Published on 11th May, 2026
မျက်စိအတွင်းတိမ်နဲ့ ရေတိမ်ဟာ သတိမထားမိခင်မှာတင် သင့်အမြင်အာရုံကို တိတ်တဆိတ် ခိုးယူသွားနိုင်တယ်ပါတယ်👁️🗨️ ဒါကြောင့် မျက်စိကျန်းမာရေးအတွက် ကမ္ဘာ့အဆင့်မီကုသမှုနဲ့ နည်းပညာသစ်တွေကိုသိရှိနိုင်ဖို့ ISEC Myanmar က အထူးအခွင့်အရေးဖန်တီးပေးလိုက်ပါပြီ…🎊
📍 ဇွန်လ ၁ရက်နေ့မှာ မလေးရှားနိုင်ငံ ISEC မှ နာမည်ကျော်လူသိများပြီး ဝါရင့်မျက်စိအထူးကုဆရာဝန်ကြီး Dr. Tan Chai Keong ကိုယ်တိုင် မြန်မာနိုင်ငံသို့ လာရောက်ပြီး…
✅ Glaucoma (ရေတိမ်) နှင့် အခြားမျက်စိရောဂါများအကြောင်း နောက်ဆုံးပေါ် ကုသမှုနည်းပညာများအား အခမဲ့ ဗဟုသုတမျှဝေပေးခြင်း
✅ မိမိမျက်စိအခြေအနေနှင့်ပတ်သက်ပြီး သိလိုသမျှကိုဆရာဝန်ကြီးနှင့်တိုက်ရိုက်မေးမြန်းနိုင်ခြင်း စတဲ့ Q&A Session တွေပြုလုပ်ပေးသွားမှာဖြစ်ပါတယ်…
👨⚕️ Dr. Tan Chai Keong သည် မလေးရှားနိုင်ငံ ISEC Mid Valley မှရေတိမ်ရောဂါနှင့် ဝါရင့်မျက်စိအထူးကုဆရာဝန်ကြီးတစ်ဦး ဖြစ်ပါသည်။ Dr.Tan သည် စင်ကာပူနိုင်ငံ၏ နာမည်ကြီး National University Hospital တွင် ရေတိမ်ရောဂါဆိုင်ရာအထူးကုပညာရပ် (Glaucoma Fellowship) ကိုလေ့လာဆည်းပူးခဲ့ပြီး နိုင်ငံတကာအဆင့်မီ လက်တွေ့အတွေ့အကြုံများကို ပိုင်ဆိုင်ထားသူဖြစ်သည်။
🎓 Universiti Sains Malaysia မှ မျက်စိပညာမဟာသိပ္ပံဘွဲ့ (Master of Medicine in Ophthalmology) ရရှိထားသည့် Dr. Tan သည် ရေတိမ်ရောဂါကုသမှုနှင့် ခေတ်မီမျက်စိခွဲစိတ်မှု နည်းပညာရပ်များတွင် ထိပ်တန်းမှဦးဆောင်နေသူလည်း ဖြစ်ပါသည်။
💁 Dr.Tan ၏အထူးပြုဘာသာရပ် နှင့် တိုင်ပင်ကုသနိုင်သောမျက်စိရောဂါများမှာ ~
✔ ရေတိမ်နှင့်ပတ်သတ်သောရောဂါရှာဖွေခြင်းများ နှင့် ခွဲစိတ်မှုများ (Glaucoma Management/ Surgery)
✔ အတွင်းတိမ်ကြောင့်ဖြစ်လာသော ရေတိမ်ရောဂါများအတွက် ခွဲစိတ်မှုများ (Glaucoma-related Cataract Surgery)
✔ ရှုပ်ထွေးသော အတွင်းတိမ်ရောဂါ ခွဲစိတ်မှုများ (Complicated Cataract Surgery)
✔ ရေတိမ်ရောဂါအမျိုးမျိုးအတွက် နောက်ဆုံးပေါ်ကုသနည်းများ(MP3, GDD, MIGS)
✔ မျက်စိပါဝါဖျောက်ချင်သူများအတွက် နောက်ဆုံးပေါ် ICL ထည့်သွင်းခြင်းများ
💙 ဘာသာစကားနှင့် ဝန်ဆောင်မှု
Dr. Tan သည် English, Mandarin, Bahasa Malaysia, Hakka, and Cantonese ဘာသာစကားများကို ကျွမ်းကျင်စွာပြောဆိုနိုင်ပါသည်။ Dr. Tan ၏ အဓိကရည်မှန်းချက်မှာ မတူကွဲပြားသောလူမှုအသိုင်းအဝိုင်းမှ လူနာများအားလုံးကို နွေးထွေးပျူငှာစွာဖြင့် ကမ္ဘာ့အဆင့်မီမျက်စိကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရန်ဖြစ်ပါသည်။
စိတ်ဝင်စားလို့တက်ရောက်ချင်တယ်ဆိုရင်တော့ အခုပဲ Messenger ကနေဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ စာရင်းပေးသွင်းထားလိုက်တော့နော်😉
⚠️ နေရာကန့်သတ်ထားသဖြင့် အမြန်ဆုံးစာရင်းပေးသွင်းရန် လိုအပ်ပါသည်။