ရေတိမ်ရောဂါသည် ကုသမှုနောက်ကျပါက အမြင်အာရုံ လုံးဝကွယ်ပျောက်သည်အထိ ဖြစ်စေနိုင်သောကြောင့် “အမြင်အာရုံကို တိတ်တဆိတ်ခိုးယူသူ” ဟု တင်စားခေါ်ဝေါ်ကြပါတယ်👀
Blog Post

ရေတိမ်ရောဂါသည် ကုသမှုနောက်ကျပါက အမြင်အာရုံ လုံးဝကွယ်ပျောက်သည်အထိ ဖြစ်စေနိုင်သောကြောင့် “အမြင်အာရုံကို တိတ်တဆိတ်ခိုးယူသူ” ဟု တင်စားခေါ်ဝေါ်ကြပါတယ်👀

Published on 23rd June, 2026

🏥 ISEC Eye Centre Myanmar တွင် ကမ္ဘာ့အဆင့်မီ နည်းပညာ၊ ခေတ်မီစစ်ဆေးမှု ကိရိယာများနှင့် ရေတိမ်အထူးကုဆရာဝန်ကြီးများက ရေတိမ်အမျိုးအစားအလိုက် ထိရောက်သော ကုသမှုများကို ဆောင်ရွက်ပေးနေပါတယ်…💁

ထိုကုသမှုများထဲမှ ခေတ်မီနောက်ဆုံးပေါ် ရေတိမ်ခွဲစိတ်ကုသမှု နည်းလမ်းများဖြစ်သည့် MIGS နှင့် GDD အကြောင်းကို ရှင်းပြပေးလိုက်ပါတယ် ~
1⃣ MIGS (Minimally Invasive Glaucoma Surgery) ရေတိမ်ခွဲစိတ်မှုနည်းလမ်း
👉 MIGS ဆိုသည်မှာ မျက်လုံးအတွင်းပိုင်းဒဏ်ရာရရှိမှုနှင့် ထိခိုက်မှုကို အနည်းဆုံးဖြစ်အောင် ခေတ်မီသေးငယ်သော ကိရိယာတစ်မျိုးကို အသုံးပြု၍ အရည်ထွက်ပေါက်ကို ပြန်လည်ပွင့်စေသည့် ခွဲစိတ်မှုစနစ် ဖြစ်ပါတယ်။ မျက်လုံးအတွင်းရှိ ပိတ်ဆို့နေသော အရည်စီးဆင်းရာ လမ်းကြောင်းတွင် အလွန်သေးငယ်သော (Stent/Micro-shunt) ပြွန်လေးများကို ထည့်သွင်းပေးခြင်းဖြင့် မျက်လုံးအတွင်း ဖိအား (Intraocular Pressure – IOP) ကို ကျဆင်းစေပါတယ်။

🔷 အားသာချက်များ:
✔️ခွဲစိတ်ဒဏ်ရာ အလွန်သေးငယ်ပြီး အနာကျက်မြန်ခြင်း။
✔️ခွဲစိတ်ချိန်တိုပြီး ဘေးထွက်ဆိုးကျိုး နည်းပါးခြင်း။
✔️မျက်စိအတွင်းတိမ် ခွဲစိတ်မှုနှင့် တစ်ပြိုင်တည်း တွဲဖက်ခွဲစိတ်နိုင်ခြင်း။
✔️ခွဲစိတ်ပြီးနောက် ရေတိမ်မျက်စဉ်းခတ်ရမည့် အကြိမ်ရေ သို့မဟုတ် ပမာဏကို သိသိသာသာ လျှော့ချပေးနိုင်ခြင်း။

💁 ရေတိမ်အခြေအနေ အစောပိုင်း သို့မဟုတ် အလတ်စားအဆင့်ရှိသူများနှင့် မျက်စဉ်းပုံမှန်ခတ်ရန် အခက်အခဲရှိသူများအတွက် အလွန်သင့်တော်ပါတယ်။

2⃣ GDD (Glaucoma Drainage Device) ရေတိမ်ခွဲစိတ်မှုနည်းလမ်း
👉 GDD ကုသမှုသည် ပုံမှန်ခွဲစိတ်မှုများ သို့မဟုတ် မျက်စဉ်းဆေးများဖြင့် မျက်လုံးဖိအားကို ထိန်းချုပ်ရန် ခက်ခဲသော ပြင်းထန်/ရှုပ်ထွေးသည့် ရေတိမ်ဝေဒနာရှင်များအတွက် အသုံးပြုသည့် ထိရောက်သော နည်းလမ်းဖြစ်ပါတယ်။ မျက်လုံးအတွင်းမှ ပိုလျှံနေသော အရည်များကို အပြင်သို့ စီးဆင်းထုတ်လုပ်ပေးနိုင်ရန် အထူးပြုလုပ်ထားသည့် အသေးစား မျက်လုံးအရည်ထုတ်ပြွန်လေးကို မျက်လုံးအတွင်း ထည့်သွင်းပေးခြင်း ဖြစ်ပါတယ်။

🔷 အားသာချက်များ:
✔️ပြင်းထန်ပြီး ထိန်းချုပ်ရခက်ခဲသော ရေတိမ်များတွင် မျက်လုံးဖိအားကို ရေရှည်တည်ငြိမ်အောင် ကောင်းမွန်စွာ ထိန်းချုပ်ပေးနိုင်ခြင်း။
✔️ယခင် ရေတိမ်ခွဲစိတ်မှု မအောင်မြင်ခဲ့သော လူနာများ သို့မဟုတ် ဒုတိယအဆင့် ရေတိမ်ဝေဒနာရှင်များအတွက် စိတ်ချရသော ကုသမှု ဖြစ်ခြင်း။

💁 ရေတိမ်အခြေအနေ အဆင့်မြင့်ပြီး ပြင်းထန်သူများနှင့် အခြားသော ရေတိမ်ကုသမှုများဖြင့် အဆင်မပြေဖြစ်နေသူများအတွက် သင့်တော်ပါတယ်။

💡 မိမိနှင့် မည်သည့်ကုသမှုနည်းလမ်းက သင့်တော်သလဲ?
👉 ရေတိမ်ရောဂါသည် လူနာတစ်ဦးနှင့်တစ်ဦး ဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် အဆင့် မတူညီနိုင်ပါ။ ထို့ကြောင့် မိမိမျက်စိနှင့် ကိုက်ညီပြီး အထိရောက်ဆုံးဖြစ်မည့် ကုသမှုပုံစံကို သိရှိနိုင်ရန် ခေတ်မီရောဂါရှာဖွေရေး စက်ကိရိယာများဖြင့် သေချာစွာစစ်ဆေးပြီး ISEC Myanmar ရှိ ရေတိမ်အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေး ကုသမှုခံယူရန် အကြံပြုလိုပါတယ်..

Related Post

Eye Care Specialist

Book Appointment

Schedule your consultation with our experienced eye specialists today.

Medical Care Operator

09448282821