📣 ချစ်ရတဲ့ မိဘဘိုးဘွားတွေရဲ့ အိုမင်းခြင်းမရှိတဲ့ အပြုံးတွေအတွက်… ဂျပန်အဆင့်မြင့် IOL နဲ့ အတွင်းတိမ်ခွဲစိတ်ပေးပြီး ၁၀ သိန်းကျပ်လျော့စျေးရယူပါ✨👵👴
Events & Promotions

📣 ချစ်ရတဲ့ မိဘဘိုးဘွားတွေရဲ့ အိုမင်းခြင်းမရှိတဲ့ အပြုံးတွေအတွက်… ဂျပန်အဆင့်မြင့် IOL နဲ့ အတွင်းတိမ်ခွဲစိတ်ပေးပြီး ၁၀ သိန်းကျပ်လျော့စျေးရယူပါ✨👵👴

Published on 31st August, 2026

အတွင်းတိမ်ခွဲစိတ်ဖို့ လိုအပ်နေတဲ့ လူကြီး မိဘတွေအတွက် အတွင်းတိမ်ခွဲစိတ်ပေးဖို့ စိတ်ချရတဲ့ Lens အမျိုးအစားကို ရှာဖွေနေပါသလား❓
ISEC Eye Centre မှာ စက်တင်ဘာလ အထူးပရိုမိုးရှင်းအနေနဲ့ ကမ္ဘာ့အဆင့်မီ ဂျပန်နည်းပညာသုံး HOYA Intraocular Lenses (IOLs) ကိုအသုံးပြုပြီး အတွင်းတိမ်ကုသမှုခံယူမည့် မိဘပြည်သူများအတွက် ၁၀ သိန်းကျပ်အထူးလျော့စျေးအစီအစဥ် ပြုလုပ်ပေးထားပါတယ်😍
🇯🇵 HOYA IOL ရဲ့အားသာချက်များ ~
👁️ ကြည်လင်ပြတ်သားသော အမြင်ရရှိခြင်း
အလင်းပြန်မှုကိုလျှော့ချပေးပြီး နေ့ရောညပါ သဘာဝအတိုင်း အလွန်ကြည်လင်ပြတ်သားသော အမြင်အာရုံကို ပေးစွမ်းနိုင်ပါတယ်
🔆 မျက်လုံးကို ကာကွယ်ပေးခြင်း
နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည် (UV) နှင့် ဖုန်း၊ ကွန်ပျူတာတို့မှ ထွက်သော အပြာရောင်အလင်းတန်း (Blue Light) များကို ကာကွယ်ပေးပါတယ်
📈 ရေရှည်စိတ်ချရမှုရှိခြင်း
ခွဲစိတ်ပြီးနောက် မျက်လုံးအတွင်း Lens ရွေ့လျားမှုမရှိဘဲ ရေရှည်တည်ငြိမ်စွာ တည်ရှိနိုင်ပါတယ်
💢 နောက်ဆက်တွဲပြဿနာ နည်းပါးခြင်း
ခွဲစိတ်ပြီးနောက်ပိုင်း မှုန်ဝါးခြင်း (Posterior Capsular Opacification) ဖြစ်ပွားနိုင်ခြေကို အနည်းဆုံးဖြစ်အောင် ပြုလုပ်ထားပါတယ်
ချစ်ရတဲ့ မိဘဘိုးဘွားတွေရဲ့ အိုမင်းခြင်းမရှိတဲ့အပြုံးတွေကို ကြည်လင်ပြတ်သားစွာ ပြန်လည်မြင်တွေ့နိုင်ဖို့ ဒီနေ့ပဲ ISEC Eye Centre မှာ ရက်ချိန်းရယူလိုက်ပါ📩

Related Post

Eye Care Specialist

Book Appointment

Schedule your consultation with our experienced eye specialists today.

Medical Care Operator

09448282821