အသံတိတ်အမြင်အာရုံကို ခိုးယူသွားနိုင်တဲ့ “မျက်စိရေတိမ်” အကြောင်း သိပြီးပြီလား
Blog Post

အသံတိတ်အမြင်အာရုံကို ခိုးယူသွားနိုင်တဲ့ “မျက်စိရေတိမ်” အကြောင်း သိပြီးပြီလား

Published on 6th January, 2026

အသံတိတ်အမြင်အာရုံကို ခိုးယူသွားနိုင်တဲ့ “မျက်စိရေတိမ်” အကြောင်း သိပြီးပြီလား⁉👁️

“ရေတိမ်ရောဂါ” ဆိုတာ တကယ်တော့ အစောပိုင်းမှာ ဘာလက္ခဏာမှမပြဘဲ အမြင်အာရုံကို ဖြည်းဖြည်းချင်း ထိခိုက်စေတတ်တာကြောင့် အသံတိတ် အမြင်အာရုံခိုးယူသူ “Silent Thief of Sight” လို့တောင် တင်စားကြပါတယ်။ အမြင်အာရုံ ပုံမှန်မဟုတ်၊ ဝါးလာတဲ့အချိန်မှာ ကုသဖို့ နောက်ကျနေတတ်တာမျိုး မဖြစ်ရအောင် ကြိုတင်ကာကွယ်ဖို့က အရေးကြီးဆုံးပါပဲ။

အထူးသဖြင့် အသက် ၄၀ ကျော်လာသူတွေ၊ မိသားစုထဲမှာ ရေတိမ်ရောဂါရှိသူတွေနဲ့ ဆီးချိုရောဂါရှိသူတွေဆိုရင် ပုံမှန်မျက်စိစစ်ဆေးပေးဖို့ ပိုပြီး လိုအပ်ပါတယ်။ ISEC Myanmar မှာမျက်စိနဲ့ပတ်သတ်တဲ့ ရောဂါရှာဖွေမှု၊ ကုသမှုနဲ့ ခွဲစိတ်မှုတွေအကုန်လုံး တစ်နေရာတည်းမှာ ရရှိနိုင်တဲ့အတွက် သင့်ရဲ့ အမြင်အာရုံကို ရေရှည်ကာကွယ်နိုင်ဖို့ အမြဲအသင့်ရှိနေပါတယ်နော်။

ဒါကြောင့် အချိန်နောက်မကျခင်… မိမိနဲ့ မိမိချစ်ခင်ရသူတွေရဲ့ မျက်စိကျန်းမာရေးအတွက် အချိန်ပေးပြီး စစ်ဆေးကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်…

Related Post

Eye Care Specialist

Book Appointment

Schedule your consultation with our experienced eye specialists today.

Medical Care Operator

09448282821