မျက်မှန်ကင်းစင်ဖို့ ICL ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ❔
Published on 4th June, 2026
👓❌မျက်မှန်ကင်းစင်ဖို့ ICL ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ❔
❗ မျက်မှန်တပ်ရတာငြီးငွေ့နေပြီလား? LASIK လုပ်မယ်ဆိုတော့လည်း မျက်ကြည်လွှာပါးလို့ စိတ်ပူနေတယ်ဆိုရင်တော့… ICL က သင့်အတွက်အကောင်းဆုံးအဖြေပါပဲ💁
🌟မျက်ကြည်လွှာကို ထိခိုက်မှုမရှိဘဲ ကြည်လင်တဲ့အမြင်အာရုံကိုပြန်လည်ပိုင်ဆိုင်နိုင်ဖို့ ICL ရဲ့ အကျိုးကျေးဇူးတွေကို အတူတူကြည့်လိုက်ရအောင် 🔽
✅မျက်ကြည်လွှာကို လုံးဝ ထိခိုက်မှုမရှိခြင်း
💁♀️ LASIK နဲ့ မတူတဲ့အချက်က ICL ဟာ မျက်ကြည်လွှာကို လေဆာနဲ့ ပုံဖော်စရာမလိုပါဘူး။ မျက်လုံးအတွင်းပိုင်းမှာ အလွန်သေးငယ်တဲ့ Lens လေးတစ်ခု ထည့်သွင်းပေးလိုက်တာ ဖြစ်တဲ့အတွက် သင့်ရဲ့ သဘာဝမျက်ကြည်လွှာ ပုံစံအတိုင်း ရှိနေမှာပါ။ ဒါကြောင့် မျက်လုံးရဲ့ သဘာဝဖွဲ့စည်းပုံကို မပြောင်းလဲချင်သူတွေအတွက် ရွေးချယ်နိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။
✅ မျက်ကြည်လွှာပါးသူများအတွက် သင့်တော်ခြင်း
💁♀️ မျက်မှန်ပါဝါအရမ်းများသူတွေ ဒါမှမဟုတ် မျက်ကြည်လွှာအရမ်းပါးလို့ LASIK လုပ်လို့မရဘူးလို့ အငြင်းခံထားရသူတွေအတွက် ICL က အခြားရွေးချယ်စရာတစ်ခုပါ။ မျက်ကြည်လွှာကို ထိခိုက်မှုမရှိစေတဲ့အတွက် မျက်ကြည်လွှာအထူးအပါးမရွေး ပြုလုပ်နိုင်ပါတယ်။
✅ ထည့်ထားတဲ့မှန်ကို ပြန်လည်ထုတ်ယူနိုင်ခြင်း
💁♀️ ICL ရဲ့ အားသာဆုံးအချက်က “Reversible” ဖြစ်တာပါ။ တကယ်လို့ နောင်တစ်ချိန်မှာ အခြားမျက်စိခွဲစိတ်မှုတွေ လုပ်ဖို့လိုအပ်လာရင်ပဲဖြစ်ဖြစ်၊ တစ်ခုခုကြောင့် ပြန်ထုတ်ချင်ရင်ပဲဖြစ်ဖြစ် မျက်လုံးထဲကနေ အလွယ်တကူ ပြန်ထုတ်လို့ရပါတယ်။
✨တစ်နည်းအားဖြင့် ICL ဆိုတာ LASIK နဲ့ မတူဘဲ ကိုယ့်ရဲ့ သဘာဝမျက်ကြည်လွှာကိုမထိခိုက်စေဘဲ အမြင်အာရုံကို ပြန်လည်ပြုပြင်ပေးနိုင်တဲ့ အဆင့်မြင့်နည်းပညာတစ်ခုဖြစ်ပါတယ်။ မျက်ကြည်လွှာပါးလို့ပဲဖြစ်ဖြစ်၊ ပါဝါအရမ်းများလို့ပဲဖြစ်ဖြစ် စိတ်ညစ်နေရသူတွေအတွက် စိတ်ချရဆုံးနဲ့ အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါ😉
🤩 သင်ဟာ မျက်မှန်ဒုက္ခကနေ လုံးဝကင်းဝေးပြီး ကြည်လင်ပြတ်သားတဲ့ကမ္ဘာသစ်ကို ယုံကြည်မှုရှိရှိနဲ့ ပိုင်ဆိုင်ချင်ရင်တော့ ISEC Myanmar မှာ ICL နဲ့ ပတ်သက်ပြီး လာရောက်ဆွေးနွေးတိုင်ပင်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ….
📞 09 44 82 82 82 1, 09 44 82 82 82 2, 09 45 82 82 133
🏥 A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း City Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။