Halloween and Eyes Care
Blog Post

Halloween and Eyes Care

Published on 31st October, 2023

🎃 Halloween နှင့် မျက်စိကျန်းမာရေး 👁️
အောက်တိုဘာလထဲမှာ လူကြီးလူငယ်မရွေးပျော်ပါးလို့ရမယ့် Halloween Party ပွဲရှိတာ အားလုံးသိကြတယ်ဟုတ်။
ပျော်ကြတဲ့အခါမှာ အပျော်ကနေ အပျက်မဖြစ်စေဖို့ ISEC Myanmar ကနေ မျက်စိကျန်းမာရေးနဲ့ပတ်သတ်ပြီး ဆောင်ရန်ရှောင်ရန်အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။
အထူးသဖြင့် လူငယ်တွေက Halloween Themes အတိုင်း ကြောင်၊ဖုတ်ကောင်၊သရဲပုံစံ စတဲ့ ကြောက်စရာကောင်းတဲ့ ဇာတ်ကောင်ရုပ်သွင်တွေကို ဝတ်စားပြင်ဆင်ပြီးတော့ ပုံဖော်လေ့ရှိကြပါတယ်။ 👻


ဆေးညွှန်းမပါတဲ့ မျက်ကပ်မှန်ဝတ်စုံတွေက မျက်လုံးကို ဆိုးရွားပျက်စီးစေနိုင်တဲ့အပြင်
👉 မျက်လုံးပိုးဝင်ခြင်း
👉 မျက်ကြည်လွှာတွေ ထိခိုက်ခြင်း
👉 မျက်ကြည်လွှာနာခြင်း စတဲ့ အန္တရာယ်တွေ ဖြစ်စေနိုင်ပါတယ်။
ဒါ့အပြင် ရုပ်သွင်ပုံပေါ်စေဖို့ မျက်နှာအပြည့် မိတ်ကပ်အထူလိမ်းထားတဲ့အတွက်ကြောင့် အရေးပြားနဲ့ မျက်လုံးယားယံခြင်းကနေ ကာကွယ်ရန် အိပ်ယာမဝင်မှီ သေချာပြန်လည်ဖယ်ရှားဖို့ လိုပါတယ်။
နောက်ပြီး ကလေးတွေပျော်ပါးဆော့ကစားတဲ့အခါမှာ မျက်လုံးမထိခိုက်စေဖို့ မတော်တဆမှုတွေမဖြစ်အောင်လည်း သတိပြုသင့်ပါတယ်။ 💀


Halloween ညမှာ မျက်စိကျန်းမာရေးအတွက် သင့်လျော်တဲ့ ဗီတာမင်စီ၊ ဗီတာမင် A နဲ့ အခြားအာဟာရဓာတ်တွေ ပါဝင်တဲ့ အသီးအရွက်တွေစားဖို့လည်း မမေ့နဲ့နော်။
📞 သင်၏ အဖိုးထိုက်တန်လှသော အမြင်အာရုံနှင့် ပတ်သက်သော ဝေဒနာအမျိုးမျိုးအတွက် ISEC မျက်စိအထူးကုဆေးရုံကြီးမှာ လာရောက်ဆွေးနွေးကုသလိုက်ပါ။
အသေးစိတ်သိရှိလိုပါက~
🏥 ISEC နိုင်ငံတကာမျက်စိဆေးရုံ
A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥 ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon,Myanmar.
☎️ Tel:+95 1 386 800,+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
[email protected]

Share On

Warning: Array to string conversion in /www/wwwroot/isecmyanmar.com.mm/wp-content/themes/isecmyanmar/functions.php on line 415
Array

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821