မျက်စိစွေစောင်းခြင်းကြောင့်ယုံကြည်မှု မပျောက်စေဖို့ အခုပဲ ကုသမှုခံယူလိုက်ပါ!
Published on 15th December, 2025
မျက်စိစွေစောင်းခြင်းကြောင့်ယုံကြည်မှု မပျောက်စေဖို့ အခုပဲ ကုသမှုခံယူလိုက်ပါ! 💖
မျက်စိစွေစောင်းခြင်းဟာ မျက်စိကြွက်သားတွေ အားလျော့နည်းခြင်းကြောင့်ဖြစ်ပြီး အချိန်မီ မကုသရင် အမြင်အာရုံဆုံးရှုံးမှုထိဖြစ်နိုင်တယ်ဆိုတာ သိပါသလား? 😱
⁉ မျက်စိစွေစောင်းခြင်းဆိုတာ ဘာလဲ?
ပုံမှန်ဆိုရင် မျက်လုံးနှစ်ဖက်ရဲ့ သူငယ်အိမ်လေးတွေက ညီနေရမှာပါ။ ဒါပေမဲ့ မျက်စိစွေတဲ့အခါ…
မျက်လုံးသူငယ်အိမ်လေးတွေက တစ်ဖက်နဲ့တစ်ဖက် မညီဘဲ စောင်းနေတတ်ပါတယ်။ ဒါဟာ မျက်လုံးကို ထိန်းချုပ်ထားတဲ့ ကြွက်သား ၆ ခုရဲ့ အလုပ်လုပ်ပုံမမှန်လို့ စောင်းရွဲ့ နေတာပါ။ အတွင်းစွေ၊ အပြင်စွေ၊ အပေါ်စွေ၊ အောက်စွေ စသဖြင့် ပုံစံမျိုးစုံ ကွဲပြားနိုင်ပါတယ်။
⚠️ မျက်လုံးစွေရင် ဘာတွေ ခံစားရနိုင်လဲ?
❌အမြင်အာရုံမကောင်းခြင်း
❌အရာဝတ္တုတွေကိုကြည့်ရင် နှစ်ထပ် ဖြစ်နေတတ်ခြင်း
❌မျက်လုံးလှုပ်ရှားမှုကို ထိန်းချုပ်ဖို့ ခက်ခဲခြင်း
❌တစ်ခါတလေ ခေါင်းကို စောင်းပြီးကြည့် တတ်ခြင်း
✨ ကုသရင် ဘာတွေကောင်းလာမလဲ?
မျက်စိစွေတာကို အချိန်မီ ခွဲစိတ်ကုသပြီး မျက်လုံးသူငယ်အိမ်ကို ပြန်တည့်မတ်လိုက်ရင်…
✅အမြင်အာရုံတွေ သိသိသာသာ ပြန်ကောင်းလာမယ်
✅မျက်လုံးကို ပိုမိုလှုပ်ရှား ထိန်းချုပ်နိုင်လာမယ်
✅မျက်လုံးပုံစံကလည်း ပုံမှန်အတိုင်း လှပလာမယ်
✅သူငယ်ချင်းတွေနဲ့ ကစားတဲ့အခါ၊ စာသင်တဲ့အခါ၊ ဓါတ်ပုံရိုက်တဲ့အခါ ပိုပြီး ယုံကြည်မှုရှိလာမယ်
မျက်လုံးပုံမှန်မဟုတ်ဘဲ တစ်ခုခုခံစားရပြီဆိုတာနဲ့ မျက်စိဆရာဝန်နဲ့ အမြန်ဆုံး ပြသဆွေးနွေးဖို့ အရေးကြီးပါတယ်!
👨👩👧👦အဖိုးတန်လှတဲ့ သားသားမီးမီးတို့ရဲ့ အမြင်အာရုံအတွက် ISEC Myanmar မျက်စိအထူးကုဆေးရုံကြီးမှာ လာရောက် ဆွေးနွေးကုသလိုက်ပါနော်! 🌟
📞 09 44 82 82 82 1, 09 44 82 82 82 2, 09 45 82 82 133
🏥 A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🌐 www.isecmyanmar.com.mm