
Eyes Disease in Rainy Season
Published on 5th October, 2023
မျက်စိနာရောဂါ အန္တရာယ်ကာကွယ်ကြမယ် ယခုလိုစိုထိုင်းဆ မြင့်မားတဲ့မိုးရာသီမှာ မျက်လုံးအတွင်း မျက်လုံးအိမ်ကို ဖုံးအုပ်ထားတဲ့ အဖြူရောင်အလွှာ conjunctiva နဲ့ မျက်ခွံအတွင်းပိုင်းများ နီမြန်း၊ ရောင်ရမ်းပြီး နာတာကို မျက်သားရောင် မျက်စိနာရောဂါ (Pink eye ) ဟုခေါ်ပါသည်။
ယခုလို မျက်လုံးများနီရဲပြီးရောင်ရမ်းနေခြင်းဟာ များသောအားဖြင့် ဘက်တီရီးယားများ၊ ဗိုင်းရပ်များအပြင်၊ မှို နှင့် ပြင်ပမှမသန့်ရှင်းသော ဖုန်မှုန့် တို့ကြောင့်လည်းဖြစ်တတ်ပါသည်။
မျက်စိနာရောဂါက အသက်အရွယ်မရွေး ဖြစ်တတ်ပြီး အလွန်ကူးစက်မြန်ပါသည်။
မျက်စိနာရောဂါ၏ အဖြစ်အများဆုံး ရောဂါလက္ခဏာများ ကတော့ ~မျက်လုံး ရဲ့အဖြူရောင်ရှိသည့် အပိုင်း များနီရဲနေခြင်း
မျက်ခွံမျက်သားများရောင်နေခြင်း
မျက်လုံးများ ယားယံခြင်း ၊ ပူခြင်း ၊ နာခြင်း
မျက်ဝတ်ပိုထွက်ခြင်:
မျက်ရည်ယိုခြင်း
မျက်လုံးအဖွင့်အပိတ်ခက်ခဲခြင်း
မျက်လုံးထဲ သဲဝင်နေသလို ကသိကအောက်ဖြစ်ခြင်း
စသည့်ရောဂါလက္ခဏာများဖြစ်နိုင်ပါသည်။တုတ်ကွေး virus ပိုးတမျိုးမျိုးကြောင့်မျက်သားရောင် မျက်စိနာရောဂါခံစားရပြီဆိုပါက အထက်ပါရောဂါလက္ခဏာများအပြင် ဖျားနာခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း အစရှိတဲ့ တုပ်ကွေးရောဂါလက္ခဏာများပါ ခံစားရနိုင်ပါသည်။
မျက်လုံးတဖက်ကနေစဖြစ်ပြီး တရက်နှစ်ရက်အတွင်း တခြားမျက်စိတစ်ဖက်ကို ကူးစက်သွားတတ်သလို အခြားလူများသို့လည်း အလွယ်တကူကူးဆက်နိုင်ပါသည်။
မျက်စိနာရောဂါခံစားနေရချိန်တွင် မျက်ကပ်မှန်အသုံးပြုသူဖြစ်ပါက၊ မျက်ကပ်မှန်အသုံးပြုခြင်းကို ခဏရပ်ထားရပါမည်။
မျက်စိနာရောဂါဟာ လက်ကနေတစ်ဆင့် ကူးစက်ပြန့်ပွားနိုင်ပါသည်။ သို့ဖြစ်ပါ၍ မျက်လုံးကို လက်ဖြင့် မပွတ် မိစေရန်သတိပြုရမည်။ ထို့သို့ပြုလုပ်ခြင်းသည် မျက်စိရောင်ခြင်းကိုပိုဆိုးစေတတ်သလို့ ကောင်းနေတဲ့မျက်စိတဖက်ကိုကူးစက်ဖို့ ပိုမိုလွယ်ကူစေပါသည်။
မျက်စိနာ မျက်သားရောင်ရောဂါအန္တရာယ်မှကာကွယ်ရန် မျက်လုံးမကိုင်တွယ်ခင်နှင့် ကိုင်တွယ်ပြီးတိုင်း တခြားအရာများနှင့် မထိတွေ့မှီ လက်ကိုဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာအောင်သေချာဆေးကြောပါ။
မျက်လုံးကို သန့်ရှင်းသော အဝတ် သို့မဟုတ် ဂွမ်း လုံးလေးများဖြင့် သေချာသုတ်ပေးပါ။ မိမိအသုံးအဆောင်ပစွည်းများကိုအခြားသူများအား မျှဝေသုံးစွဲခြင်းမပြုပါနှင့်။
မျက်စိနာရောဂါလက္ခဏာများခံစားရပါက နီးစပ်ရာဆေးခန်း၊ မျက်စိအထူးကုသမားတော်များနဲ့ပြသပါ။
မျက်စိနာခြင်းနှင့် အထွေထွေမျက်စိရောဂါများအတွက် ISEC မျက်စိအထူးကုဆေးရုံကြီးမှာ မျက်စိအထူးကုဆရာဝန်ကြီးတွေနဲ့ပြသပြီးလိုအပ်သောကုသမှု့များခံယူနိုင်ပါပြီ။
ဒါ့အပြင် ISEC မျက်စိဆေးရုံကြီးတွင် နယ်ဝေးမှသူများ၊ အိမ်အပြင်သွားလာရန်အခက်အခဲရှိသူများ၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်များ အတွက်လည်း online ရှိရုံဖြင့် မျက်စိအထူးကုဆရာဝန်ကြီးများနှင့် Teleconsultation ဖြင့်ကုသမှုခံယူနိုင်ပါပြီ။
အသေးစိတ်သိရှိလိုပါက~ISEC နိုင်ငံတကာမျက်စိဆေးရုံ
A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon,Myanmar.Tel:+95 1 386 800,
+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
isecmyanmar@gmail.com