👓❌မျက်မှန်ကင်းစင်ဖို့ ICL ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ❔
Blog Post

👓❌မျက်မှန်ကင်းစင်ဖို့ ICL ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ❔

Published on 15th May, 2026

❗ မျက်မှန်တပ်ရတာငြီးငွေ့နေပြီလား? LASIK လုပ်မယ်ဆိုတော့လည်း မျက်ကြည်လွှာပါးလို့ စိတ်ပူနေတယ်ဆိုရင်တော့… ICL က သင့်အတွက်အကောင်းဆုံးအဖြေပါပဲ💁

🌟မျက်ကြည်လွှာကို ထိခိုက်မှုမရှိဘဲ ကြည်လင်တဲ့အမြင်အာရုံကိုပြန်လည်ပိုင်ဆိုင်နိုင်ဖို့ ICL ရဲ့ အကျိုးကျေးဇူးတွေကို အတူတူကြည့်လိုက်ရအောင် 🔽

✅မျက်ကြည်လွှာကို လုံးဝ ထိခိုက်မှုမရှိခြင်း
💁‍♀️ LASIK နဲ့ မတူတဲ့အချက်က ICL ဟာ မျက်ကြည်လွှာကို လေဆာနဲ့ ပုံဖော်စရာမလိုပါဘူး။ မျက်လုံးအတွင်းပိုင်းမှာ အလွန်သေးငယ်တဲ့ Lens လေးတစ်ခု ထည့်သွင်းပေးလိုက်တာ ဖြစ်တဲ့အတွက် သင့်ရဲ့ သဘာဝမျက်ကြည်လွှာ ပုံစံအတိုင်း ရှိနေမှာပါ။ ဒါကြောင့် မျက်လုံးရဲ့ သဘာဝဖွဲ့စည်းပုံကို မပြောင်းလဲချင်သူတွေအတွက် ရွေးချယ်နိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။

✅ မျက်ကြည်လွှာပါးသူများအတွက် သင့်တော်ခြင်း
💁‍♀️ မျက်မှန်ပါဝါအရမ်းများသူတွေ ဒါမှမဟုတ် မျက်ကြည်လွှာအရမ်းပါးလို့ LASIK လုပ်လို့မရဘူးလို့ အငြင်းခံထားရသူတွေအတွက် ICL က အခြားရွေးချယ်စရာတစ်ခုပါ။ မျက်ကြည်လွှာကို ထိခိုက်မှုမရှိစေတဲ့အတွက် မျက်ကြည်လွှာအထူးအပါးမရွေး ပြုလုပ်နိုင်ပါတယ်။

✅ ထည့်ထားတဲ့မှန်ကို ပြန်လည်ထုတ်ယူနိုင်ခြင်း
💁‍♀️ ICL ရဲ့ အားသာဆုံးအချက်က “Reversible” ဖြစ်တာပါ။ တကယ်လို့ နောင်တစ်ချိန်မှာ အခြားမျက်စိခွဲစိတ်မှုတွေ လုပ်ဖို့လိုအပ်လာရင်ပဲဖြစ်ဖြစ်၊ တစ်ခုခုကြောင့် ပြန်ထုတ်ချင်ရင်ပဲဖြစ်ဖြစ် မျက်လုံးထဲကနေ အလွယ်တကူ ပြန်ထုတ်လို့ရပါတယ်။

✨တစ်နည်းအားဖြင့် ICL ဆိုတာ LASIK နဲ့ မတူဘဲ ကိုယ့်ရဲ့ သဘာဝမျက်ကြည်လွှာကိုမထိခိုက်စေဘဲ အမြင်အာရုံကို ပြန်လည်ပြုပြင်ပေးနိုင်တဲ့ အဆင့်မြင့်နည်းပညာတစ်ခုဖြစ်ပါတယ်။ မျက်ကြည်လွှာပါးလို့ပဲဖြစ်ဖြစ်၊ ပါဝါအရမ်းများလို့ပဲဖြစ်ဖြစ် စိတ်ညစ်နေရသူတွေအတွက် စိတ်ချရဆုံးနဲ့ အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါ😉

🤩 သင်ဟာ မျက်မှန်ဒုက္ခကနေ လုံးဝကင်းဝေးပြီး ကြည်လင်ပြတ်သားတဲ့ကမ္ဘာသစ်ကို ယုံကြည်မှုရှိရှိနဲ့ ပိုင်ဆိုင်ချင်ရင်တော့ ISEC Myanmar မှာ ICL နဲ့ ပတ်သက်ပြီး လာရောက်ဆွေးနွေးတိုင်ပင်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ….

Related Post

Eye Care Specialist

Book Appointment

Schedule your consultation with our experienced eye specialists today.

Medical Care Operator

09448282821