Eyes Disease in Rainy Season
Blog Post

Eyes Disease in Rainy Season

Published on 5th October, 2023

မျက်စိနာရောဂါ အန္တရာယ်ကာကွယ်ကြမယ်
🔹ယခုလိုစိုထိုင်းဆ မြင့်မားတဲ့မိုးရာသီမှာ မျက်လုံးအတွင်း မျက်လုံးအိမ်ကို ဖုံးအုပ်ထားတဲ့ အဖြူရောင်အလွှာ conjunctiva နဲ့ မျက်ခွံအတွင်းပိုင်းများ နီမြန်း၊ ရောင်ရမ်းပြီး နာတာကို မျက်သားရောင် မျက်စိနာရောဂါ (Pink eye ) ဟုခေါ်ပါသည်။
🔹ယခုလို မျက်လုံးများနီရဲပြီးရောင်ရမ်းနေခြင်းဟာ များသောအားဖြင့် ဘက်တီရီးယားများ၊ ဗိုင်းရပ်များအပြင်၊ မှို နှင့် ပြင်ပမှမသန့်ရှင်းသော ဖုန်မှုန့် တို့ကြောင့်လည်းဖြစ်တတ်ပါသည်။
မျက်စိနာရောဂါက အသက်အရွယ်မရွေး ဖြစ်တတ်ပြီး အလွန်ကူးစက်မြန်ပါသည်။
မျက်စိနာရောဂါ၏ အဖြစ်အများဆုံး ရောဂါလက္ခဏာများ ကတော့ ~
☑️မျက်လုံး ရဲ့အဖြူရောင်ရှိသည့် အပိုင်း များနီရဲနေခြင်း
☑️မျက်ခွံမျက်သားများရောင်နေခြင်း
☑️မျက်လုံးများ ယားယံခြင်း ၊ ပူခြင်း ၊ နာခြင်း
☑️မျက်ဝတ်ပိုထွက်ခြင်:
☑️မျက်ရည်ယိုခြင်း
☑️မျက်လုံးအဖွင့်အပိတ်ခက်ခဲခြင်း
☑️မျက်လုံးထဲ သဲဝင်နေသလို ကသိကအောက်ဖြစ်ခြင်း
စသည့်ရောဂါလက္ခဏာများဖြစ်နိုင်ပါသည်။
🔹တုတ်ကွေး virus ပိုးတမျိုးမျိုးကြောင့်မျက်သားရောင် မျက်စိနာရောဂါခံစားရပြီဆိုပါက အထက်ပါရောဂါလက္ခဏာများအပြင် ဖျားနာခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း အစရှိတဲ့ တုပ်ကွေးရောဂါလက္ခဏာများပါ ခံစားရနိုင်ပါသည်။
🔹မျက်လုံးတဖက်ကနေစဖြစ်ပြီး တရက်နှစ်ရက်အတွင်း တခြားမျက်စိတစ်ဖက်ကို ကူးစက်သွားတတ်သလို အခြားလူများသို့လည်း အလွယ်တကူကူးဆက်နိုင်ပါသည်။
🔹မျက်စိနာရောဂါခံစားနေရချိန်တွင် မျက်ကပ်မှန်အသုံးပြုသူဖြစ်ပါက၊ မျက်ကပ်မှန်အသုံးပြုခြင်းကို ခဏရပ်ထားရပါမည်။
🔹မျက်စိနာရောဂါဟာ လက်ကနေတစ်ဆင့် ကူးစက်ပြန့်ပွားနိုင်ပါသည်။ သို့ဖြစ်ပါ၍ မျက်လုံးကို လက်ဖြင့် မပွတ် မိစေရန်သတိပြုရမည်။ ထို့သို့ပြုလုပ်ခြင်းသည် မျက်စိရောင်ခြင်းကိုပိုဆိုးစေတတ်သလို့ ကောင်းနေတဲ့မျက်စိတဖက်ကိုကူးစက်ဖို့ ပိုမိုလွယ်ကူစေပါသည်။
🔹မျက်စိနာ မျက်သားရောင်ရောဂါအန္တရာယ်မှကာကွယ်ရန် မျက်လုံးမကိုင်တွယ်ခင်နှင့် ကိုင်တွယ်ပြီးတိုင်း တခြားအရာများနှင့် မထိတွေ့မှီ လက်ကိုဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာအောင်သေချာဆေးကြောပါ။
🔹မျက်လုံးကို သန့်ရှင်းသော အဝတ် သို့မဟုတ် ဂွမ်း လုံးလေးများဖြင့် သေချာသုတ်ပေးပါ။ မိမိအသုံးအဆောင်ပစွည်းများကိုအခြားသူများအား မျှဝေသုံးစွဲခြင်းမပြုပါနှင့်။
🔹မျက်စိနာရောဂါလက္ခဏာများခံစားရပါက နီးစပ်ရာဆေးခန်း၊ မျက်စိအထူးကုသမားတော်များနဲ့ပြသပါ။
✨မျက်စိနာခြင်းနှင့် အထွေထွေမျက်စိရောဂါများအတွက် ISEC မျက်စိအထူးကုဆေးရုံကြီးမှာ မျက်စိအထူးကုဆရာဝန်ကြီးတွေနဲ့ပြသပြီးလိုအပ်သောကုသမှု့များခံယူနိုင်ပါပြီ။
✨ဒါ့အပြင် ISEC မျက်စိဆေးရုံကြီးတွင် နယ်ဝေးမှသူများ၊ အိမ်အပြင်သွားလာရန်အခက်အခဲရှိသူများ၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်များ အတွက်လည်း online ရှိရုံဖြင့် မျက်စိအထူးကုဆရာဝန်ကြီးများနှင့် Teleconsultation ဖြင့်ကုသမှုခံယူနိုင်ပါပြီ။
အသေးစိတ်သိရှိလိုပါက~
🏥ISEC နိုင်ငံတကာမျက်စိဆေးရုံ
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon,Myanmar.
☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 [email protected]

Share On

Warning: Array to string conversion in /www/wwwroot/isecmyanmar.com.mm/wp-content/themes/isecmyanmar/functions.php on line 415
Array

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821