သင်မြင်နေရတဲ့မြင်ကွင်းက တဖြည်းဖြည်း ကျဉ်းမြောင်းနေပါသလား❗
Blog Post

သင်မြင်နေရတဲ့မြင်ကွင်းက တဖြည်းဖြည်း ကျဉ်းမြောင်းနေပါသလား❗

Published on 9th October, 2026

ဖုန်းကြည့်တဲ့အခါ သို့မဟုတ် လမ်းလျှောက်တဲ့အခါမျိုးမှာ ဘေးပတ်ပတ်လည်ကမြင်ကွင်းတွေက အရင်လို မရှင်းလင်းတော့ဘဲ ကျဉ်းသွားသလို ခံစားနေရပြီလား❔

⚠️ဒါဟာ ရိုးရိုးမျက်စိမှုန်တာ မဟုတ်ဘဲ “ရေတိမ်ရောဂါ” ရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်နိုင်ပါတယ်…ရေတိမ်ဟာ တကယ့်ကို ကြောက်စရာကောင်းတဲ့ “တိတ်တဆိတ် အမြင်အာရုံခိုးယူသူ” ပါ။ ဘာကြောင့်လဲဆိုတော့ အမြင်အာရုံ ၄၀% လောက် ဆုံးရှုံးသွားတဲ့အခြေနေအထိ ဘာရောဂါလက္ခဏာမှမပြဘဲ တဖြည်းဖြည်းချင်း ဝါးသွားစေတတ်လို့ပါ…💢

ဆုံးရှုံးသွားတဲ့ အမြင်အာရုံကို ပြန်ရဖို့ ခက်ခဲပေမယ့်၊ ကြိုတင်သိရှိရင်တော့ ပိုဆိုးမသွားအောင်တားဆီးလို့ ရပါတယ်💁

ဘယ်လိုလူမျိုးတွေက ပိုပြီးသတိထားသင့်လဲ🤔❓

🎂 အသက် ၄၀ ကျော်သူများ : အသက်အရွယ်ရလာတာနဲ့အမျှ မျက်စိအတွင်းဖိအားပြောင်းလဲနိုင်လို့ အထူးသတိထားဖို့လိုပါတယ်
👨‍👩‍👧‍👦 မိသားစုထဲတွင် ရေတိမ်ရာဇဝင်ရှိသူများ : မိသားစုမျိုးရိုးထဲမှာ ရေတိမ်ရှိရင် သင့်မှာဖြစ်နိုင်ခြေ ပိုများပါတယ်။ ချစ်ရသူတွေအတွက်ပါ ပုံမှန်စစ်ဆေးပေးဖို့လိုပါတယ်
📈 မျက်စိအတွင်းဖိအားများသူများ : မျက်လုံးထဲမှာအရည်ဖိအားများတာဟာ အမြင်အာရုံကြောကို တိုက်ရိုက်ထိခိုက်စေနိုင်တဲ့ အဓိကအချက်ပါ
😷 ရောဂါအခံရှိသူများ : ဆီးချိုရောဂါ သို့မဟုတ် သွေးတိုးရောဂါ အခံရှိသူတွေဟာ သာမန်ထက် ရေတိမ်ဖြစ်ဖို့ အခွင့်အရေး ပိုများပါတယ်

အမြင်အာရုံဆုံးရှုံးသွားမှ နောင်တရတာထက် စောစောစီးစီး စစ်ဆေးတာက အကောင်းဆုံး ကုသမှုပါ 👁️‍🗨️ISEC Myanmar မှာ ခေတ်မီတဲ့ နည်းပညာတွေ ကျွမ်းကျင်အထူးကုဆရာဝန်တွေနဲ့ သင့်အမြင်အာရုံအခြေအနေကို အသေးစိတ်စစ်ဆေးနိုင်ပါတယ်။ ရက်ချိန်းရယူရန် 👇

Related Post

Eye Care Specialist

Book Appointment

Schedule your consultation with our experienced eye specialists today.

Medical Care Operator

09448282821