြီး ညှို့အားကောင်းတဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်နိုင်ဖို့ ISEC နိုင်ငံတကာမျက်စိအထူးကုဆေးရုံကြီး မှ Eyelid Spa Treatment ကို ရယူဖို့ဖိတ်ခေါ်လိုက်ပါတယ် 📩